【 နည်းပညာ 】Gmail account ကို လုံခြုံအောင် ဘယ်လိုလုပ်ကြမလဲ

【  နည်းပညာ  】Gmail account ကို လုံခြုံအောင် ဘယ်လိုလုပ်ကြမလဲ

ဘဏ်စာရွက်စာတန်း‌တွေ၊ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ၊ အလုပ်စာရင်းဇယားတွေနဲ့ အခြားသော ဆော့ဝဲလ်တွေ account တွေရဲ့ password ပြောင်းလဲ‌တာတွေရဲ့ မက်ဆေ့ခ်ျ စာသားတွေဟာ Gamil ထဲကို ဝင်ရောက်လေ့ရှိတာကို သိကြမှာပါ။

Gmail မှာ ဆိုရင် Drive ဆိုတဲ့ cloud feature တစ်ခု ပါဝင်ပြီး အဆိုပါ Drive ထဲမှာ အလုပ်နဲ့ ပတ်သက်တဲ့ စာရင်းဇယားတွေ၊ ရုပ်သံဗီဒီယိုတွေ၊ ကိုယ်ရေးကိုယ်တာ ဖိုင်တွေအမျိုးမျိုးကို သိမ်းဆည်းနိုင်မှာလည်းဖြစ်သလို၊ သင့် Gmail ခိုးယူဖောက်ထွင်းခံရပါကလည်း အဆိုပါအချက်အလက်တွေဟာ ဖောက်ထွင်းသူထံကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ဒီအတွက် Gmail ဖောက်ထွင်းခံရမှုက ကင်းဝေးရန် လုံခြုံရေးအဆင့်မြှင့်တင်တဲ့ နည်းလမ်းတွေကို ဖော်ပြပေးချင်ပါတယ်။

ပထမဆုံး သင့်အနေနဲ့ Gmail ဖောက်ထွင်းမှုက ကင်းဝေးစေရန် ခက်ခဲတဲ့ လျှို့ဝှက်နံပါတ်ထားရှိဖို့ လိုအပ်မှာပါ။လျှို့ဝှက်နံပါတ်ကို နံပါတ်တွေ၊ အက္ခရာအကြီးအသေးတွေနဲ့ နံပါတ်၊ အက္ခရာ မဟုတ်တဲ့ special characters တွေကို ထည့်သွင်းထားခြင်းဖြင့် ခက်ခဲလုံခြုံတဲ့ လျှို့ဝှက်နံပါတ် ကို ထားရှိနိုင်ပါတယ်။

ဒုတိယအချက်အနေနဲ့ သင့် Gamil ကို Two-Step Verification ဖွင့်ထားပေးဖို့ လိုပါတယ်။ Two-Step Verification ဖွင့်ပေးထားခြင်းအားဖြင့် ဖောက်ထွင်းသူဟာ သင့်ထံက အတည်ပြုနံပါတ် ဂဏန်း ၆ လုံး ရမှသာ account ထဲ ဝင်ရောက်နိုင်မှာဖြစ်ပါတယ်။အဆိုပါ Two-Step Verification ဖွင့်ရာမှာ သင့်ကိုယ်ပိုင် ဖုန်းနံပါတ်တစ်ခု ထည့်သွင်းရန်လိုအပ်ပြီး တစ်စုံ တစ်ယောက် ဖောက်ထွင်းရန်ကြိုးစားလာပါက Two-Step Verification မှ သင်ထည့်ထားခဲ့တဲ့ ဖုန်းနံပါတ်ထဲကို ဂဏန်း ၆ လုံး မက်ဆေ့ခ်ျစာသား ဝင်ရောက်လာမှာ ဖြစ်ပါတယ်။

အထက်ဖော်ပြပါ အချက်‌များကို ပြုလုပ်ထားခြင်းဖြင့် Gmail ဖောက်ထွင်းခံရမှုက ကင်းဝေးနိုင် ပြီး၊ ကိုယ်ရေးအချက်အလက်တွေကို ခိုးယူခံရခြင်းမှ သင်လွတ်‌မြောက်နိုင်မှာ ဖြစ်ပါတယ်။

Damien‌

(  Zawgyi  )

