5G ကွန်ရက်ပင် မတွင်ကျယ်သေးသော်လည်း LG က 6G ကို သုတေသနပြုနေပြီ

5G ကွန်ရက်ပင် မတွင်ကျယ်သေးသော်လည်း LG က 6G ကို သုတေသနပြုနေပြီ

5G ကွန်ရက်တွေ ဖြန့်ကြက်လိုက်တာနဲ့ တပြိုင်နက် သုံးစွဲသူတွေက သူတို့ရဲ့ လက်ကိုင်ဖုန်းတွေကို ဝယ်ကြလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ထိပ်တန်း စမတ်ဖုန်းထုတ်လုပ်သူ အများစုက 5G ကိရိယာတွေကို ပွဲထုတ်ဖို့ မဲတင်းနေတဲ့အချိန်မှာပဲ 6G ကို စတင်သုတေသနပြုနေခဲ့တဲ့ စမတ်ဖုန်းအမှတ်တံဆိပ်ကတော့ LG ပါပဲ။

ဒီ တောင်ကိုရီးယား စမတ်ဖုန်းကုမ္ပဏီက 6G ကွန်ရက် နည်းပညာအတွက် တောင်ကိုရီးယားရဲ့ ဒေးဂျုံက ယူဆောင်းရပ်ကွက်ထဲမှာ သုတေသနစင်တာတစ်ခု ထူထောင်ထားတယ်လို့ ကြေညာခဲ့ပါတယ်။

ဒါပေမယ့်လည်း ဒါဟာ LG က 6G ကွန်ရက်ကို ထောက်ပံ့နိုင်တဲ့ စမတ်ဖုန်းကို ထုတ်လုပ်နေပြီဆိုတဲ့ အဓိပ္ပာယ်တော့ မဟုတ်ပါဘူး။ဒါပေမယ့်လည်း ဈေးကွက်မှာတော့ LG က နှာတစ်ဖျားဦးနေတယ်လို့ ပြောရမှာပါ။ကုမ္ပဏီဟာ 6G အတွက် ကိုရီးယား အဆင့်မြင့်သိပ္ပံနဲ့ နည်းပညာ အင်စတီကျုနဲ့ ပူးပေါင်းအကောင်အထည်ဖော်နေပါတယ်။

“ကျနော်တို့ဟာ 6G သုတေသနစင်တာကို ထူထောင်ပြီး ကမ္ဘာ့စံနှုန်းစနစ်ကို ဦးဆောင်ဖို့ရယ်၊ စီးပွားရေးအခွင့်အလမ်းသစ်တွေ ဖန်တီးနိုင်ဖို့ရယ်အတွက် နောက်မျိုးဆက် မိုဘိုင်းဆက်သွယ်ရေး နည်းပညာကို သုတေသနလုပ်သွားမှာပါ” လို့ LG ELECTORNICES ရဲ့ နည်းပညာအရာရှိချုပ် ပက်အီယန်း က ပြောကြားခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ LG ဟာ ၎င်းရဲ့ ပထမဆုံး 5G စမတ်ဖုန်းကို ဈေးကွက်ထဲမှာ ချပြဖို့ စိုင်းပြင်းနေပါတယ်။စပိန်နိုင်ငံ ဘာစီလိုနာမှာ ကျင်းပမယ့် MWC 2019 ကွန်ဖရင့်မှာ 5G စမတ်ဖုန်းကို ပွဲထုတ်သွားမယ်လို့ ကြေညာထားခဲ့တာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် တောင်ကိုရီးယားနည်းပညာကုမ္ပဏီက ကိုရီးယား၊ မြောက်အမေရိကနဲ့ ဥရောပက အဓိက မိုဘိုင်းအော်ပရေတာတွေနဲ့လည်း ဆွေးနွေးနေပြီလို့ ပြောကြားခဲ့ပါတယ်။အဲဒီအထဲက တချို့နိုင်ငံတွေဟာ အနှေးနဲ့အမြန်ဆိုသလို 5G ဝန်ဆောင်မှုကို အသုံးပြုနိုင်ကြတော့မှာပဲ ဖြစ်ပါတယ်။၂၀၁၉ ခုနှစ်ရဲ့ ပထမနှစ်ဝက်ထဲမှာ အမေရိကန် အခြေစိုက် တယ်လီကွန်းဘီလူးကြီး Sprint ကို ၎င်းရဲ့ 5G စမတ်ဖုန်းတွေကို ထောက်ပံ့သွားမှာ ဖြစ်တယ်လို့လည်း ကုမ္ပဏီက ပြီးခဲ့တဲ့နှစ်က ပြောကြားခဲ့ပါတယ်။

LG ကတော့ 5G ကွန်ရက်ကို ထောက်ပံ့တဲ့ စမတ်ဖုန်းဟာ Quallcommm Snapdragon 855 ပရိုဆက်ဆာနဲ့ မောင်းနှင်မှာဖြစ်ပြီး အပူကို အလွယ်တကူ ပျံံ့လွင့်သွားအောင် Vapor Chamber လည်း ပါဝင်မှာဖြစ်တယ်လို့ ပြောကြားပါတယ်။

ဒေတာတွေကို 5G ကွန်ရက်ပေါ် ဖမ်းယူပို့ဆောင်တဲ့နေရာမှာ 5G စမတ်ဖုန်းတွေဟာ ဘတ္ထရီအစားမြန်လို့ ဘတ္ထရီစွမ်းရည်ကိုလည်း 4000mAh အထိ တိုးမြှင့်ထားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Mobile Network Tech
Ref : Gadgets Now
ဇန်နဝါရီ - ၃၀

( Zawgyi )

