【 နည်းပညာ 】 Apple Watch နဲ့ ဒီဇိုင်းတူနေတဲ့ Oppo ရဲ့ ပထမဆုံးစမတ်နာရီ

【 နည်းပညာ 】 Apple Watch နဲ့ ဒီဇိုင်းတူနေတဲ့ Oppo ရဲ့ ပထမဆုံးစမတ်နာရီ

Oppo ကတော့ ၎င်းရဲ့ ပထမဆုံး စမတ်နာရီကို မိတ်ဆက်လိုက်ပါပြီ။

Oppo Watch လို့ အမည်ပေးထားတဲ့ စမတ်နာရီဟာ သတင်းတွေပေါက်ကြားထားတဲ့အတိုင်း Apple Watch နဲ့ ဒီဇိုင်းပိုင်းဆင်တူပြီး အနည်းငယ်‌ကွေးညွတ်ထားတဲ့ AMOLED မျက်နှာပြင်နဲ့ ပွဲထွက်လာခဲ့တာလည်း ဖြစ်ပါတယ်။

Oppo Watch ဟာ 41mm နဲ့ 46mm ဆိုပြီး အရွယ်အစားနှစ်မျိုး ထွက်ရှိလာမှာဖြစ်ပါတယ်။အဆိုပါစမတ်နာရီကို Snapdragon Wear 2500 SoC နဲ့ မောင်းနှင်ပေးထားတဲ့အပြင် Apollo co-processor ကိုပါ တွဲဖက်တပ်ဆင်ပေးထားပါတယ်။ဒါဟာ Qualcomm chip ကနေ Apollo chip ကို ပြောင်းလဲအသုံးပြုနိုင်မှာဖြစ်ပြီး ဘက်ထရီသုံးစွဲမှုကို လျော့ကျစေတယ်လို့ ဆိုထားပါတယ်။‌

Oppo ရဲ့ စမတ်နာရီမှာ AI (ဉာဏ်ရည်တု) ကို အခြေပြုထားတဲ့ ကျန်းမာရေးစီမံခန့်ခွဲမှုနည်းပညာ ပါဝင်မှာဖြစ်ပါတယ်။ဒါ့အပြင် 46mm version ဟာ 5ATM ရေစိမ်ခံနိုင်မှာဖြစ်ပြီး ရေအောက်အနက် မီတာ ၅၀ ထိ အသုံးပြုနိုင်မှာပါ။ 41mm version ကတော့ 3ATM (၃၀ မီတာ) အထိ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။အခြားသော စမတ်နာရီတွေလိုပဲ အိပ်စက်မှုကို စောင့်ကြည့်ပေးတာ၊ နှလုံးခုန်နှုန်းတိုင်းတာပေးတာနဲ့ တစ်နေ့တာလှုပ်ရှားမှုတွေကို အကဲဖြတ‌်ပေးတာတွေလို နည်းပညာတွေလည်း ပါ၀င်မှာဖြစ်ပါတယ်။

Oppo Watch ရဲ့ အားရစရာအချက်ကတော့ eSIM ကို ထောက်ပံ့ပေးထားတာပါပဲ။နောက်ထပ်အားရစရာအချက်‌ကတော့ အားသွင်းရာမှာ Oppo ရဲ့ နာမည်ကျော် Watch VOOC Flash Charge အားသွင်းစနစ်ကို ထည့်သွင်းပေးထားတဲ့အတွက် ၇၅ မိနစ်နဲ့ အားအပြည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။

ဈေးနှုန်းတွေအနေနဲ့ Oppo Watch (41mm) ကို CNY 1,499 (မြန်မာငွေ ၂၉၅,၀၀၀ ခန့်)၊ Oppo Watch (46mm) မှာတော့ ရွေးချယ်စရာ နှစ်မျိုးရှိမှာဖြစ်ပြီး အလူမီနီယံမော်ဒယ်လ်က CNY 1,999 (မြန်မာငွေ ၃၉၃,၀၀၀ ခန့်) နဲ့ Stainless Steel မော်ဒယ်လ်ကတော့ CNY 2,499 (မြန်မာငွေ ၄၉၂,၀၀၀ ခန့်) ကျသင့်မယ်လို့လည်း သိရပါတယ်။