 ဘဏ္စာ႐ြက္စာတန္း‌ေတြ၊ ကိုယ္ေရးကိုယ္တာ အခ်က္အလက္ေတြ၊ အလုပ္စာရင္းဇယားေတြနဲ႔ အျခားေသာ ေဆာ့ဝဲလ္ေတြ account ေတြရဲ႕ password ေျပာင္းလဲ‌တာေတြရဲ႕ မက္ေဆ့ခ္် စာသားေတြဟာ Gamil ထဲကို ဝင္ေရာက္ေလ့ရွိတာကို သိၾကမွာပါ။

Gmail မွာ ဆိုရင္ Drive ဆိုတဲ့ cloud feature တစ္ခု ပါဝင္ၿပီး အဆိုပါ Drive ထဲမွာ အလုပ္နဲ႔ ပတ္သက္တဲ့ စာရင္းဇယားေတြ၊ ႐ုပ္သံဗီဒီယိုေတြ၊ ကိုယ္ေရးကိုယ္တာ ဖိုင္ေတြအမ်ိဳးမ်ိဳးကို သိမ္းဆည္းႏိုင္မွာလည္းျဖစ္သလို၊ သင့္ Gmail ခိုးယူေဖာက္ထြင္းခံရပါကလည္း အဆိုပါအခ်က္အလက္ေတြဟာ ေဖာက္ထြင္းသူထံကို ေရာက္ရွိသြားမွာ ျဖစ္ပါတယ္။ဒီအတြက္ Gmail ေဖာက္ထြင္းခံရမႈက ကင္းေဝးရန္ လုံၿခဳံေရးအဆင့္ျမႇင့္တင္တဲ့ နည္းလမ္းေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

ပထမဆုံး သင့္အေနနဲ႔ Gmail ေဖာက္ထြင္းမႈက ကင္းေဝးေစရန္ ခက္ခဲတဲ့ လွ်ိဳ႕ဝွက္နံပါတ္ထားရွိဖို႔ လိုအပ္မွာပါ။လွ်ိဳ႕ဝွက္နံပါတ္ကို နံပါတ္ေတြ၊ အကၡရာအႀကီးအေသးေတြနဲ႔ နံပါတ္၊ အကၡရာ မဟုတ္တဲ့ special characters ေတြကို ထည့္သြင္းထားျခင္းျဖင့္ ခက္ခဲလုံၿခဳံတဲ့ လွ်ိဳ႕ဝွက္နံပါတ္ ကို ထားရွိႏိုင္ပါတယ္။

ဒုတိယအခ်က္အေနနဲ႔ သင့္ Gamil ကို Two-Step Verification ဖြင့္ထားေပးဖို႔ လိုပါတယ္။ Two-Step Verification ဖြင့္ေပးထားျခင္းအားျဖင့္ ေဖာက္ထြင္းသူဟာ သင့္ထံက အတည္ျပဳနံပါတ္ ဂဏန္း ၆ လုံး ရမွသာ account ထဲ ဝင္ေရာက္ႏိုင္မွာျဖစ္ပါတယ္။အဆိုပါ Two-Step Verification ဖြင့္ရာမွာ သင့္ကိုယ္ပိုင္ ဖုန္းနံပါတ္တစ္ခု ထည့္သြင္းရန္လိုအပ္ၿပီး တစ္စုံ တစ္ေယာက္ ေဖာက္ထြင္းရန္ႀကိဳးစားလာပါက Two-Step Verification မွ သင္ထည့္ထားခဲ့တဲ့ ဖုန္းနံပါတ္ထဲကို ဂဏန္း ၆ လုံး မက္ေဆ့ခ္်စာသား ဝင္ေရာက္လာမွာ ျဖစ္ပါတယ္။

အထက္ေဖာ္ျပပါ အခ်က္‌မ်ားကို ျပဳလုပ္ထားျခင္းျဖင့္ Gmail ေဖာက္ထြင္းခံရမႈက ကင္းေဝးႏိုင္ ၿပီး၊ ကိုယ္ေရးအခ်က္အလက္ေတြကို ခိုးယူခံရျခင္းမွ သင္လြတ္‌ေျမာက္ႏိုင္မွာ ျဖစ္ပါတယ္။

Damien‌