【 အနုပညာ သတင်း 】အမေဖြစ်သူအတွက် မျှော်မှန်းထားတဲ့အိပ်မက်တွေ ပြည့်သင့်သလောက်ဖြစ်လာပြီဆိုတဲ့ သရုပ်ဆောင် လီလီကျော်ခိုင်

【 အနုပညာ သတင်း  】အမေဖြစ်သူအတွက် မျှော်မှန်းထားတဲ့အိပ်မက်တွေ ပြည့်သင့်သလောက်ဖြစ်လာပြီဆိုတဲ့ သရုပ်ဆောင် လီလီကျော်ခိုင်

သရုပ်ဆောင်လီလီကျော်ခိုင်ဟာ သူမရဲ့မိခင်အတွက် လုပ်ဆောင်ပေးဖို့မျှော်မှန်းထားတဲ့ အိပ်မက်တွေ ပြည့်သင့် သလောက်ဖြစ်လာပြီလို့ ပြောပါတယ်။

လက်ရှိမှာ သူမဟာ ဇာတ်ကားများစွာလည်းရိုက်ကူးခဲ့ရသလို COVID ကာလထဲ အနုပညာအလုပ်တွေ နားနေစဉ် တတ်နိုင်သလောက် စီးပွားရေးအတွက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“အဓိကကတော့ လီလီ စီးပွားရေးလုပ်ရတာကို ကြိုက်တယ်၊ ငယ်ငယ်က မေမေဆိုရင် လီလီကို အမြဲတမ်းမေးတယ်၊ ဘာဖြစ်ချင်လဲ ဘာလုပ်ချင်လဲဆိုတော့ စီးပွားရေးလုပ်ချင်တယ်လို့ အမြဲတမ်းဖြေတယ်၊ ငွေရှာမယ် မေမေ့ကို ချမ်းချမ်းသာသာ ထားချင်တဲ့စိတ်က အမြဲတမ်းရှိတယ်၊ ငယ်ငယ်လေး ကတည်းကပေါ့၊ အခုလီလီ အနုပညာ လုပ်တယ်၊ COVID ကြောင့် နားရတဲ့အချိန်မှာ လီလီ စဉ်းစားတယ်၊ လုပ်ဖြစ်တယ်၊ လုပ်ချင်တဲ့အရာလေးတွေ တတ်နိုင်တာလေးတွေ ထပ်လုပ်ဖို့ရှိတယ်၊ အခုလည်း စီစဉ်နေတာ နှစ်ခုလောက်ရှိတယ်၊ မေမေ့ကို ထားချင်တဲ့ ရည်မှန်းချက်အိပ်မက်က ပြည့်သင့်သလောက်ပြည့်ပြီ၊ လီလီ အများကြီးကြိုးစားထားတယ်၊ အခုဆိုရင် ငါးနှစ်ပြည့်ခဲ့ပြီပေါ့နော်၊ လီလီ လုပ်ချင်တာတွေလည်း မေမေက လုပ်ခွင့်ပေးတယ်၊ ကြိုးစားဖို့လည်း အားပေးတယ်၊ တစ်ခါတလေ ရိုက်ကွင်းတွေဆိုရင် ညသန်းခေါင်လောက်မှ ပြန်လာရတဲ့ဟာမျိုးတွေရှိတယ်၊ အဲ့ဒါမျိုးတွေကိုလည်း မေမေကလက်ခံပေးတယ်၊ နားလည်ပေးတယ်လေ”လို့ သူမက ရှင်းပြပါတယ်။

