【 နည်းပညာ 】 ရာသီဥတုဆိုင်ရာ ညီလာခံမှာ မိုးလေဝသခန့်မှန်းနိုင်မယ့် AI မော်ဒယ်လ်ကို တရုတ်သိပ္ပံပညာရှင် မိတ်ဆက်ပေးခဲ့

【 နည်းပညာ 】 ရာသီဥတုဆိုင်ရာ ညီလာခံမှာ မိုးလေဝသခန့်မှန်းနိုင်မယ့် AI မော်ဒယ်လ်ကို တရုတ်သိပ္ပံပညာရှင် မိတ်ဆက်ပေးခဲ့

ဒူဘိုင်း၊ ဒီဇင်ဘာ - ၁၅
 
၂၈ ကြိမ်မြောက် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း (COP28) ညီလာခံကို အာရပ်စော်ဘွားများပြည်ထောင်စု၊ ဒူဘိုင်းမြို့မှာ ကျင်းပခဲ့ပါတယ်။
 
အဆိုပါ COP28 ညီလာခံမှာတော့ တရုတ်သိပ္ပံပညာရှင်တစ်ဦးက မိုးလေဝသကို ခန့်မှန်းပေးနိုင်မယ့် ဉာဏ်ရည်တု (AI) နည်းပညာ မော်ဒယ်လ်ကို မိတ်ဆက်ပေးခဲ့ပါတယ်။
 
COP28 မှာ မိတ်ဆက်ခဲ့တဲ့ မိုးလေဝသခန့်မှန်းမှုဆိုင်ရာ AI မော်ဒယ်လ်ကို “FuXi-Subseasonal” လို့ အမည်ပေးထားပါတယ်။အဆိုပါ AI မော်ဒယ်လ်ကို ရှန်ဟိုင်း သိပ္ပံအတွက် ဉာဏ်ရည်တုနည်းပညာ အကယ်ဒမီ၊ ဖူဒန်တက္ကသိုလ်နဲ့ တရုတ်အမျိုးသား ရာသီဥတု ဗဟိုဌာနတို့က သိပ္ပံပညာရှင်တွေ ပူးပေါင်းပြီး တီထွင်ဖန်တီးထားတာဖြစ်ပါတယ်။
 
AI မော်ဒယ်လ်သစ်ဟာ ရာသီဥတုကွဲလွဲချက်တွေနဲ့ ပြင်းထန်ရာသီဥတုအခြေအနေတွေကို ခန့်မှန်းရာမှာ သိသိသာသာ အထောက်အကူဖြစ်စေတယ်လို့ သိပ္ပံပညာရှင်တွေကဆိုပြီး၊ ရာသီဥတုအခြေအနေတွေကို ခန့်မှန်းရာမှာ နည်းပညာမြင့် AI နည်းပညာကို အသုံးပြုခြင်းဟာ ရာသီဥတုသိပ္ပံကို မြှင့်တင်ဖို့အတွက် အရေးကြီးတဲ့ လိုအပ်ချက်ဖြစ်တယ်လို့လည်း သိပ္ပံပညာရှင်တွေ ဆက်ပြောပါတယ်။
 
“FuXi-Subseasonal” AI မော်ဒယ်လ်ဟာ ပြင်းထန် အစွန်းရောက် ရာသီဥတုတွေကို ခန့်မှန်းရာမှာ သာမန်ရာသီဥတုခန့်မှန်းမှု နည်းလမ်းတွေထက် ပိုမိုတိကျတဲ့အဆင့်ကို ရရှိတယ်လို့လည်း တရုတ်သိပ္ပံပညာရှင်က ပြောကြားခဲ့ပါတယ်။
 
Damien
Ref - CMG