【 အနုပညာ 】“စည်း”သီချင်းရဲ့ စာသားအချို့ Copy ယူထားတယ်လို့ ဝေဖန်မှုအပေါ်ဖြေရှင်းစရာ မရှိဘူး ဆိုတဲ့ တေးသံရှင် G Fatt

【  အနုပညာ  】“စည်း”သီချင်းရဲ့ စာသားအချို့ Copy ယူထားတယ်လို့ ဝေဖန်မှုအပေါ်ဖြေရှင်းစရာ မရှိဘူး ဆိုတဲ့ တေးသံရှင် G Fatt

ကျန်းမာရေးဆိုင်ရာ ပညာပေးသီချင်းဖြစ်တဲ့ “စည်း”လို့နာမည်ရတဲ့ သီချင်းနဲ့ ပတ်သက်ပြီး စာသားတချို့ဟာ Copy ယူထားတယ်လို့ ဝေဖန်မှုတွေရှိလာတဲ့အပေါ် ဖြေရှင်းပြောကြားစရာသိပ်မရှိဘူးလို့ တေးသံရှင် G Fatt က ပြောပါတယ်။

အဆိုပါ “စည်း”သီချင်းကို ၎င်းက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ လှူဒါန်းခဲ့ပြီး COVID 19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျောင်းသားလူငယ်တွေကို  အဓိကထားကာ ပညာပေးထားတဲ့ သီချင်းလည်း ဖြစ်သလို လူငယ်တွေရဲ့ကြားမှာ နှစ်သက်စရာဖြစ်ခဲ့တဲ့ သီချင်းမျိုးလည်း ဖြစ်လာခဲ့ပါတယ်။

 “အဲ့ဒီကိစ္စအတွက် ကျွန်တော့်မှာ ပြောစရာစကားတွေအများကြီး သိပ်မရှိပါဘူး၊ ဘာလို့လဲဆိုတော့ ကျွန်တော်က ကိုယ့်အလုပ် ကိုယ်သာလုပ်ပါတယ်၊ လက်ဆေးတာတို့၊ ခြောက်ပေကွာတာတို့က ပြည်သူလူထုအနေနဲ့က သိပြီးသား ကိစ္စတွေပဲလေ၊ ဒီဟာကတော့ ကျောင်းသားလူငယ်တွေအတွက် သီးသန့်ဖြစ်တယ်၊ ကိုယ်တက်ရောက်ခဲ့တဲ့ စာပေဟောပြောပွဲတွေ၊ ကိုယ်ဖတ်ခဲ့တဲ့စာအုပ်တွေ၊ ကိုယ်သိမြင်ခဲ့တဲ့အသိတွေ အတွေ့အကြုံတွေနဲ့ ကလေးတွေ စိတ်ဝင်စားအောင် ပစ်ရတဲ့သီချင်းမျိုးဖြစ်တဲ့အတွက် ကျွန်တော်သုံးခဲ့တဲ့စကားလုံးတွေ အဲ့ဒီအရာတွေပေါ်မှာ ကိုယ့်ခံယူချက်က သန့်ရှင်းပြီးသားဖြစ်တဲ့အတွက် အဲ့ဒီဟာအပေါ် ဘာမှကို အများကြီးလည်း ပြောစရာသိပ်မရှိပါဘူးခင်ဗျာ”လို့ ၎င်းက ရှင်းပြပါတယ်။

ထိုကိစ္စနဲ့ပတ်သက်လို့ ဝေဖန်မှုတွေအပေါ် သူ့ရဲ့အမာခံပရိသတ်တွေနဲ့ ဝေဖန်လာသူတွေကြားမှာ အချေတင် ပြောဆိုတာတွေရှိပေမယ့် သူ့အနေနဲ့ မေတ္တာထားဖို့ကိုသာ သူ့ပရိသတ်တွေကို မှာကြားလေ့ရှိတယ်လို့ သိရပါတယ်။

