【 နည်းပညာ 】 Android OS အတွက် ဆော့ဝဲလ်သစ် ထုတ်ပေးလိုက်တဲ့ Microsoft

【 နည်းပညာ 】 Android OS အတွက် ဆော့ဝဲလ်သစ် ထုတ်ပေးလိုက်တဲ့ Microsoft

Microsoft ဆိုတဲ့ အမည်ဟာ ကျနော်တို့နဲ့ အစိမ်းသက်သက် နာမည်တော့ မဟုတ်ပါဘူး။

ကျနော်တို့ ရုံးတွေမှာ အသုံးပြုနေတဲ့ Exel, Word, Power Point ဆော့ဝဲလ်တွေကို ထုတ်လုပ်ပေးတဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။

ယခုတော့ Microsoft မှ Android OS အတွက် အသုံး၀င်မယ့် ဆော့ဝဲလ်တစ်ခုကို ထုတ်လုပ်ပေးလိုက်ပါပြီ။ယခုထုတ်လုပ်ပေးလိုက်တဲ့ ‌ဆော့ဝဲလ်ဟာ Office ‌ဆော့ဝဲလ်သစ်ပဲဖြစ်ပြီး၊ Android OS ပေါ်မှာ essential office tools တွေကို ပေါင်းစပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ဒါဟာ နောက်ပိုင်းမှာ ကျနော်တို့အနေနဲ့ Android OS အသုံးပြုထားတဲ့ စမတ်ဖုန်းနဲ့ တက်ဘလက်တွေပေါ်မှာ Exel, Word, Power Point တို့ကို အသုံးပြုပြီး စာဖိုင်တွေကို တည်းဖြတ်တာ၊ စာရိုက်တာ၊ စီမံခန့်ခွဲတာတွေ လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်နိုင်တာလည်း ဖြစ်ပါတယ်။

နောက်ထပ် အသုံးပြုနိုင်မယ့် feature တစ်ခုကတော့ ဓာတ်ပုံကနေ၊ PDF ဖိုင်အဖြစ် ဖန်တီးယူပြီး ကျနော်တို့အနေနဲ့ Exel, Word, Power Point ဖိုင်အဖြစ် convert လုပ်နိုင်မယ်လို့လည်း သိရပါတယ်။ဒါ့အပြင် သင့်ရဲ့  မိတ်ဆွေ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ စာဖိုင်တွေကို ပေါင်းစပ်အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။

အဆိုပါ Office tools ကို Android app store ဖြစ်တဲ့ Google Play Store မှာ download ဆွဲ ရယူနိုင်မယ်လို့ သိရပါတယ်။

Damien

( Zawgyi )

【 နည္းပညာ 】 Android OS အတြက္ ေဆာ့ဝဲလ္သစ္ ထုတ္ေပးလိုက္တဲ့ Microsoft

Microsoft ဆိုတဲ့ အမည္ဟာ က်ေနာ္တို႔နဲ႔ အစိမ္းသက္သက္ နာမည္ေတာ့ မဟုတ္ပါဘူး။

က်ေနာ္တို႔ ႐ုံးေတြမွာ အသုံးျပဳေနတဲ့ Exel, Word, Power Point ေဆာ့ဝဲလ္ေတြကို ထုတ္လုပ္ေပးတဲ့ ကုမၸဏီလည္း ျဖစ္ပါတယ္။

ယခုေတာ့ Microsoft မွ Android OS အတြက္ အသုံး၀င္မယ့္ ေဆာ့ဝဲလ္တစ္ခုကို ထုတ္လုပ္ေပးလိုက္ပါၿပီ။ယခုထုတ္လုပ္ေပးလိုက္တဲ့ ‌ေဆာ့ဝဲလ္ဟာ Office ‌ေဆာ့ဝဲလ္သစ္ပဲျဖစ္ၿပီး၊ Android OS ေပၚမွာ essential office tools ေတြကို ေပါင္းစပ္ေပးႏိုင္မွာ ျဖစ္ပါတယ္။ဒါဟာ ေနာက္ပိုင္းမွာ က်ေနာ္တို႔အေနနဲ႔ Android OS အသုံးျပဳထားတဲ့ စမတ္ဖုန္းနဲ႔ တက္ဘလက္ေတြေပၚမွာ Exel, Word, Power Point တို႔ကို အသုံးျပဳၿပီး စာဖိုင္ေတြကို တည္းျဖတ္တာ၊ စာ႐ိုက္တာ၊ စီမံခန႔္ခြဲတာေတြ လုပ္ေဆာင္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ႏိုင္တာလည္း ျဖစ္ပါတယ္။

ေနာက္ထပ္ အသုံးျပဳႏိုင္မယ့္ feature တစ္ခုကေတာ့ ဓာတ္ပုံကေန၊ PDF ဖိုင္အျဖစ္ ဖန္တီးယူၿပီး က်ေနာ္တို႔အေနနဲ႔ Exel, Word, Power Point ဖိုင္အျဖစ္ convert လုပ္ႏိုင္မယ္လို႔လည္း သိရပါတယ္။ဒါ့အျပင္ သင့္ရဲ႕  မိတ္ေဆြ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔အတူ စာဖိုင္ေတြကို ေပါင္းစပ္အသုံးျပဳႏိုင္မွာပဲ ျဖစ္ပါတယ္။

အဆိုပါ Office tools ကို Android app store ျဖစ္တဲ့ Google Play Store မွာ download ဆြဲ ရယူႏိုင္မယ္လို႔ သိရပါတယ္။

Damien