【 နည်းပညာ 】 ရှေးဟောင်းသုတေသနဆိုင်ရာ လျှို့ဝှက်ဆန်းကြယ်မှုတွေကို ဉာဏ်ရည်တု (AI) နည်းပညာနဲ့ ဖြေရှင်းပေးနိုင်တော့မည်

【 နည်းပညာ 】 ရှေးဟောင်းသုတေသနဆိုင်ရာ လျှို့ဝှက်ဆန်းကြယ်မှုတွေကို ဉာဏ်ရည်တု (AI) နည်းပညာနဲ့ ဖြေရှင်းပေးနိုင်တော့မည်

လန်ဒန်၊ ဒီဇင်ဘာ - ၁၁

စွမ်းရည်မြင့် ဉာဏ်ရည်တု (AI) နည်းပညာနဲ့ ရှေးဟောင်းသုတေသနဆိုင်ရာ လျှို့ဝှက်ဆန်းကြယ်မှုတွေကို ဖြေရှင်းပေးနိုင်တော့မယ်လို့ သိရပါတယ်။

များပြားလှတဲ့ ဒေတာအချက်အလက်ပုံစံတွေကို ထောက်လှမ်း ခွဲခြားစိပ်ဖြာနိုင်တဲ့ ဉာဏ်ရည်တုစွမ်းရည်ဟာ နောက်ဆုံးမှာတော့ ရှေးဟောင်းကမ္ဘာရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အရာတွေကို ‌ဖြေရှင်းပေးနိုင်ဖို့ လမ်းစပွင့်လာတာလည်းဖြစ်ပါတယ်။

ရှေးဟောင်းသုတေသီတွေဟာ IBM နဲ့ Google ရဲ့ Deepmind ကဲ့သို့ ဉာဏ်ရည်တုနည်းပညာဆိုင်ရာ ကုမ္ပဏီတွေနဲ့ လက်တွဲလုပ်ဆောင်လျက်ရှိရာမှာ တစ်ချိန်က ဖတ်လို့မရနိုင်ဘူးလို့ ယူဆခဲ့ကြပြီး ခရစ်တော်မပေါ်မီ နှစ်နှစ်ထောင်ခန့်က လျှို့ဝှက်ဆန်းကြယ် အမည်မသိဘာသာစကားတွေနဲ့ ရေးသားခဲ့တဲ့ စာသားတွေကို အဓိပ္ပါယ်ထုတ်ပေးနိုင်မယ့် လမ်းစကို တွေ့ရှိခဲ့ပါတယ်။ AI နည်းပညာဟာ သုတေသီတွေကို လူသားတွေ လုပ်နိုင်စွမ်းထက် ပိုမိုသာလွန်တဲ့စွမ်းရည်နဲ့ ရုပ်ပုံများကို ခွဲခြမ်းစိပ်ဖြာနိုင်ခဲ့ပြီး ရှေးဟောင်းဘာသာစကား သမိုင်းနဲ့ပတ်သက်တဲ့ အခြေခံမေးခွန်းတွေကို ဖြေဆိုနိုင်ခဲ့ကာ ဂရိနဲ့ ရောမ ရှေးခေတ်စာရေးဆရာတွေရဲ့ ပျောက်ဆုံးသွားတဲ့ လက်ရာတွေကို ဖော်ထုတ်ပေးနိုင်ဖို့ရှိနေပါတယ်။

သုတေသီတွေဟာ AI နည်းပညာနဲ့ လွန်ခဲ့တဲ့ ၁၉၀၀ ခုနှစ်က ရှာဖွေတွေ့ရှိခဲ့တဲ့ ရှေးဟောင်းကျောက်စာတွေကို ‌လေ့လာခဲ့ရာမှာတော့ ရှေးခေတ် ဂရိတွေရဲ့ ကျွန်းတွေကို မှတ်သားထားတဲ့ ကျောက်စာနဲ့ ကြေးခေတ်နိုင်ငံတစ်ခုဖြစ်တဲ့ Minoan ယဉ်ကျေးမှုမှ ကျောက်စာဖြစ်နိုင်တယ်လို့ ယူဆကာ အဖြေထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ AI နည်းပညာရဲ့ အဖြေထုတ်ပေးနိုင်စွမ်းကို အတိအကျသတ်မှတ်ဖို့တော့ အချိန်လိုအပ်နေသေးပြီး၊ ဆက်လက်လေ့လာဆန်းစစ်မှုတွေပြုလုပ်ဖို့ လိုအပ်နေသေးတယ်လို့ သုတေသီတွေက ဆိုပါတယ်။

Damien
Ref - dailymail