【 အနုပညာ သတင်း 】နိုင်ငံတကာ ဈေးကွက်ကိုသာ ရည်ရွယ်ထိုးဖောက်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ ဒါရိုက်တာ အောင်ကိုလတ်

【   အနုပညာ သတင်း  】နိုင်ငံတကာ ဈေးကွက်ကိုသာ ရည်ရွယ်ထိုးဖောက်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ ဒါရိုက်တာ အောင်ကိုလတ်

မြန်မာ့တူရိယာတွေကိုအခြေခံသုံးစွဲကာ ရိုက်ကူးထုတ်လုပ်ရင်းနဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ပြည်ပဈေးကွက် ထိုးဖောက်နိုင်ဖို့အတွက် ဒါရိုက်တာ အောင်ကိုလတ်ဟာ လိုအပ်တဲ့  ပြင်ဆင်မှုတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

COVID ကြောင့် လူစုလူဝေးသတ်မှတ်ချက်အကန့်အသတ်တွေအတွက် ရုပ်ရှင်ရုံတွေမပိတ်ခင်မှာ သူဖန်တီး ထားတဲ့ Gandaba (ဂန္ဓဗ္ဗ)ရုပ်ရှင်ဇာတ်ကားကို ရုံတင်ပြသခွင့်ရခဲ့ပြီး ကြည့်ရှုသူပရိသတ်နည်းပါးခဲ့ ပေမယ့် နိုင်ငံတကာဈေးကွက်အထိ ရည်ရွယ်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

 “ဒီကားက ကမ္ဘာကို ထိုးဖောက်မလို့ ပရိသတ်တွေအတွက် ရုံထဲမှာ တစ်နာရီခွဲစာ၊ နှစ်နာရီစာ ဘဝအမောတွေပြေစေမယ့် ကားမျိုး မဟုတ်ခဲ့ဘူး၊ စောင်းကားဖြစ်ခဲ့တော့ လူကြိုက်နည်းခဲ့တာ၊ မြန်မာ့စောင်းဆိုတာ အိမ်မှာထားပြီးတော့ အမြတ်တနိုး အလှချိတ် ဆွဲထားတဲ့သူရှိသလို တစ်ချို့က မြတ်နိုးလို့ တီးခတ်အသုံးပြုတာတွေရှိတယ်၊ ကျွန်တော်က ဒါကို အခြေခံထားတာ၊ ရုံတွေဘက်ကိုလည်း သိပ်တော့မပြောချင်ဘူး၊ လူတွေမကြည့် တဲ့အချိန်မှာ ကျွန်တော့်ကားကို ပြတယ်၊ လူတွေကြည့်တဲ့အချိန်ကျတော့ နာမည်ကြီး Cele တွေ သရုပ်ဆောင်ထားတဲ့ကားပြတယ်၊ ဒါကလည်း စီးပွားရေးအရ တွက်ချေကိုက်အောင်ဆိုတော့လည်း ကျွန်တော်တော့ သိပ်မပြောချင် တော့ဘူး၊ နောက်ထပ် နှစ်ကား သုံးကားရိုက်ပြီး ဆက်သွားနေဦးမှာပဲ။ လာလို့လဲဆိုတော့ ကျွန်တော်က International ကို ရည်ရွယ် တာလေ၊ Local မှာ မကြိုက်လည်း ကျွန်တော်ရှုံးသွားလည်း မမှုပါဘူး၊ ဆက်ပြီးတော့ ကြိုးပမ်းနေဦးမှာ၊ ဒီ COVID ပြီးလို့ မကြာခင် ဆိုလည်း ဖန်တီးထားတဲ့ ဇာတ်ကားကောင်းတွေ ထွက်လာမယ်”လို့ ဒါရိုက်တာ အောင်ကိုလတ်က ရှင်းပြပါတယ်။

ထို Gandaba (ဂန္ဓဗ္ဗ) ရုပ်ရှင်ဟာ နိုင်ငံတကာနယ်ပယ်အထိ ထိုးဖောက်ချင်တဲ့အတွက် Quality ရော ဇာတ်ကားပိုင်းရော လေးနှစ်လောက် ကြိုပြီး ပြင်ဆင်ခဲ့ကြောင်း၊ ငွေကုန်ကြေးကျများပြားခဲ့သလို ရုံတင်ပြသတဲ့အခါမှာလည်း မြန်မာပရိသတ်ရဲ့ နှစ်သက်မှုမရှိခဲ့တဲ့ အခြေအနေကြောင့် ပင်ပန်းခဲ့သမျှ အမောမပြေတဲ့ အခြေအနေမျိုးဖြစ်နေကြောင်း၊ ဆက်လက်ရိုက်ကူးဖို့ ပြင်ဆင်ထားတဲ့ ကားတွေ ကလည်း စီးပွားရေးအရ အမြတ်အစွန်း ရဖို့ထက် အနုပညာအရည်အသွေးနဲ့  ဇာတ်ကားကောင်းဖြစ်ကာ နိုင်ငံတကာ ဈေးကွက်ကို ထိုးဖောက်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဇွန် ၂၄

(  Zawgyi  )

