【 နည်းပညာ 】 မမ်မိုရီ 12GB ဒီဇိုင်းအသစ်နဲ့ ZTE Axon 20 5G Extreme Edition ကို မိတ်ဆက်ပြီ

【 နည်းပညာ 】 မမ်မိုရီ 12GB ဒီဇိုင်းအသစ်နဲ့ ZTE Axon 20 5G Extreme Edition ကို မိတ်ဆက်ပြီ

လွန်ခဲ့တဲ့ စက်တင်ဘာလတုန်းက တရုတ်နည်းပညာကုမ္ပဏီကြီး ZTE မှ ကမ္ဘာ့ပထမဆုံး မျက်နှာပြင်အောက် ကင်မရာမြှုပ်နှံထားတဲ့ (under-display selfie camera) နည်းပညာ ပါဝင်တဲ့ Axon 20 5G စမတ်ဖုန်းကို မိတ်ဆက်ခဲ့တာ အားလုံးမှတ်မိကြမယ် ထင်ပါတယ်။

ယခုတော့ အဆိုပါ Axon 20 5G ကိုပဲ အဆင့်မြှင့်တင်ပြီး Axon 20 5G Extreme Edition စမတ်ဖုန်းသစ်အဖြစ် ထပ်မံမိတ်ဆက်လိုက်တယ်လို့ သိရပါတယ်။

Axon 20 5G Extreme Edition ဟာ ယခင်မိတ်ဆက်ထားခဲ့တဲ့ Axon 20 5G နဲ့ နည်းပညာပိုင်းမှာတော့ တူညီမှာဖြစ်ပါတယ်။ကြီးမားတဲ့ပြောင်းလဲမှုတွေကတော့ စမတ်ဖုန်းရဲ့ နောက်ဘက်ဒီဇိုင်းပိုင်းနဲ့ မမ်မိုရီပမာဏကို တိုးမြှင့်ပေးလာတာပါပဲ။ယခုထပ်မံမိတ်ဆက်လိုက်တဲ့ Extreme Edition မှာ မမ်မိုရီပမာဏ 12GB အထိ တိုးမြှင့်လာပြီး၊ စမတ်ဖုန်းနောက်ဘက်ဒီဇိုင်းကိုတော့ သားရေပုံစံ အဝါရောင်ဒီဇိုင်းကို အသုံးပြုထားတာ မြင်တွေ့ရပါတယ်။

မျက်နှာပြင်အရွယ်အစား ၆.၉၂ လက်မရှိပြီး၊ Snapdragon 765G chipset နဲ့ မောင်းနှင်ပေးထားတာဖြစ်ပါတယ်။အဓိက ကင်မရာအဖြစ် 64MP အရည်အသွေးကို တပ်ဆင်ပေးထားပြီး၊ ရှေ့ဘက် 32MP ကင်မရာကိုတော့ မျက်နှာပြင်အောက်ထဲ မြှုပ်နှံတပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။ဘက်ထရီပမာဏကတော့ 4,220mAh ဖြစ်ပြီး၊ အားသွင်းတာ မြန်ဆန်စေရန်အတွက် 30W မြန်နှုန်းမြှင့်အားသွင်းစနစ်ကိုလည်း ထောက်ပံ့ပေးထားပါတယ်။

Axon 20 5G Extreme Edition ကို မြန်မာငွေ ၇ သိန်းကျော်ခန့် စျေးသတ်မှတ်ထားပြီး၊ သာမန် Axon 20 5G ထက် နှစ်သိန်းကျော်ခန့် စျေးပိုများမှာလည်း ဖြစ်ပါတယ်။

Damien

( Zawgyi )

လြန္ခဲ့တဲ့ စက္တင္ဘာလတုန္းက တ႐ုတ္နည္းပညာကုမၸဏီႀကီး ZTE မွ ကမာၻ႔ပထမဆုံး မ်က္ႏွာျပင္ေအာက္ ကင္မရာျမႇဳပ္ႏွံထားတဲ့ (under-display selfie camera) နည္းပညာ ပါဝင္တဲ့ Axon 20 5G စမတ္ဖုန္းကို မိတ္ဆက္ခဲ့တာ အားလုံးမွတ္မိၾကမယ္ ထင္ပါတယ္။

ယခုေတာ့ အဆိုပါ Axon 20 5G ကိုပဲ အဆင့္ျမႇင့္တင္ၿပီး Axon 20 5G Extreme Edition စမတ္ဖုန္းသစ္အျဖစ္ ထပ္မံမိတ္ဆက္လိုက္တယ္လို႔ သိရပါတယ္။

Axon 20 5G Extreme Edition ဟာ ယခင္မိတ္ဆက္ထားခဲ့တဲ့ Axon 20 5G နဲ႔ နည္းပညာပိုင္းမွာေတာ့ တူညီမွာျဖစ္ပါတယ္။ႀကီးမားတဲ့ေျပာင္းလဲမႈေတြကေတာ့ စမတ္ဖုန္းရဲ႕ ေနာက္ဘက္ဒီဇိုင္းပိုင္းနဲ႔ မမ္မိုရီပမာဏကို တိုးျမႇင့္ေပးလာတာပါပဲ။ယခုထပ္မံမိတ္ဆက္လိုက္တဲ့ Extreme Edition မွာ မမ္မိုရီပမာဏ 12GB အထိ တိုးျမႇင့္လာၿပီး၊ စမတ္ဖုန္းေနာက္ဘက္ဒီဇိုင္းကိုေတာ့ သားေရပုံစံ အဝါေရာင္ဒီဇိုင္းကို အသုံးျပဳထားတာ ျမင္ေတြ႕ရပါတယ္။

မ်က္ႏွာျပင္အ႐ြယ္အစား ၆.၉၂ လက္မရွိၿပီး၊ Snapdragon 765G chipset နဲ႔ ေမာင္းႏွင္ေပးထားတာျဖစ္ပါတယ္။အဓိက ကင္မရာအျဖစ္ 64MP အရည္အေသြးကို တပ္ဆင္ေပးထားၿပီး၊ ေရွ႕ဘက္ 32MP ကင္မရာကိုေတာ့ မ်က္ႏွာျပင္ေအာက္ထဲ ျမႇဳပ္ႏွံတပ္ဆင္ေပးထားတာ ျဖစ္ပါတယ္။ဘက္ထရီပမာဏကေတာ့ 4,220mAh ျဖစ္ၿပီး၊ အားသြင္းတာ ျမန္ဆန္ေစရန္အတြက္ 30W ျမန္ႏႈန္းျမႇင့္အားသြင္းစနစ္ကိုလည္း ေထာက္ပံ့ေပးထားပါတယ္။

Axon 20 5G Extreme Edition ကို ျမန္မာေငြ ၇ သိန္းေက်ာ္ခန႔္ ေစ်းသတ္မွတ္ထားၿပီး၊ သာမန္ Axon 20 5G ထက္ ႏွစ္သိန္းေက်ာ္ခန႔္ ေစ်းပိုမ်ားမွာလည္း ျဖစ္ပါတယ္။

Damien