【 နည်းပညာ 】Sony ချစ်သူတွေ ရွေးချယ်သင့်တဲ့ တန်ဖိုးသင့်စမတ်ဖုန်း

【  နည်းပညာ  】Sony ချစ်သူတွေ ရွေးချယ်သင့်တဲ့ တန်ဖိုးသင့်စမတ်ဖုန်း

ယခုတစ်ခါမှာတော့ Opinion Leaders Media ပရိတ်သတ်တွေအတွက် အလယ်လတ်တန်းစား Sony စမတ်ဖုန်းလေးတစ်လုံးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

တစ်ခေတ်တစ်ခါက ကင်မရာစွမ်းဆောင်ရည်‌ ကောင်းမွန်ပြီး ရေစိမ်ခံတယ်ဆိုတဲ့ စွမ်းဆောင် ရည်တွေနဲ့ နာမည်ကျော်ခဲ့တဲ့ Sony စမတ်ဖုန်းတွေကို ကြိုက်နှစ်သူတွေကတော့ ယခုစမတ်ဖုန်းကို အကြိုက်တွေ့ကြမှာ သေချာပါတယ်။

Sony ဟာ ယခုနောက်ပိုင်း Xperia Mark လို့ အမည်ရတဲ့ စမတ်ဖုန်းစီးရီးတွေနဲ့ နာမည်ပြန် ရလာခဲ့တာ မြင်တွေ့ရပါတယ်။ထို Xperia Mark စီးရီးများထဲမှ ဈေးအသက်သာဆုံးဖြစ်တဲ့။ Sony Xperia 10 Mark 2 @ Sony Xperia 10 ii လို့‌ ခေါ်တဲ့ အလယ်လတ်တန်းစား စမတ် ဖုန်းလေးကို ဖော်ပြပေးချင်ပါတယ်။

Sony Xperia 10 ii ကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလမှာ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ စမတ်ဖုန်း ကိုယ်ထည် ရှေ့နောက်ကို ဖန်သားပြင်တွေနဲ့ ဖုံးအုပ်ပေးထားပြီး၊  Gorilla Glass 6 အရည်‌ အသွေး ဖန်သားပြင်တွေဖြစ်ပါတယ်။စမတ်ဖုန်းဟာ ၁၅၁ ဂရမ်သာရှိတဲ့အတွက် အတော် ပေါ့ပါး တယ် ဆိုရမှာပါ။ Sony စမတ်ဖုန်းတွေ ထုံးစံအတိုင်း ရေစိမ်ခံဦးမှာဖြစ်ပြီး၊ IP65/IP68 ရေနဲ့ ဖုန်မှုန့်ဒဏ် ခံနိုင်မှာပါ။ဒါ့အပြင် ရေအောကိအနက် ၁.၅ မီတာ အထက်မှာ ၃၀ မိနစ် အစိမ်ခံမယ် လို့ သိရပါတယ်။

မျက်နှာပြင်ကတော့ ၆ လက်မအရွယ်အစား OLED မျက်နှာပြင်ဖြစ်ပြီး၊ မမ်မိုရီပမာဏ 4GB နဲ့ သိမ်းဆည်းနိုင်မှု 128GB ကို ထည့်သွင်းပေးထားပါတယ်။ Snapdragon 665 chipset နဲ့သာ မောင်းနှင်ပေးထားတဲ့အတွက် ဂိမ်းအတွက်တော့ အများကြီးမျှော်လင့်လို့မရပဲ social media သုံးမယ်၊ ပေါ့ပေါ့ပါးပါး အသုံးပြုမယ်ဆိုရင်တော့ သင့်တော်မှာဖြစ်ပါတယ်။

ကင်မရာပိုင်းမှာဆိုရင် 12MP အဓိက ကင်မရာ၊ အနီးကပ်ဆြဲရိုက်ကူးရန် 8MP telephoto နဲ့ မြင်ကွင်းကျယ်အတွက် 8MP ultra-wide တို့ကို ပူးတွဲတပ်ဆင်ပေးထားတဲ့အတွက် စမတ်ဖုန်းနဲ့ ဓာတ်ပုံရိုက်သူတွေ အကြိုက်တွေ့ဉီးမှာ‌ သေချာပါတယ်။အထူးသဖြင့် telephoto lens ‌ပါဝင် လာတာက ‌သာမန်စမတ်ဖုန်းကင်မရာတွေထက် အားသာချက်ဖြစ်နေမှာ အမှန်ပါပဲ။

အကယ်လို့ သင်ဟာ Sony ပရိတ်သတ်တစ်ယောက်လည်းဖြစ်၊ စမတ်ဖုန်းနဲ့ ဓာတ်ပုံရိုက်ရတာ လည်း နှစ်သက်ပြီး၊ နာမည်ရ brand တစ်ခုကိုသာ ကိုင်လိုတယ်ဆိုရင်တော့ မြန်မာငွေ ၅၀၀,၀၀၀ ဝန်းကျင်သာ ကျသင့်မယ့် Sony Xperia 10 ii က အကောင်းဆုံး အဖော်မွန်ဖြစ်လာမှာ သေချာပါတယ်။

Damien

 

(  Zawgyi  )

 








Damien