Damien

( Zawgyi )

Oppo ကေတာ့ ၎ရဲ႕ ပထမဆုံး စမတ္နာရီကို မိတ္ဆက္လိုက္ပါၿပီ။

Oppo Watch လို႔ အမည္ေပးထားတဲ့ စမတ္နာရီဟာ သတင္းေတြေပါက္ၾကားထားတဲ့အတိုင္း Apple Watch နဲ႔ ဒီဇိုင္းပိုင္းဆင္တူၿပီး အနည္းငယ္‌ေကြးၫြတ္ထားတဲ့ AMOLED မ်က္ႏွာျပင္နဲ႔ ပြဲထြက္လာခဲ့တာလည္း ျဖစ္ပါတယ္။

Oppo Watch ဟာ 41mm နဲ႔ 46mm ဆိုၿပီး အ႐ြယ္အစားႏွစ္မ်ိဳး ထြက္ရွိလာမွာျဖစ္ပါတယ္။အဆိုပါစမတ္နာရီကို Snapdragon Wear 2500 SoC နဲ႔ ေမာင္းႏွင္ေပးထားတဲ့အျပင္ Apollo co-processor ကိုပါ တြဲဖက္တပ္ဆင္ေပးထားပါတယ္။ဒါဟာ Qualcomm chip ကေန Apollo chip ကို ေျပာင္းလဲအသုံးျပဳႏိုင္မွာျဖစ္ၿပီး ဘက္ထရီသုံးစြဲမႈကို ေလ်ာ့က်ေစတယ္လို႔ ဆိုထားပါတယ္။‌

Oppo ရဲ႕ စမတ္နာရီမွာ AI (ဉာဏ္ရည္တု) ကို အေျချပဳထားတဲ့ က်န္းမာေရးစီမံခန႔္ခြဲမႈနည္းပညာ ပါဝင္မွာျဖစ္ပါတယ္။ဒါ့အျပင္ 46mm version ဟာ 5ATM ေရစိမ္ခံႏိုင္မွာျဖစ္ၿပီး ေရေအာက္အနက္ မီတာ ၅၀ ထိ အသုံးျပဳႏိုင္မွာပါ။ 41mm version ကေတာ့ 3ATM (၃၀ မီတာ) အထိ အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။အျခားေသာ စမတ္နာရီေတြလိုပဲ အိပ္စက္မႈကို ေစာင့္ၾကည့္ေပးတာ၊ ႏွလုံးခုန္ႏႈန္းတိုင္းတာေပးတာနဲ႔ တစ္ေန႔တာလႈပ္ရွားမႈေတြကို အကဲျဖတ‌္ေပးတာေတြလို နည္းပညာေတြလည္း ပါ၀င္မွာျဖစ္ပါတယ္။

Oppo Watch ရဲ႕ အားရစရာအခ်က္ကေတာ့ eSIM ကို ေထာက္ပံ့ေပးထားတာပါပဲ။ေနာက္ထပ္အားရစရာအခ်က္‌ကေတာ့ အားသြင္းရာမွာ Oppo ရဲ႕ နာမည္ေက်ာ္ Watch VOOC Flash Charge အားသြင္းစနစ္ကို ထည့္သြင္းေပးထားတဲ့အတြက္ ၇၅ မိနစ္နဲ႔ အားအျပည့္သြင္းႏိုင္မွာ ျဖစ္ပါတယ္။

ေဈးႏႈန္းေတြအေနနဲ႔ Oppo Watch (41mm) ကို CNY 1,499 (ျမန္မာေငြ ၂၉၅,၀၀၀ ခန႔္)၊ Oppo Watch (46mm) မွာေတာ့ ေ႐ြးခ်ယ္စရာ ႏွစ္မ်ိဳးရွိမွာျဖစ္ၿပီး အလူမီနီယံေမာ္ဒယ္လ္က CNY 1,999 (ျမန္မာေငြ ၃၉၃,၀၀၀ ခန႔္) နဲ႔ Stainless Steel ေမာ္ဒယ္လ္ကေတာ့ CNY 2,499 (ျမန္မာေငြ ၄၉၂,၀၀၀ ခန႔္) က်သင့္မယ္လို႔လည္း သိရပါတယ္။

Damien