【 နည်းပညာ 】 ဥရောပကို နယ်ချဲ့လာတဲ့ Xiaomi Mi 9T

【 နည်းပညာ 】 ဥရောပကို နယ်ချဲ့လာတဲ့ Xiaomi Mi 9T

Xiaomi Mi 9 series ရဲ့ မျိုးဆက်သစ်ဖြစ်တဲ့ Mi 9T ကတော့ ထွက်ပေါ်လာခဲ့ပြီပဲ ဖြစ်ပါတယ်။

၎င်းအရင် ထွက်ရှိခဲ့တဲ့ Redmi ရဲ့ K20 နဲ့ ဒီဇိုင်းပုံစံ ဆင်တူတာကိုလည်း မြင်တွေ့ရပြီး၊ Mi 9T ဆိုတဲ့ အမည်နဲ့ ဥရောပမှာ တရားဝင်ဖြန့်ချီမှာပါ။

Mi 9T ရဲ့ specs ကတော့ Snapdragon 730 တပ်ဆင်မောင်းနှင်ထားပြီး၊ 6GB RAM ပါဝင်လာမှာပါ။သိမ်းဆည်းနိုင်မှုပမာဏအနေနဲ့တော့ 64/128 GB ကြိုက်နှစ်သက်ရာ ရွေးချယ်နိုင်မှာပဲ ဖြစ်ပါတယ်။ 6.39-inch, 1080x2340 resolution ရှိတဲ့ AMOLED မျက်နှာပြင်ကို တပ်ဆင်ပေးထားပြီး၊ မျက်နှာပြင်အောက်မှာပဲ လက်ဗွေဖတ်စက်ကို ထည့်သွင်းပေးထားကာ၊ notch မပါဝင်ပဲ pop-up 20MP selfie ကင်မရာကို အသုံးပြုပေးထားတာ ဖြစ်ပါတယ်။

နောက်ဘက်ကင်မရာသုံးလုံး တပ်ဆင်ပေးထားပြီး၊ 48MP အဓိက ကင်မရာနဲ့အတူ၊ 8MP tele နဲ့ 13MP ultrawide တို့ကို အသုံးပြုထားပါတယ်။ဘက်ထရီကိုတော့ 4000mAh ထည့်သွင်းပေးထားပါတယ်။

ဈေးနှုန်းအနေနဲ့ 6/64 GB ကို မြန်မာငွေ ၅၆၀,၀၀၀ ခန့်နဲ့ 6/128 GB ကို ၆၃၀,၀၀၀ ခန့် ကျသင့်မှာဖြစ်ပြီး၊ အရောင်ကတော့ Black, Blue နဲ့ Red အရောင်သုံးမျိုး ရွေးချယ်နိုင်မှာလည်း ဖြစ်ပါတယ်။

Damien

( Zawgyi )

Xiaomi Mi 9 series ရဲ႕ မ်ိဳးဆက္သစ္ျဖစ္တဲ့ Mi 9T ကေတာ့ ထြက္ေပၚလာခဲ့ၿပီပဲ ျဖစ္ပါတယ္။

၎အရင္ ထြက္ရွိခဲ့တဲ့ Redmi ရဲ႕ K20 နဲ႔ ဒီဇိုင္းပုံစံ ဆင္တူတာကိုလည္း ျမင္ေတြ႕ရၿပီး၊ Mi 9T ဆိုတဲ့ အမည္နဲ႔ ဥေရာပမွာ တရားဝင္ျဖန႔္ခ်ီမွာပါ။

Mi 9T ရဲ႕ specs ကေတာ့ Snapdragon 730 တပ္ဆင္ေမာင္းႏွင္ထားၿပီး၊ 6GB RAM ပါဝင္လာမွာပါ။သိမ္းဆည္းႏိုင္မႈပမာဏအေနနဲ႔ေတာ့ 64/128 GB ႀကိဳက္ႏွစ္သက္ရာ ေ႐ြးခ်ယ္ႏိုင္မွာပဲ ျဖစ္ပါတယ္။ 6.39-inch, 1080x2340 resolution ရွိတဲ့ AMOLED မ်က္ႏွာျပင္ကို တပ္ဆင္ေပးထားၿပီး၊ မ်က္ႏွာျပင္ေအာက္မွာပဲ လက္ေဗြဖတ္စက္ကို ထည့္သြင္းေပးထားကာ၊ notch မပါဝင္ပဲ pop-up 20MP selfie ကင္မရာကို အသုံးျပဳေပးထားတာ ျဖစ္ပါတယ္။

ေနာက္ဘက္ကင္မရာသုံးလုံး တပ္ဆင္ေပးထားၿပီး၊ 48MP အဓိက ကင္မရာနဲ႔အတူ၊ 8MP tele နဲ႔ 13MP ultrawide တို႔ကို အသုံးျပဳထားပါတယ္။ဘက္ထရီကိုေတာ့ 4000mAh ထည့္သြင္းေပးထားပါတယ္။

ေဈးႏႈန္းအေနနဲ႔ 6/64 GB ကို ျမန္မာေငြ ၅၆၀,၀၀၀ ခန႔္နဲ႔ 6/128 GB ကို ၆၃၀,၀၀၀ ခန႔္ က်သင့္မွာျဖစ္ၿပီး၊ အေရာင္ကေတာ့ Black, Blue နဲ႔ Red အေရာင္သုံးမ်ိဳး ေ႐ြးခ်ယ္ႏိုင္မွာလည္း ျဖစ္ပါတယ္။

Damien