【 နည်းပညာ 】 Starlink ဂြိုဟ်တုတွေကို အာကာသထဲသို့ SpaceX ထပ်မံလွှတ်တင်

【 နည်းပညာ 】 Starlink ဂြိုဟ်တုတွေကို အာကာသထဲသို့ SpaceX ထပ်မံလွှတ်တင်

ကယ်လီဖိုးနီးယား၊ ဒီဇင်ဘာ - ၉

SpaceX ကုမ္ပဏီက ၎င်းရဲ့ Starlink အမည်ရ အင်တာနက်ဂြိုဟ်တုတွေကို အာကာသထဲသို့ သောကြာနေ့အစောပိုင်းက ထပ်မံလွှတ်တင်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်ကနေ Starlink ဂြိုဟ်တု ၂၂ လုံးကို SpaceX က လွှတ်တင်ခဲ့တာပါ။

SpaceX ရဲ့ ကိုယ်ပိုင် Falcon 9 ဒုံးပျံယာဉ်နဲ့ Starlink ဂြိုဟ်တုတွေကို အာကာသထဲသို့ သယ်ဆောင်သွားခဲ့ပြီး၊ ဂြိုဟ်တုအင်တာနက်စွမ်းရည် ပိုမိုကောင်းမွန်လာစေရေးအတွက် ရည်ရွယ်လွှတ်တင်ခဲ့တာဖြစ်ပါတယ်။ယခုလွှတ်တင်မှုဟာ SpaceX အတွက် ၂၀၂၃ ခုနှစ်အတွင်း ၉၁ ကြိမ်မြောက် အာကာသပတ်လမ်းထဲ လွှတ်တင်တဲ့ မစ်ရှင်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဖလော်ရီဒါပြည်နယ်ကနေ Starlink ဂြိုဟ်တု ၂၃ လုံးကို လွှတ်တင်အပြီး ၂၄ နာရီအကြာမှာပဲ နောက်ထပ် အင်တာနက်ဂြိုဟ်တု ၂၂ လုံးကို SpaceX က ထပ်မံလွှတ်တင်ခဲ့တာလည်းဖြစ်သလို၊ အသစ်ထပ်မံလွှတ်တင်လိုက်တဲ့ ဂြိုဟ်တုတွေဟာ ကမ္ဘာမြေနိမ့်ပတ်လမ်းထဲရှိ အင်တာနက်ဂြိုဟ်တု ၅၀၀၀ ကျော်နဲ့ ချိတ်ဆက်သွားမှာလည်းဖြစ်ပါတယ်။

Damien
Ref - upi