【 နည်းပညာ 】 Pocophone မျိုးဆက်သစ် ထွက်ရှိလာဦးမည်

【 နည်းပညာ 】 Pocophone မျိုးဆက်သစ် ထွက်ရှိလာဦးမည်

တရုတ်နည်းပညာကုမ္ပဏီကြီး Xiaomi ရဲ့ အမှတ်တံဆိပ်ခွဲတစ်ခုဖြစ်တဲ့ Pocophone မျိုးဆက်သစ်ကတော့ လာမယ့်နှစ်မှာ ထွက်ပေါ်လာဦးမှာပါ။

လွန်ခဲ့တဲ့ ဩဂုတ်လတုန်းက Pocophone ရဲ့ ပထမဆုံးမျိုးဆက် Pocophone F1 ကို မိတ်ဆက်ထုတ်လုပ်ခဲ့ပြီး အလွန်တရာလူကြိုက်များခဲ့ပြီး စံချိန်တင် ရောင်းချခဲ့ရသည်အထိ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

Pocophone ဟာ ဘာကြောင့် လူကြိုက်များရတာလဲဆိုရင် Pocophone F1 ရဲ့ စွမ်းဆောင်ရည်ဟာ Flagship အဆင့်ရှိပြီး ဈေးနှုန်းကတော့ မထင်မှတ်ထားလောက်အောင် သက်သာတာကြောင့် ဖြစ်ပါတယ်။၎င်းနဲ့အတူ ထွက်ရှိခဲ့တဲ့ Flagship အဆင့် Mi 8 series ကို ယှဉ်ပြိုင်နိုင်လောက်သည်အထိ အောင်မြင်မှုရခဲ့တာပါ။ Redmi K20 series မိတ်ဆက်ကတည်းက Pocophone F2 ပါ တစ်ပါတည်း ထွက်ပေါ်လာနိုင်တယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် ထွက်ရှိလာခြင်းမရှိခဲ့ပါဘူး။ဒါပေမယ့် ယခုအချိန်မှာတော့ Pocophone ရဲ့ Global Head ဖြစ်တဲ့ Alvin Tse မှ "နောက်ထပ် Flagship အဆင့် စမတ်ဖုန်းကို ၂၀၂၀ ခုနှစ်မှာ ကျနော်တို့ မြင်တွေ့ရပါလိမ့်မယ်" လို့ ဆိုခဲ့ပြီး Pocophone စမတ်ဖုန်းသစ်အကြောင်းကို အရိပ်အမြွက်‌ ဖော်ပြသွားခဲ့ပါတယ်။ဒီအတိုင်းသာဆိုရင်တော့ စွမ်းဆောင်ရည်မြင့်မားပြီး ဈေးနှုန်းချိုသာတဲ့ နောက်ထပ် Pocophone တစ်လုံးကို ကျနော်တို့ မြင်တွေ့ရဦးမှာပါ။

Pocophone စမတ်ဖုန်းသစ်ရဲ့ အခြားသော အချက်အလက်တွေကိုတော့ သိရှိရခြင်းမရှိသေးပါဘူး။မကြာမီရက်သတ္တပတ်တွေမှာတော့ Pocophone F2 ရဲ့  ပိုမိုတိကျသေချာတဲ့ အချက်အလက်တွေကို ကြားသိရဖွယ်တော့ ရှိနေပါတယ်။

Damien

( Zawgyi )

တ႐ုတ္နည္းပညာကုမၸဏီႀကီး Xiaomi ရဲ႕ အမွတ္တံဆိပ္ခြဲတစ္ခုျဖစ္တဲ့ Pocophone မ်ိဳးဆက္သစ္ကေတာ့ လာမယ့္ႏွစ္မွာ ထြက္ေပၚလာဦးမွာပါ။

လြန္ခဲ့တဲ့ ဩဂုတ္လတုန္းက Pocophone ရဲ႕ ပထမဆုံးမ်ိဳးဆက္ Pocophone F1 ကို မိတ္ဆက္ထုတ္လုပ္ခဲ့ၿပီး အလြန္တရာလူႀကိဳက္မ်ားခဲ့ၿပီး စံခ်ိန္တင္ ေရာင္းခ်ခဲ့ရသည္အထိ ေအာင္ျမင္ခဲ့တာ ျဖစ္ပါတယ္။

Pocophone ဟာ ဘာေၾကာင့္ လူႀကိဳက္မ်ားရတာလဲဆိုရင္ Pocophone F1 ရဲ႕ စြမ္းေဆာင္ရည္ဟာ Flagship အဆင့္ရွိၿပီး ေဈးႏႈန္းကေတာ့ မထင္မွတ္ထားေလာက္ေအာင္ သက္သာတာေၾကာင့္ ျဖစ္ပါတယ္။၎နဲ႔အတူ ထြက္ရွိခဲ့တဲ့ Flagship အဆင့္ Mi 8 series ကို ယွဥ္ၿပိဳင္ႏိုင္ေလာက္သည္အထိ ေအာင္ျမင္မႈရခဲ့တာပါ။ Redmi K20 series မိတ္ဆက္ကတည္းက Pocophone F2 ပါ တစ္ပါတည္း ထြက္ေပၚလာႏိုင္တယ္လို႔ ခန႔္မွန္းခဲ့ၾကေပမယ့္ ထြက္ရွိလာျခင္းမရွိခဲ့ပါဘူး။ဒါေပမယ့္ ယခုအခ်ိန္မွာေတာ့ Pocophone ရဲ႕ Global Head ျဖစ္တဲ့ Alvin Tse မွ "ေနာက္ထပ္ Flagship အဆင့္ စမတ္ဖုန္းကို ၂၀၂၀ ခုႏွစ္မွာ က်ေနာ္တို႔ ျမင္ေတြ႕ရပါလိမ့္မယ္" လို႔ ဆိုခဲ့ၿပီး Pocophone စမတ္ဖုန္းသစ္အေၾကာင္းကို အရိပ္အႁမြက္‌ ေဖာ္ျပသြားခဲ့ပါတယ္။ဒီအတိုင္းသာဆိုရင္ေတာ့ စြမ္းေဆာင္ရည္ျမင့္မားၿပီး ေဈးႏႈန္းခ်ိဳသာတဲ့ ေနာက္ထပ္ Pocophone တစ္လုံးကို က်ေနာ္တို႔ ျမင္ေတြ႕ရဦးမွာပါ။

Pocophone စမတ္ဖုန္းသစ္ရဲ႕ အျခားေသာ အခ်က္အလက္ေတြကိုေတာ့ သိရွိရျခင္းမရွိေသးပါဘူး။မၾကာမီရက္သတၱပတ္ေတြမွာေတာ့ Pocophone F2 ရဲ႕  ပိုမိုတိက်ေသခ်ာတဲ့ အခ်က္အလက္ေတြကို ၾကားသိရဖြယ္ေတာ့ ရွိေနပါတယ္။

Damien