သူမဟာ Broken မိသားစုဘဝနဲ့ နေထိုင်ကြီးပြင်းလာရပေမယ့် ဘဝတူ Broken မိသားစုတွေ၊ အားငယ်နေသူ တွေကိုလည်း အမြဲတမ်းအားပေးစကားဆိုခဲ့သလို သူမကိုယ်တိုင်လည်း စိတ်ဓာတ်ကြံ့ခိုင်မှုရှိအောင် နေထိုင် ကြိုးစားရင်း ဘဝအခက်အခဲတွေကိုကျော်ဖြတ်ကာ ဦးတည်ရာကိုလုပ်ဆောင်နေကြောင်း၊ လက်ရှိမှာလည်း ပရိသတ်တွေအခိုင်အမာအားပေးမှုရနေသူတစ်ဦးလည်း ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။ “Broken ဖြစ်နေကြတာ၊ အနှစ် ၂၀ လည်း ကျော်ခဲ့ပြီ၊ Broken ဖြစ်တဲ့ ကလေးတွေရဲ့ဘဝကို ကိုယ်ချင်းစာမိတယ်၊ စိတ်အားမြှင့်တင်ပေးခဲ့တယ်၊ ဒါကလည်း ကိုယ်ရွေးချယ်တာမဟုတ်ဘူးလေ၊ သူ့ဟာသူဖြစ်တဲ့ကိစ္စကြီး တစ်ခုအပေါ်မှာ ကိုယ်ဘယ်လိုဖြတ်သန်းမလဲဆိုတာ အရေးကြီးပါတယ်၊ ဒီဟာက ကိုယ်ရွေးချယ်ခဲ့တာလည်း မဟုတ်ဘူးလေ၊ ရှောင်လွှဲလို့မရဘဲကြုံတဲ့ဟာမျိုး၊ ဘဝကိုဘယ်လိုကြိုးစားရမလဲ၊ ဘဝကိုဘယ်လိုရုန်းကန်ရမလဲ၊ ငါဘယ်လို နံပါတ်တစ်ဖြစ်အောင်နေမလဲဆိုတဲ့ အတွေးပဲ ဝင်တော့တယ်၊ ကိုယ့်ရဲ့အောင်မြင်မှုကဘာလဲ ကိုယ်ကဘာဖြစ်ချင်တာလဲ အဲ့ဒီခေါင်းစဉ်ကိုမြဲမြဲကိုင်ထားပြီး လုပ်သင့်တယ်ဆိုတာတွေကိုလည်း သူများတွေကို အားပေးစကားပြောတယ်၊ ကိုယ်တိုင်လည်း ကိုယ်ဘယ်လိုသေသွားမလဲ၊ ကိုယ်ဘယ်လိုမိသားစုကို တည်ထောင်မလဲ၊ အဲ့ဒီလိုဦးတည်ချက်ခေါင်းစဉ်တွေနဲ့ ကြိုးစားပါတယ်”လို့ သူမက ဆက်လက် ရှင်းပြပါတယ်။

မကြာသေးခင်ကလည်း သူမအသုံးပြုဖို့ဝယ်ထားတဲ့ iPhone လေးကို အွန်လိုင်းမှာတင်လိုက်တဲ့အခါ လာမေးသူတွေများလာတာကြောင့် စင်ကာပူက အစ်မဖြစ်သူရဲ့အကူအညီနဲ့ ဖုန်းရောင်းတာကိုလည်း လုပ်ကိုင်ခဲ့သလို ဝင်ငွေရမယ့်စီးပွားရေးအလုပ်ကလေးတွေကို စီစဉ်နေတာတွေလည်းရှိသေးတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
(ဓာတ်ပုံ- ကိုနိုင် NG)
ရန်ကုန်၊ ဒီဇင်ဘာ ၃

 

(  Zawgyi  )

 

 သ႐ုပ္ေဆာင္လီလီေက်ာ္ခိုင္ဟာ သူမရဲ႕မိခင္အတြက္ လုပ္ေဆာင္ေပးဖို႔ေမွ်ာ္မွန္းထားတဲ့ အိပ္မက္ေတြ ျပည့္သင့္ သေလာက္ျဖစ္လာၿပီလို႔ ေျပာပါတယ္။

လက္ရွိမွာ သူမဟာ ဇာတ္ကားမ်ားစြာလည္း႐ိုက္ကူးခဲ့ရသလို COVID ကာလထဲ အႏုပညာအလုပ္ေတြ နားေနစဥ္ တတ္ႏိုင္သေလာက္ စီးပြားေရးအတြက္ လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

“အဓိကကေတာ့ လီလီ စီးပြားေရးလုပ္ရတာကို ႀကိဳက္တယ္၊ ငယ္ငယ္က ေမေမဆိုရင္ လီလီကို အၿမဲတမ္းေမးတယ္၊ ဘာျဖစ္ခ်င္လဲ ဘာလုပ္ခ်င္လဲဆိုေတာ့ စီးပြားေရးလုပ္ခ်င္တယ္လို႔ အၿမဲတမ္းေျဖတယ္၊ ေငြရွာမယ္ ေမေမ့ကို ခ်မ္းခ်မ္းသာသာ ထားခ်င္တဲ့စိတ္က အၿမဲတမ္းရွိတယ္၊ ငယ္ငယ္ေလး ကတည္းကေပါ့၊ အခုလီလီ အႏုပညာ လုပ္တယ္၊ COVID ေၾကာင့္ နားရတဲ့အခ်ိန္မွာ လီလီ စဥ္းစားတယ္၊ လုပ္ျဖစ္တယ္၊ လုပ္ခ်င္တဲ့အရာေလးေတြ တတ္ႏိုင္တာေလးေတြ ထပ္လုပ္ဖို႔ရွိတယ္၊ အခုလည္း စီစဥ္ေနတာ ႏွစ္ခုေလာက္ရွိတယ္၊ ေမေမ့ကို ထားခ်င္တဲ့ ရည္မွန္းခ်က္အိပ္မက္က ျပည့္သင့္သေလာက္ျပည့္ၿပီ၊ လီလီ အမ်ားႀကီးႀကိဳးစားထားတယ္၊ အခုဆိုရင္ ငါးႏွစ္ျပည့္ခဲ့ၿပီေပါ့ေနာ္၊ လီလီ လုပ္ခ်င္တာေတြလည္း ေမေမက လုပ္ခြင့္ေပးတယ္၊ ႀကိဳးစားဖို႔လည္း အားေပးတယ္၊ တစ္ခါတေလ ႐ိုက္ကြင္းေတြဆိုရင္ ညသန္းေခါင္ေလာက္မွ ျပန္လာရတဲ့ဟာမ်ိဳးေတြရွိတယ္၊ အဲ့ဒါမ်ိဳးေတြကိုလည္း ေမေမကလက္ခံေပးတယ္၊ နားလည္ေပးတယ္ေလ”လို႔ သူမက ရွင္းျပပါတယ္။

