【 နည်းပညာ 】 5G Foldable ကွေးညွတ်စမတ်ဖုန်းကို February၂၄ မှာ ထုတ်ဖော်ပြသတော့မယ့် Huawei

 【 နည်းပညာ 】 5G Foldable ကွေးညွတ်စမတ်ဖုန်းကို February၂၄ မှာ ထုတ်ဖော်ပြသတော့မယ့် Huawei

အစောပိုင်းကာလ အတည်ပြုချက်များအရ Huawei ဟာ မျက်နှာပြင် ကွေးညွတ်နိုင်တဲ့ 5G စမတ်ဖုန်း (Foldable 5G Smartphone) ကို တီထွင်နေပြီး MCW 2019 ပွဲမှာ ထုတ်ဖော်ပြသသွားမယ်လို့ သိရပါတယ်။ဒီ တရုတ် စမတ်ဖုန်းတီထွင်သူကြီးဟာ MCW 2019 ပွဲမှာ သူတို့ရဲ့ ထုတ်ကုန်တွေကို ထုတ်ဖော်ပြသရှင်းလင်းမယ့် အချိန်ကိုလဲ Twitter မှာ အသိပေးထားပြီးလဲ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၄ စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ ကျင်းပမယ့် MCW 2019 ဖွင့်ပွဲမတိုင်ခင်၊ Samsung ရဲ့ ကိုယ်ပိုင် Galaxy Unpacked ပွဲပြီး လေးရက်အကြာမှာ Huawei ရဲ့ မိတ်ဆက်တဲ့ 5G စမတ်ဖုန်းရဲ့ ကွေးညွတ်နေတဲ့ သွင်ပြင်ကိုလည်း တွေ့မြင်ရတော့မှာပဲ ဖြစ်ပါတယ်။

Huawei ရဲ့ ကိုယ်ပိုင် Twitter ကနေ မိတ်ဆက်ရှင်းလင်းပွဲကိုလည်း အသိပေးခဲ့ပြီး တစ်ချိန်တည်းမှာပဲ အနက်ရောင် ကွေးညွတ်နေတဲ့ ဘောင်နဲ့ ၎င်းတို့ရဲ့ မျိုးဆက်သစ် ဖြစ်လာမယ့် မျက်နှာပြင် ကွေးညွတ်နိုင်တဲ့ 5G စမတ်ဖုန်းရဲ့ ပုံရိပ်တစ်စိတ်တစ်ပိုင်းကိုလဲ ထုတ်ဖော်ပြသခဲ့ပါတယ်။

Huawei ဟာ ၎င်းတို့ရဲ့ ထုတ်ကုန်အသစ်ကို MCW 2019 မှာ မိတ်ဆက်ပြသမယ့် အစီအစဉ်ကိုလည်း the first foldable fifth-generation smartphone လို့ အမည်ပေးထားကြောင်း သိရပါတယ်။

Huawei ရဲ့ ပထမဆုံး မျက်နှာပြင်ကွေးညွတ် 5G စမတ်ဖုန်းကိုတော့ ၎င်းရဲ့ မြန်နှုန်းမြှင့် ကိုယ်ပိုင် Chipset ဖြစ်တဲ့ Kirin 980 SoC နဲ့ 5G မြန်နှုန်းနဲ့ Balong 5000 Modem ကို တပ်ဆင်ပွဲထုတ်လာနိုင်တယ်လို့လည်း ယူဆရပါတယ်။

အတည်မပြုနိုင်တဲ့ သတင်းများအရ Huawei ဟာ ၎င်းတို့ရဲ့ ကွေးညွတ်စမတ်ဖုန်းကို 2017 ကတည်းက တီထွင်ကြံဆနေခဲ့ပြီး၊ အခြားသော သတင်းတစ်ခုမှာတော့ ကိုရီးယား နည်းပညာဘီလူးကြီး Samsung ရဲ့ ကွေးညွတ်စမတ်ဖုန်း မိတ်မဆက်ခင်အထိ ကြိုတင်လက်ဦးမှုရယူဖို့ ကြိုးစားခဲ့တယ်လို့လည်း သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

Samsung ကတော့ ၎င်းတို့ရဲ့ ကွေးညွတ်စမတ်ဖုန်း မိတ်ဆက်ဗီဒီယိုလဲ ပေါ်ထွက်ခဲ့ပြီး ဖြစ်တဲ့အပြင် ဖေဖော်ဝါရီ ၂၀ မှာ ကျင်းပမယ့် Galaxy Unpacked ပွဲမှာလည်း Galaxy S10 series နဲ့ ကွေးညွတ်စမတ်ဖုန်းတွေကို တွဲပြီး ထုတ်ဖော်ပြသဖို့ စီစဉ်ပြီးနေပါပြီ။Huawei ရဲ့ ထုတ်ကုန်သစ်ကတော့ နောက်လေးရက်အကြာ MCW 2019 မှာမှ ပေါ်ထွက်လာမှာပါ။

