【 နည်းပညာ 】 အာကာသပတ်ဝန်းကျင်နဲ့ လေထုစောင့်ကြည့်ရေးအတွက် ဂြိုဟ်တုတစ်လုံးကို တရုတ်ထပ်မံလွှတ်တင်

【 နည်းပညာ 】 အာကာသပတ်ဝန်းကျင်နဲ့ လေထုစောင့်ကြည့်ရေးအတွက် ဂြိုဟ်တုတစ်လုံးကို တရုတ်ထပ်မံလွှတ်တင်

ပေကျင်း၊ မတ် - ၂၉

တရုတ်နိုင်ငံက အာကာသပတ်ဝန်းကျင်နဲ့ လေထုစောင့်ကြည့်ရေးအတွက် ဂြိုဟ်တုတစ်လုံးကို ဗုဒ္ဓဟူးနေ့က ထပ်မံလွှတ်တင်လိုက်တယ်လို့ CMG သတင်းအရ သိရပါတယ်။

တရုတ်မြောက်ပိုင်း၊ ရှန်းရှီးပြည်နယ်အတွင်းရှိ Taiyuan ဂြိုဟ်တုလွှတ်တင်ရေးစင်တာကနေ Yunhai-3 02 ဂြိုဟ်တုကို လွှတ်တင်ခဲ့တာပါ။

လွန်ခဲ့တဲ့ရက်သတ္တပတ်က Yunhai-2 02 ဂြိုဟ်တုအစုအဖွဲ့ကို လွှတ်တင်အပြီးမှာပဲ Yunhai-3 02 ဂြိုဟ်တုကို ထပ်မံလွှတ်တင်ခဲ့တာဖြစ်ပြီး၊ ယခုလွှတ်တင်မှုမှာတော့ တရုတ်ပြည်တွင်းထုတ် Long March-6 သယ်ဆောင်ဒုံးပျံယာဉ်ကို အသုံးပြုခဲ့ပါတယ်။

Yunhai-3 02 ဂြိုဟ်တုဟာ ကြိုတင်သတ်မှတ်ထားတဲ့ ပတ်လမ်းကြောင်းအတွင်းသို့ အောင်မြင်စွာ ဝင်ရောက်သွားနိုင်ခဲ့ပြီဖြစ်ပြီး၊ အာကာသပတ်ဝန်းကျင် စောင့်ကြည့်ခြင်း၊ လေထုနဲ့ အဏ္ဏဝါပတ်ဝန်းကျင် ထောက်လှမ်းခြင်း၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနဲ့ လျှော့ချရေးအပြင် သိပ္ပံနည်းကျ စမ်းသပ်မှုများကဲ့သို့ လုပ်ငန်းဆောင်တာတွေအတွက် အဓိကအသုံးပြုသွားမှာဖြစ်ပါတယ်။

တရုတ်နိုင်ငံ ပြည်တွင်းထုတ် Long March စီးရီး သယ်ဆောင်ဒုံးပျံအတွက်လည်း ယခုလွှတ်တင်မှုဟာ ၅၁၄ ကြိမ်မြောက် ပျံသန်းမှု မစ်ရှင်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Damien
Ref - CMG