သူမဟာ Broken မိသားစုဘဝနဲ႔ ေနထိုင္ႀကီးျပင္းလာရေပမယ့္ ဘဝတူ Broken မိသားစုေတြ၊ အားငယ္ေနသူ ေတြကိုလည္း အၿမဲတမ္းအားေပးစကားဆိုခဲ့သလို သူမကိုယ္တိုင္လည္း စိတ္ဓာတ္ႀကံ့ခိုင္မႈရွိေအာင္ ေနထိုင္ ႀကိဳးစားရင္း ဘဝအခက္အခဲေတြကိုေက်ာ္ျဖတ္ကာ ဦးတည္ရာကိုလုပ္ေဆာင္ေနေၾကာင္း၊ လက္ရွိမွာလည္း ပရိသတ္ေတြအခိုင္အမာအားေပးမႈရေနသူတစ္ဦးလည္း ျဖစ္လာခဲ့တယ္လို႔ သိရပါတယ္။ “Broken ျဖစ္ေနၾကတာ၊ အႏွစ္ ၂၀ လည္း ေက်ာ္ခဲ့ၿပီ၊ Broken ျဖစ္တဲ့ ကေလးေတြရဲ႕ဘဝကို ကိုယ္ခ်င္းစာမိတယ္၊ စိတ္အားျမႇင့္တင္ေပးခဲ့တယ္၊ ဒါကလည္း ကိုယ္ေ႐ြးခ်ယ္တာမဟုတ္ဘူးေလ၊ သူ႔ဟာသူျဖစ္တဲ့ကိစၥႀကီး တစ္ခုအေပၚမွာ ကိုယ္ဘယ္လိုျဖတ္သန္းမလဲဆိုတာ အေရးႀကီးပါတယ္၊ ဒီဟာက ကိုယ္ေ႐ြးခ်ယ္ခဲ့တာလည္း မဟုတ္ဘူးေလ၊ ေရွာင္လႊဲလို႔မရဘဲႀကဳံတဲ့ဟာမ်ိဳး၊ ဘဝကိုဘယ္လိုႀကိဳးစားရမလဲ၊ ဘဝကိုဘယ္လို႐ုန္းကန္ရမလဲ၊ ငါဘယ္လို နံပါတ္တစ္ျဖစ္ေအာင္ေနမလဲဆိုတဲ့ အေတြးပဲ ဝင္ေတာ့တယ္၊ ကိုယ့္ရဲ႕ေအာင္ျမင္မႈကဘာလဲ ကိုယ္ကဘာျဖစ္ခ်င္တာလဲ အဲ့ဒီေခါင္းစဥ္ကိုၿမဲၿမဲကိုင္ထားၿပီး လုပ္သင့္တယ္ဆိုတာေတြကိုလည္း သူမ်ားေတြကို အားေပးစကားေျပာတယ္၊ ကိုယ္တိုင္လည္း ကိုယ္ဘယ္လိုေသသြားမလဲ၊ ကိုယ္ဘယ္လိုမိသားစုကို တည္ေထာင္မလဲ၊ အဲ့ဒီလိုဦးတည္ခ်က္ေခါင္းစဥ္ေတြနဲ႔ ႀကိဳးစားပါတယ္”လို႔ သူမက ဆက္လက္ ရွင္းျပပါတယ္။

မၾကာေသးခင္ကလည္း သူမအသုံးျပဳဖို႔ဝယ္ထားတဲ့ iPhone ေလးကို အြန္လိုင္းမွာတင္လိုက္တဲ့အခါ လာေမးသူေတြမ်ားလာတာေၾကာင့္ စင္ကာပူက အစ္မျဖစ္သူရဲ႕အကူအညီနဲ႔ ဖုန္းေရာင္းတာကိုလည္း လုပ္ကိုင္ခဲ့သလို ဝင္ေငြရမယ့္စီးပြားေရးအလုပ္ကေလးေတြကို စီစဥ္ေနတာေတြလည္းရွိေသးတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
(ဓာတ္ပုံ- ကိုႏိုင္ NG)
ရန္ကုန္၊ ဒီဇင္ဘာ ၃