သတင်းများအရ Huawei ရဲ့ ကွေးညွတ်စမတ်ဖုန်းကတော့ 7.2 inch မျက်နှာပြင်နဲ့ ပွဲထွက်လာဖွယ်ရှိနေပြီး၊ ကနဦးမှာ ယူနစ် ၂၄၀၀၀ မှ ၃၀၀၀၀ အကြား ထုတ်လုပ်သွားမယ် ယူဆရပြီး ဈေးကွက်ထဲ မည့်
သည့်အချိန်မှာ ရောက်ရှိလာမယ်ဆိုတာတော့ မသိရသေးပါဘူး။

Huawei ရဲ့ ကြေညာချက် မတိုင်မီ ရက်သတ္တပတ် အနည်းငယ်က Samsung, LG နဲ့ Huawei တို့ကလည်း ၎င်းတို့ရဲ့ ကွေးညွတ်စမတ်ဖုန်းတွေရဲ့ အစိတ်အပိုင်း ဒီဇိုင်းပုံစံတွေကို အသီးသီးပြသခဲ့ပြီးလည်း ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်မှာတော့ စမတ်ဖုန်းကုမ္ပဏီကြီးတွေဟာ ကွေးညွတ်ခေါက်သိမ်းပုံစံ စမတ်ဖုန်းတွေကို အပြိုင်အဆိုင်ထုတ်လုပ်ရင်း ဈေးကွက်ကိုကြီးစိုးလာဖို့ ကြိုးပမ်းလာနေကြပြီပဲ ဖြစ်ပါတယ်။

Damien
Ref - gagets.ndtv 

(  Zawgyi  )

 【 နည္းပညာ 】 5G Foldable ေကြးညြတ္စမတ္ဖုန္းကို February၂၄ မွာ ထုတ္ေဖာ္ျပသေတာ့မယ့္ Huawei
================================================

အေစာပိုင္းကာလ အတည္ျပဳခ်က္မ်ားအရ Huawei ဟာ မ်က္ႏွာျပင္ ေကြးၫြတ္ႏိုင္တဲ့ 5G စမတ္ဖုန္း (Foldable 5G Smartphone) ကို တီထြင္ေနၿပီး MCW 2019 ပြဲမွာ ထုတ္ေဖာ္ျပသသြားမယ္လို႔ သိရပါတယ္။ဒီ တ႐ုတ္ စမတ္ဖုန္းတီထြင္သူႀကီးဟာ MCW 2019 ပြဲမွာ သူတို႔ရဲ႕ ထုတ္ကုန္ေတြကို ထုတ္ေဖာ္ျပသ႐ွင္းလင္းမယ့္ အခ်ိန္ကိုလဲ Twitter မွာ အသိေပးထားၿပီးလဲ ျဖစ္ပါတယ္။

ေဖေဖာ္ဝါရီ ၂၄ စပိန္ႏိုင္ငံ ဘာစီလိုနာၿမိဳ႕မွာ က်င္းပမယ့္ MCW 2019 ဖြင့္ပြဲမတိုင္ခင္၊ Samsung ရဲ႕ ကိုယ္ပိုင္ Galaxy Unpacked ပြဲၿပီး ေလးရက္အၾကာမွာ Huawei ရဲ႕ မိတ္ဆက္တဲ့ 5G စမတ္ဖုန္းရဲ႕ ေကြးၫြတ္ေနတဲ့ သြင္ျပင္ကိုလည္း ေတြ႕ျမင္ရေတာ့မွာပဲ ျဖစ္ပါတယ္။

Huawei ရဲ႕ ကိုယ္ပိုင္ Twitter ကေန မိတ္ဆက္႐ွင္းလင္းပြဲကိုလည္း အသိေပးခဲ့ၿပီး တစ္ခ်ိန္တည္းမွာပဲ အနက္ေရာင္ ေကြးၫြတ္ေနတဲ့ ေဘာင္နဲ႔ ၎တို႔ရဲ႕ မ်ိဳးဆက္သစ္ ျဖစ္လာမယ့္ မ်က္ႏွာျပင္ ေကြးၫြတ္ႏိုင္တဲ့ 5G စမတ္ဖုန္းရဲ႕ ပံုရိပ္တစ္စိတ္တစ္ပိုင္းကိုလဲ ထုတ္ေဖာ္ျပသခဲ့ပါတယ္။