“ကျွန်တော့်ကိုယ်စား မခံနိုင်လို့ ပြောကြဆိုကြတာတွေရှိပေမယ့် ကျွန်တော်က ရန်ဖြစ်ရတာတွေ ပြဿနာတက်ရတာတွေကို သိပ်မကြိုက်ဘူး၊ သူတို့ကတော့ ကျွန်တော့်ဘက် ကနေ ရပ်တည်ပြီးတော့ ဖြစ်ရတာရှိတယ်၊ ကျွန်တော်ကတော့ အားလုံးမေတ္တာထားဖို့ပဲ ပြောပါတယ်၊ ဒီလိုအခြေအနေမျိုးမှာ ဒီလို သီချင်းပေါ့၊ ကိုယ့်ဘက်က တတ်နိုင်တာ သီချင်းပဲရှိတယ်လေ၊ သီချင်းနဲ့ ဝင်လှူရတဲ့အတွက် ဒီကရတဲ့ ကုသိုလ်လည်း ဝမ်းသာပါတယ်၊ ဂုဏ်လည်းယူပါတယ်၊ ကျွန်တော့်ရဲ့ သီချင်းကို အသိအမှတ်ပြုလက်ခံပေးတဲ့ ပရိသတ်တွေရော ဝန်ကြီးဌာနလူကြီးတွေကိုရော အရမ်းပဲ ကျေးဇူး တင်ပါတယ်”လို့ ၎င်းက ဆက်လက်ရှင်းပြ ပါတယ်။

လက်ရှိကာလမှာ သူ့အနေနဲ့ အလုပ်များစွာရှုပ်နေတဲ့ကာလလည်း ဖြစ်နေပြီး COVID ပြီးတဲ့အခါ အခွေထွက်နိုင်ဖို့ လုပ်နေသလို ဂီတနဲ့ပတ်သက်တဲ့ တခြားအလုပ်ကလေးတွေကိုလည်း လုပ်ဖို့အတွက် စီစဉ်နေ တာတွေရှိတာကြောင့် အလုပ်တွေရှုပ်နေတဲ့ကာလလည်း ဖြစ်တယ်လို့ သိရပါတယ်။

 မင်းခေတ်လင်း

(ဓာတ်ပုံ- ကိုနိုင် NG)

ရန်ကုန်၊ ဒီဇင်ဘာ ၇

 

(  Zawgyi  )

 

 က်န္းမာေရးဆိုင္ရာ ပညာေပးသီခ်င္းျဖစ္တဲ့ “စည္း”လို႔နာမည္ရတဲ့ သီခ်င္းနဲ႔ ပတ္သက္ၿပီး စာသားတခ်ိဳ႕ဟာ Copy ယူထားတယ္လို႔ ေဝဖန္မႈေတြရွိလာတဲ့အေပၚ ေျဖရွင္းေျပာၾကားစရာသိပ္မရွိဘူးလို႔ ေတးသံရွင္ G Fatt က ေျပာပါတယ္။

အဆိုပါ “စည္း”သီခ်င္းကို ၎က က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနသို႔ လႉဒါန္းခဲ့ၿပီး COVID 19 ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ ေက်ာင္းသားလူငယ္ေတြကို  အဓိကထားကာ ပညာေပးထားတဲ့ သီခ်င္းလည္း ျဖစ္သလို လူငယ္ေတြရဲ႕ၾကားမွာ ႏွစ္သက္စရာျဖစ္ခဲ့တဲ့ သီခ်င္းမ်ိဳးလည္း ျဖစ္လာခဲ့ပါတယ္။

