【 နည်းပညာ 】 ‘လ’ ကမ္ဘာ မြေမျက်နှာပြင် စူးစမ်းလေ့လာရေးမစ်ရှင် ရည်မှန်းချက်တွေကို တရုတ်ဖော်ပြ

【 နည်းပညာ 】 ‘လ’ ကမ္ဘာ မြေမျက်နှာပြင် စူးစမ်းလေ့လာရေးမစ်ရှင် ရည်မှန်းချက်တွေကို တရုတ်ဖော်ပြ

ပေကျင်း၊ ဇန်နဝါရီ - ၂၈
 
တရုတ်အာကာသဆိုင်ရာ သိပ္ပံပညာရှင်တွေက ‘လ’ ကမ္ဘာ မြေမျက်နှာပြင် စူးစမ်းလေ့လာရေးမစ်ရှင်ရဲ့ ရည်မှန်းချက်တွေကို စာတမ်းတစ်စောင်တွင် ဖော်ပြခဲ့တယ်လို့ CMG သတင်းဌာန ဖော်ပြမှုအရ သိရပါတယ်။
 
တရုတ်ဟာ နိုင်ငံရဲ့ ရည်မှန်းချက်ကြီးမားတဲ့ အဓိကမစ်ရှင်တွေအဖြစ် Chang'e-6 မစ်ရှင်ကို ၂၀၂၄ ခုနှစ်အတွင်းမှာ လွှတ်တင်သွားမှာဖြစ်သလို Chang'e-7 မစ်ရှင်ကိုတော့ ၂၀၂၆ ခုနှစ်မှာ လွှတ်တင်သွားဖို့ စီစဉ်ထားပါတယ်။
 
Chang'e-6 မစ်ရှင်ကို ယခုနှစ် ပထမနှစ်ဝက်အတွင်းမှာပဲ ‘လ’ ပေါ် ဆင်းသက်စေနိုင်ဖို့ တရုတ်က မျှော်လင့်ထားပြီး၊ ‘လ’ ရဲ့ ဝေးကွာတဲ့ နေရာတွေက နမူနာတွေကို စုဆောင်းပြီး ကမ္ဘာသို့ ပြန်လည်ပို့ဆောင်ပြီး သိပ္ပံပညာရှင်တွေ လေ့လာနိုင်စေဖို့ ရည်မှန်းထားပါတယ်။
 
‘လ’ စူးစမ်းလေ့လာရေး မစ်ရှင်နှစ်ခုအတွင်း ‘လ’ ကမ္ဘာရဲ့ မြေဆီလွှာတွေ၊ သဏ္ဍာန်နဲ့ ဖွဲ့စည်းမှု၊ အတွင်းပိုင်းဖွဲ့စည်းပုံ၊ သံလိုက်စက်ကွင်းတွေနဲ့ ရေခဲပြင်တွေကို လေ့လာသွားဖို့ ရည်မှန်းထားကြောင်း တရုတ်သိပ္ပံပညာရှင်တွေက ဖော်ပြခဲ့ပါတယ်။
 
၂၀၂၆ ခုနှစ်မှာ လွှတ်တင်သွားမယ့် Chang'e-7 မစ်ရှင်မှာ Chang'e-7 ‘လ’ ဆင်းယာဉ်နဲ့အတူ ပျံသန်း နိုင်တဲ့ ယာဉ်ငယ်တစ်ခုလည်းပါဝင်မှာဖြစ်ပြီး၊ ‘လ’ ကမ္ဘာရဲ့ တောင်ဝင်ရိုးစွန်းအနီး မီးတောင်ကြားကို ဆင်းသက်ဖို့ ရည်ရွယ်ထားကြောင်း စာတမ်းအတွင်း ဖော်ပြထားပါတယ်။ဒါ့အပြင် အဆိုပါမစ်ရှင်ကို ‘လ’ ရဲ့ ဖွဲ့စည်းမှုနဲ့ ဆင့်ကဲဖြစ်စဉ်၊ ‘လ’ ပေါ်ရှိ အရင်းအမြစ်တွေကို အသုံးချနိုင်ခြင်း ရှိ၊ မရှိ လေ့လာရန်နဲ့ ‘လ’ ပေါ်မှာ ရေရှည် သုတေသနစခန်းတစ်ခု တည်ထောင်သွားရန် အုတ်မြစ်ချပေးမယ့် အစီအစဉ်တွေကို လုပ်ဆောင်ဖို့ ရည်မှန်းထားတာလည်းဖြစ်ပါတယ်။
 
Damien
Ref - CMG