Huawei ဟာ ၎တို႔ရဲ႕ ထုတ္ကုန္အသစ္ကို MCW 2019 မွာ မိတ္ဆက္ျပသမယ့္ အစီအစဥ္ကိုလည္း the first foldable fifth-generation smartphone လို႔ အမည္ေပးထားေၾကာင္း သိရပါတယ္။

Huawei ရဲ႕ ပထမဆံုး မ်က္ႏွာျပင္ေကြးၫြတ္ 5G စမတ္ဖုန္းကိုေတာ့ ၎ရဲ႕ ျမန္ႏႈန္းျမႇင့္ ကိုယ္ပိုင္ Chipset ျဖစ္တဲ့ Kirin 980 SoC နဲ႔ 5G ျမန္ႏႈန္းနဲ႔ Balong 5000 Modem ကို တပ္ဆင္ပြဲထုတ္လာႏိုင္တယ္လို႔လည္း ယူဆရပါတယ္။

အတည္မျပဳႏိုင္တဲ့ သတင္းမ်ားအရ Huawei ဟာ ၎တို႔ရဲ႕ ေကြးၫြတ္စမတ္ဖုန္းကို 2017 ကတည္းက တီထြင္ၾကံဆေနခဲ့ၿပီး၊ အျခားေသာ သတင္းတစ္ခုမွာေတာ့ ကိုရီးယား နည္းပညာဘီလူးႀကီး Samsung ရဲ႕ ေကြးၫြတ္စမတ္ဖုန္း မိတ္မဆက္ခင္အထိ ႀကိဳတင္လက္ဦးမႈရယူဖို႔ ႀကိဳးစားခဲ့တယ္လို႔လည္း သတင္းေတြထြက္ေပၚခဲ့ပါတယ္။

Samsung ကေတာ့ ၎တို႔ရဲ႕ ေကြးၫြတ္စမတ္ဖုန္း မိတ္ဆက္ဗီဒီယိုလဲ ေပၚထြက္ခဲ့ၿပီး ျဖစ္တဲ့အျပင္ ေဖေဖာ္ဝါရီ ၂၀ မွာ က်င္းပမယ့္ Galaxy Unpacked ပြဲမွာလည္း Galaxy S10 series နဲ႔ ေကြးညြတ္စမတ္ဖုန္းေတြကို တြဲၿပီး ထုတ္ေဖာ္ျပသဖို႔ စီစဥ္ၿပီးေနပါၿပီ။Huawei ရဲ႕ ထုတ္ကုန္သစ္ကေတာ့ ေနာက္ေလးရက္အၾကာ MCW 2019 မွာမွ ေပၚထြက္လာမွာပါ။

သတင္းမ်ားအရ Huawei ရဲ႕ ေကြးၫြတ္စမတ္ဖုန္းကေတာ့ 7.2 inch မ်က္ႏွာျပင္နဲ႔ ပြဲထြက္လာဖြယ္႐ွိေနၿပီး၊ ကနဦးမွာ ယူနစ္ ၂၄၀၀၀ မွ ၃၀၀၀၀ အၾကား ထုတ္လုပ္သြားမယ္ ယူဆရၿပီး ေစ်းကြက္ထဲ မည့္
သည့္အခ်ိန္မွာ ေရာက္႐ွိလာမယ္ဆိုတာေတာ့ မသိရေသးပါဘူး။

Huawei ရဲ႕ ေၾကညာခ်က္ မတိုင္မီ ရက္သတၱပတ္ အနည္းငယ္က Samsung, LG နဲ႔ Huawei တို႔ကလည္း ၎တို႔ရဲ႕ ေကြးၫြတ္စမတ္ဖုန္းေတြရဲ႕ အစိတ္အပိုင္း ဒီဇိုင္းပံုစံေတြကို အသီးသီးျပသခဲ့ၿပီးလည္း ျဖစ္ပါတယ္။

၂၀၁၉ ခုႏွစ္မွာေတာ့ စမတ္ဖုန္းကုမၸဏီႀကီးေတြဟာ ေကြးၫြတ္ေခါက္သိမ္းပံုစံ စမတ္ဖုန္းေတြကို အၿပိဳင္အဆိုင္ထုတ္လုပ္ရင္း ေစ်းကြက္ကိုႀကီးစိုးလာဖို႔ ႀကိဳးပမ္းလာေနၾကၿပီပဲ ျဖစ္ပါတယ္။

Damien
Ref - gagets.ndtv