【 နည်းပညာ 】 ၂၀၂၁ ခုနှစ်မှာ Galaxy Note line ကို Samsung အဆုံးသတ်တော့မလား

【 နည်းပညာ 】 ၂၀၂၁ ခုနှစ်မှာ Galaxy Note line ကို Samsung အဆုံးသတ်တော့မလား

Samsung မှ ထုတ်လုပ်တဲ့ Galaxy Note စမတ်ဖုန်းတွေဟာ မျက်နှာပြင်ကြီးမားပြီး၊ S-pen ပါဝင်တဲ့အတွက် အလွန်လူကြိုက်များတဲ့ စမတ်ဖုန်းစီးရီးတစ်ခုအဖြစ် ရပ်တည်ခဲ့ပါတယ်။

ယခုထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ Galaxy Note ပရိတ်သတ်တွေအတွက် Samsung ရဲ့ Galaxy Note line ကို လက်ပြနှုတ်ဆက်ရတော့မယ့် ပုံပါပဲ။

လွန်ခဲ့တဲ့ အင်္ဂါနေ့က ၂၀၂၁ ခုနှစ်အတွင်း Galaxy Note စမတ်ဖုန်းသစ်ကို Samsung ဘက်က ထုတ်လုပ်သွားဖို့ အစီအစဉ်မရှိဘူးလို့ ရိုက်တာမှ ဖော်ပြခဲ့ပါတယ်။အခြားသောသတင်းတွေအရလည်း Samsung ဘက်က Galaxy Note စမတ်ဖုန်းတွေရဲ့ အမှတ်အသားလို့ ဆိုရမယ့် stylus pen ‌(S-pen) ကို Galaxy S21series နဲ့ ကွေးညွတ်ဖုန်းတွေမှာ ထည့်သွင်းပေးလာဖွယ်ရှိတယ်လို့ သိရပါတယ်။

Samsung ဘက်ကလည်း Galaxy Note စမတ်ဖုန်းတွေထက် ကွေးညွတ်စမတ်ဖုန်းတွေဘက်ကို ပိုမိုအာရုံစိုက်ချင်တဲ့ပုံစံကို မြင်တွေ့ရပါတယ်။

ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းကုမ္ပဏီကြီး‌တွေထဲက တစ်ခုဖြစ်တဲ့ Samsung ဟာ Galaxy A series စမတ်ဖုန်းတွေနဲ့ အလယ်လတ်တန်းစား စမတ်ဖုန်းဈေးကွက်ကို ယှဉ်ပြိုင်လျက်ရှိပြီး၊ ကွေးညွတ်ဖုန်းဈေးကွက်ကိုလည်း ဦးဆောင်ထားလျက်ရှိတာကို မြင်တွေ့ရပါတယ်။

Damien

( Zawgyi )

Samsung မွ ထုတ္လုပ္တဲ့ Galaxy Note စမတ္ဖုန္းေတြဟာ မ်က္ႏွာျပင္ႀကီးမားၿပီး၊ S-pen ပါဝင္တဲ့အတြက္ အလြန္လူႀကိဳက္မ်ားတဲ့ စမတ္ဖုန္းစီးရီးတစ္ခုအျဖစ္ ရပ္တည္ခဲ့ပါတယ္။

ယခုထြက္ေပၚေနတဲ့ သတင္းေတြအရေတာ့ Galaxy Note ပရိတ္သတ္ေတြအတြက္ Samsung ရဲ႕ Galaxy Note line ကို လက္ျပႏႈတ္ဆက္ရေတာ့မယ့္ ပုံပါပဲ။

လြန္ခဲ့တဲ့ အဂၤါေန႔က ၂၀၂၁ ခုႏွစ္အတြင္း Galaxy Note စမတ္ဖုန္းသစ္ကို Samsung ဘက္က ထုတ္လုပ္သြားဖို႔ အစီအစဥ္မရွိဘူးလို႔ ႐ိုက္တာမွ ေဖာ္ျပခဲ့ပါတယ္။အျခားေသာသတင္းေတြအရလည္း Samsung ဘက္က Galaxy Note စမတ္ဖုန္းေတြရဲ႕ အမွတ္အသားလို႔ ဆိုရမယ့္ stylus pen ‌(S-pen) ကို Galaxy S21series နဲ႔ ေကြးၫြတ္ဖုန္းေတြမွာ ထည့္သြင္းေပးလာဖြယ္ရွိတယ္လို႔ သိရပါတယ္။

Samsung ဘက္ကလည္း Galaxy Note စမတ္ဖုန္းေတြထက္ ေကြးၫြတ္စမတ္ဖုန္းေတြဘက္ကို ပိုမိုအာ႐ုံစိုက္ခ်င္တဲ့ပုံစံကို ျမင္ေတြ႕ရပါတယ္။

ကမာၻ႔အႀကီးဆုံး စမတ္ဖုန္းကုမၸဏီႀကီး‌ေတြထဲက တစ္ခုျဖစ္တဲ့ Samsung ဟာ Galaxy A series စမတ္ဖုန္းေတြနဲ႔ အလယ္လတ္တန္းစား စမတ္ဖုန္းေဈးကြက္ကို ယွဥ္ၿပိဳင္လ်က္ရွိၿပီး၊ ေကြးၫြတ္ဖုန္းေဈးကြက္ကိုလည္း ဦးေဆာင္ထားလ်က္ရွိတာကို ျမင္ေတြ႕ရပါတယ္။

Damien