5G ကြန္ရက္ေတြ ျဖန႔္ၾကက္လိုက္တာနဲ႔ တၿပိဳင္နက္ သုံးစြဲသူေတြက သူတို႔ရဲ႕ လက္ကိုင္ဖုန္းေတြကို ဝယ္ၾကလိမ့္မယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္နဲ႔ ထိပ္တန္း စမတ္ဖုန္းထုတ္လုပ္သူ အမ်ားစုက 5G ကိရိယာေတြကို ပြဲထုတ္ဖို႔ မဲတင္းေနတဲ့အခ်ိန္မွာပဲ 6G ကို စတင္သုေတသနျပဳေနခဲ့တဲ့ စမတ္ဖုန္းအမွတ္တံဆိပ္ကေတာ့ LG ပါပဲ။

ဒီ ေတာင္ကိုရီးယား စမတ္ဖုန္းကုမၸဏီက 6G ကြန္ရက္ နည္းပညာအတြက္ ေတာင္ကိုရီးယားရဲ႕ ေဒးဂ်ဳံက ယူေဆာင္းရပ္ကြက္ထဲမွာ သုေတသနစင္တာတစ္ခု ထူေထာင္ထားတယ္လို႔ ေၾကညာခဲ့ပါတယ္။

ဒါေပမယ့္လည္း ဒါဟာ LG က 6G ကြန္ရက္ကို ေထာက္ပံ့ႏိုင္တဲ့ စမတ္ဖုန္းကို ထုတ္လုပ္ေနၿပီဆိုတဲ့ အဓိပၸာယ္ေတာ့ မဟုတ္ပါဘူး။ဒါေပမယ့္လည္း ေဈးကြက္မွာေတာ့ LG က ႏွာတစ္ဖ်ားဦးေနတယ္လို႔ ေျပာရမွာပါ။ကုမၸဏီဟာ 6G အတြက္ ကိုရီးယား အဆင့္ျမင့္သိပၸံနဲ႔ နည္းပညာ အင္စတီက်ဳနဲ႔ ပူးေပါင္းအေကာင္အထည္ေဖာ္ေနပါတယ္။

“က်ေနာ္တို႔ဟာ 6G သုေတသနစင္တာကို ထူေထာင္ၿပီး ကမာၻ႔စံႏႈန္းစနစ္ကို ဦးေဆာင္ဖို႔ရယ္၊ စီးပြားေရးအခြင့္အလမ္းသစ္ေတြ ဖန္တီးႏိုင္ဖို႔ရယ္အတြက္ ေနာက္မ်ိဳးဆက္ မိုဘိုင္းဆက္သြယ္ေရး နည္းပညာကို သုေတသနလုပ္သြားမွာပါ” လို႔ LG ELECTORNICES ရဲ႕ နည္းပညာအရာရွိခ်ဳပ္ ပက္အီယန္း က ေျပာၾကားခဲ့ပါတယ္။

တစ္ခ်ိန္တည္းမွာပဲ LG ဟာ ၎ရဲ႕ ပထမဆုံး 5G စမတ္ဖုန္းကို ေဈးကြက္ထဲမွာ ခ်ျပဖို႔ စိုင္းျပင္းေနပါတယ္။စပိန္ႏိုင္ငံ ဘာစီလိုနာမွာ က်င္းပမယ့္ MWC 2019 ကြန္ဖရင့္မွာ 5G စမတ္ဖုန္းကို ပြဲထုတ္သြားမယ္လို႔ ေၾကညာထားခဲ့တာပဲ ျဖစ္ပါတယ္။

ဒါ့အျပင္ ေတာင္ကိုရီးယားနည္းပညာကုမၸဏီက ကိုရီးယား၊ ေျမာက္အေမရိကနဲ႔ ဥေရာပက အဓိက မိုဘိုင္းေအာ္ပေရတာေတြနဲ႔လည္း ေဆြးေႏြးေနၿပီလို႔ ေျပာၾကားခဲ့ပါတယ္။အဲဒီအထဲက တခ်ိဳ႕ႏိုင္ငံေတြဟာ အေႏွးနဲ႔အျမန္ဆိုသလို 5G ဝန္ေဆာင္မႈကို အသုံးျပဳႏိုင္ၾကေတာ့မွာပဲ ျဖစ္ပါတယ္။၂၀၁၉ ခုႏွစ္ရဲ႕ ပထမႏွစ္ဝက္ထဲမွာ အေမရိကန္ အေျခစိုက္ တယ္လီကြန္းဘီလူးႀကီး Sprint ကို ၎ရဲ႕ 5G စမတ္ဖုန္းေတြကို ေထာက္ပံ့သြားမွာ ျဖစ္တယ္လို႔လည္း ကုမၸဏီက ၿပီးခဲ့တဲ့ႏွစ္က ေျပာၾကားခဲ့ပါတယ္။

LG ကေတာ့ 5G ကြန္ရက္ကို ေထာက္ပံ့တဲ့ စမတ္ဖုန္းဟာ Quallcommm Snapdragon 855 ပ႐ိုဆက္ဆာနဲ႔ ေမာင္းႏွင္မွာျဖစ္ၿပီး အပူကို အလြယ္တကူ ပ်ံံ့လြင့္သြားေအာင္ Vapor Chamber လည္း ပါဝင္မွာျဖစ္တယ္လို႔ ေျပာၾကားပါတယ္။

ေဒတာေတြကို 5G ကြန္ရက္ေပၚ ဖမ္းယူပို႔ေဆာင္တဲ့ေနရာမွာ 5G စမတ္ဖုန္းေတြဟာ ဘတၳရီအစားျမန္လို႔ ဘတၳရီစြမ္းရည္ကိုလည္း 4000mAh အထိ တိုးျမႇင့္ထားမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။

Mobile Network Tech
Ref : Gadgets Now
ဇန္နဝါရီ - ၃၀