 ျမန္မာ့တူရိယာေတြကိုအေျခခံသုံးစြဲကာ ႐ိုက္ကူးထုတ္လုပ္ရင္းနဲ႔ ႐ုပ္ရွင္ဇာတ္ကားေတြကို ျပည္ပေဈးကြက္ ထိုးေဖာက္ႏိုင္ဖို႔အတြက္ ဒါ႐ိုက္တာ ေအာင္ကိုလတ္ဟာ လိုအပ္တဲ့  ျပင္ဆင္မႈေတြကို လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

COVID ေၾကာင့္ လူစုလူေဝးသတ္မွတ္ခ်က္အကန႔္အသတ္ေတြအတြက္ ႐ုပ္ရွင္႐ုံေတြမပိတ္ခင္မွာ သူဖန္တီး ထားတဲ့ Gandaba (ဂႏၶဗၺ)႐ုပ္ရွင္ဇာတ္ကားကို ႐ုံတင္ျပသခြင့္ရခဲ့ၿပီး ၾကည့္ရႈသူပရိသတ္နည္းပါးခဲ့ ေပမယ့္ ႏိုင္ငံတကာေဈးကြက္အထိ ရည္႐ြယ္ထားတာ ျဖစ္တယ္လို႔ ဆိုပါတယ္။

 “ဒီကားက ကမာၻကို ထိုးေဖာက္မလို႔ ပရိသတ္ေတြအတြက္ ႐ုံထဲမွာ တစ္နာရီခြဲစာ၊ ႏွစ္နာရီစာ ဘဝအေမာေတြေျပေစမယ့္ ကားမ်ိဳး မဟုတ္ခဲ့ဘူး၊ ေစာင္းကားျဖစ္ခဲ့ေတာ့ လူႀကိဳက္နည္းခဲ့တာ၊ ျမန္မာ့ေစာင္းဆိုတာ အိမ္မွာထားၿပီးေတာ့ အျမတ္တႏိုး အလွခ်ိတ္ ဆြဲထားတဲ့သူရွိသလို တစ္ခ်ိဳ႕က ျမတ္ႏိုးလို႔ တီးခတ္အသုံးျပဳတာေတြရွိတယ္၊ ကြၽန္ေတာ္က ဒါကို အေျခခံထားတာ၊ ႐ုံေတြဘက္ကိုလည္း သိပ္ေတာ့မေျပာခ်င္ဘူး၊ လူေတြမၾကည့္ တဲ့အခ်ိန္မွာ ကြၽန္ေတာ့္ကားကို ျပတယ္၊ လူေတြၾကည့္တဲ့အခ်ိန္က်ေတာ့ နာမည္ႀကီး Cele ေတြ သ႐ုပ္ေဆာင္ထားတဲ့ကားျပတယ္၊ ဒါကလည္း စီးပြားေရးအရ တြက္ေခ်ကိုက္ေအာင္ဆိုေတာ့လည္း ကြၽန္ေတာ္ေတာ့ သိပ္မေျပာခ်င္ ေတာ့ဘူး၊ ေနာက္ထပ္ ႏွစ္ကား သုံးကား႐ိုက္ၿပီး ဆက္သြားေနဦးမွာပဲ။ လာလို႔လဲဆိုေတာ့ ကြၽန္ေတာ္က International ကို ရည္႐ြယ္ တာေလ၊ Local မွာ မႀကိဳက္လည္း ကြၽန္ေတာ္ရႈံးသြားလည္း မမႈပါဘူး၊ ဆက္ၿပီးေတာ့ ႀကိဳးပမ္းေနဦးမွာ၊ ဒီ COVID ၿပီးလို႔ မၾကာခင္ ဆိုလည္း ဖန္တီးထားတဲ့ ဇာတ္ကားေကာင္းေတြ ထြက္လာမယ္”လို႔ ဒါ႐ိုက္တာ ေအာင္ကိုလတ္က ရွင္းျပပါတယ္။

ထို Gandaba (ဂႏၶဗၺ) ႐ုပ္ရွင္ဟာ ႏိုင္ငံတကာနယ္ပယ္အထိ ထိုးေဖာက္ခ်င္တဲ့အတြက္ Quality ေရာ ဇာတ္ကားပိုင္းေရာ ေလးႏွစ္ေလာက္ ႀကိဳၿပီး ျပင္ဆင္ခဲ့ေၾကာင္း၊ ေငြကုန္ေၾကးက်မ်ားျပားခဲ့သလို ႐ုံတင္ျပသတဲ့အခါမွာလည္း ျမန္မာပရိသတ္ရဲ႕ ႏွစ္သက္မႈမရွိခဲ့တဲ့ အေျခအေနေၾကာင့္ ပင္ပန္းခဲ့သမွ် အေမာမေျပတဲ့ အေျခအေနမ်ိဳးျဖစ္ေနေၾကာင္း၊ ဆက္လက္႐ိုက္ကူးဖို႔ ျပင္ဆင္ထားတဲ့ ကားေတြ ကလည္း စီးပြားေရးအရ အျမတ္အစြန္း ရဖို႔ထက္ အႏုပညာအရည္အေသြးနဲ႔  ဇာတ္ကားေကာင္းျဖစ္ကာ ႏိုင္ငံတကာ ေဈးကြက္ကို ထိုးေဖာက္ႏိုင္ဖို႔ ႀကိဳးပမ္းေနတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဇြန္ ၂၄