 “အဲ့ဒီကိစၥအတြက္ ကြၽန္ေတာ့္မွာ ေျပာစရာစကားေတြအမ်ားႀကီး သိပ္မရွိပါဘူး၊ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္က ကိုယ့္အလုပ္ ကိုယ္သာလုပ္ပါတယ္၊ လက္ေဆးတာတို႔၊ ေျခာက္ေပကြာတာတို႔က ျပည္သူလူထုအေနနဲ႔က သိၿပီးသား ကိစၥေတြပဲေလ၊ ဒီဟာကေတာ့ ေက်ာင္းသားလူငယ္ေတြအတြက္ သီးသန႔္ျဖစ္တယ္၊ ကိုယ္တက္ေရာက္ခဲ့တဲ့ စာေပေဟာေျပာပြဲေတြ၊ ကိုယ္ဖတ္ခဲ့တဲ့စာအုပ္ေတြ၊ ကိုယ္သိျမင္ခဲ့တဲ့အသိေတြ အေတြ႕အႀကဳံေတြနဲ႔ ကေလးေတြ စိတ္ဝင္စားေအာင္ ပစ္ရတဲ့သီခ်င္းမ်ိဳးျဖစ္တဲ့အတြက္ ကြၽန္ေတာ္သုံးခဲ့တဲ့စကားလုံးေတြ အဲ့ဒီအရာေတြေပၚမွာ ကိုယ့္ခံယူခ်က္က သန႔္ရွင္းၿပီးသားျဖစ္တဲ့အတြက္ အဲ့ဒီဟာအေပၚ ဘာမွကို အမ်ားႀကီးလည္း ေျပာစရာသိပ္မရွိပါဘူးခင္ဗ်ာ”လို႔ ၎က ရွင္းျပပါတယ္။

ထိုကိစၥနဲ႔ပတ္သက္လို႔ ေဝဖန္မႈေတြအေပၚ သူ႔ရဲ႕အမာခံပရိသတ္ေတြနဲ႔ ေဝဖန္လာသူေတြၾကားမွာ အေခ်တင္ ေျပာဆိုတာေတြရွိေပမယ့္ သူ႔အေနနဲ႔ ေမတၱာထားဖို႔ကိုသာ သူ႔ပရိသတ္ေတြကို မွာၾကားေလ့ရွိတယ္လို႔ သိရပါတယ္။

“ကြၽန္ေတာ့္ကိုယ္စား မခံႏိုင္လို႔ ေျပာၾကဆိုၾကတာေတြရွိေပမယ့္ ကြၽန္ေတာ္က ရန္ျဖစ္ရတာေတြ ျပႆနာတက္ရတာေတြကို သိပ္မႀကိဳက္ဘူး၊ သူတို႔ကေတာ့ ကြၽန္ေတာ့္ဘက္ ကေန ရပ္တည္ၿပီးေတာ့ ျဖစ္ရတာရွိတယ္၊ ကြၽန္ေတာ္ကေတာ့ အားလုံးေမတၱာထားဖို႔ပဲ ေျပာပါတယ္၊ ဒီလိုအေျခအေနမ်ိဳးမွာ ဒီလို သီခ်င္းေပါ့၊ ကိုယ့္ဘက္က တတ္ႏိုင္တာ သီခ်င္းပဲရွိတယ္ေလ၊ သီခ်င္းနဲ႔ ဝင္လႉရတဲ့အတြက္ ဒီကရတဲ့ ကုသိုလ္လည္း ဝမ္းသာပါတယ္၊ ဂုဏ္လည္းယူပါတယ္၊ ကြၽန္ေတာ့္ရဲ႕ သီခ်င္းကို အသိအမွတ္ျပဳလက္ခံေပးတဲ့ ပရိသတ္ေတြေရာ ဝန္ႀကီးဌာနလူႀကီးေတြကိုေရာ အရမ္းပဲ ေက်းဇူး တင္ပါတယ္”လို႔ ၎က ဆက္လက္ရွင္းျပ ပါတယ္။

လက္ရွိကာလမွာ သူ႔အေနနဲ႔ အလုပ္မ်ားစြာရႈပ္ေနတဲ့ကာလလည္း ျဖစ္ေနၿပီး COVID ၿပီးတဲ့အခါ အေခြထြက္ႏိုင္ဖို႔ လုပ္ေနသလို ဂီတနဲ႔ပတ္သက္တဲ့ တျခားအလုပ္ကေလးေတြကိုလည္း လုပ္ဖို႔အတြက္ စီစဥ္ေန တာေတြရွိတာေၾကာင့္ အလုပ္ေတြရႈပ္ေနတဲ့ကာလလည္း ျဖစ္တယ္လို႔ သိရပါတယ္။

 မင္းေခတ္လင္း

(ဓာတ္ပုံ- ကိုႏိုင္ NG)

ရန္ကုန္၊ ဒီဇင္ဘာ ၇