【 နည်းပညာ 】 ပြန်လည်ပြင်ဆင်ထားသော iPhone X များကို Apple ဈေးလျှော့ရောင်းပေးမည်

【 နည်းပညာ 】 ပြန်လည်ပြင်ဆင်ထားသော iPhone X များကို Apple ဈေးလျှော့ရောင်းပေးမည်

Apple မှ ပြန်လည်ပြင်ဆင်ထားသော iPhone X များကို ဈေးလျှော့ရောင်းပေးသွားမှာ ဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။

ဈေးနှုန်းတွေအနေနဲ့ကတော့ 64GB model ကို ၇၆၉ ဒေါ်လာ၊ အကယ်၍ 256GB model ကို သင်လိုချင်ပါက ၈၉၉ ဒေါ်လာတို့နဲ့ ဈေးလျှော့ရောင်းပေးသွားမှာပါ။ iPhone XS အသစ်ထက် သိသိသာသာ ဈေးသက်သာနေတာကို တွေ့ရတဲ့အတွက် သင့်အတွက် ရွေးချယ်ဝယ်ယူနိုင်စရာ အခွင့်အရေးကောင်း တစ်ခုပဲဖြစ်ပြီး 5.8-inch မျက်နှာပြင်ကိုလဲ သင့်လက်ထဲမှာ ထိတွေ့ခံစားကြည့်နိုင်မှာပါ။

iPhone X ဟာ သူ့နောက်မှာ ထွက်ရှိထားတဲ့ iPhone XR ထက်တော့ ပိုသေးငယ်ပါတယ်။ဒါပေမယ့် တစ်ခုစဉ်းစားရမှာက iPhone X ကို ပြန်လည်ပြင်ဆင်ပြီး ဈေးလျှော့ရောင်းချတာတောင်မှ iPhone XR ထက် အနည်းငယ် ဈေးကြီးနေသေးတာပါ။ iPhone XR အသစ်ရဲ့ ဈေးနှုန်းကတော့ ၇၄၉ ဒေါ်လာကနေ စတင်ပါတယ်။

iPhone X နဲ့ iPhone XR ကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ iPhone X မှာ နောက်ဘက်ကင်မရာ နှစ်လုံးတပ်ဆင်ထားပြီး ရုပ်ထွက်ပိုမိုပြတ်သား ကောင်းမွန်တဲ့ OLED မျက်နှာပြင်ကို တပ်ဆင်ထားပါတယ်။ iPhone XR ကတော့ LCD မျက်နှာပြင်ကိုပဲ တပ်ဆင်ထားတာပါ။ဒါပေမယ့် iPhone X မှာတော့ အရောင်ရွေးချယ်စရာ နည်းပါးနေပြီး၊ iPhone XR ကတော့ အရောင်အသွေး စုံစုံလင်လင်ကို သင်ရွေးချယ်နိုင်မှာပါ။နောက်တစ်ချက်ကတော့ iPhone X ကို A 11 Bionic Chip တပ်ဆင်မောင်းနှင်ထားပြီး၊ iPhone XR မှာတော့ A 12 Bionic Chip ကို တပ်ဆင်ထားတာပါ။ A 12 Bionic Chip ဟာ iPhone X နဲ့ XR တို့ထက် ပိုမြင့်တဲ့ model တွေဖြစ်တဲ့ iPhone XS နဲ့ XS Max တို့မှာလည်း တပ်ဆင်မောင်းနှင်ထားပါတယ်။

 

အကယ်၍ သင်ဟာ ပြန်လည်ပြုပြင်ထားတဲ့ iPhone X ကိုသာ ရွေးချယ်ဝယ်ယူဖို့ ဆုံးဖြတ်လိုက်ပြီဆိုပါက Apple က ပေးတဲ့ ၁ နှစ် အာမခံရရှိမှာဖြစ်တဲ့အပြင် ပြုပြင်ထားတယ်ဆိုပေမယ့် ဖုန်းအသစ်တစ်လုံး အခြေအနေအတိုင်း ကိုင်တွယ်အသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။

Damien
Ref - theverge
ဖေဖော်ဝါရီ - ၆

( Zawgyi )

Apple မွ ျပန္လည္ျပင္ဆင္ထားေသာ iPhone X မ်ားကို ေဈးေလွ်ာ့ေရာင္းေပးသြားမွာ ျဖစ္တယ္လို႔ ေၾကညာလိုက္ပါတယ္။

ေဈးႏႈန္းေတြအေနနဲ႔ကေတာ့ 64GB model ကို ၇၆၉ ေဒၚလာ၊ အကယ္၍ 256GB model ကို သင္လိုခ်င္ပါက ၈၉၉ ေဒၚလာတို႔နဲ႔ ေဈးေလွ်ာ့ေရာင္းေပးသြားမွာပါ။ iPhone XS အသစ္ထက္ သိသိသာသာ ေဈးသက္သာေနတာကို ေတြ႕ရတဲ့အတြက္ သင့္အတြက္ ေ႐ြးခ်ယ္ဝယ္ယူႏိုင္စရာ အခြင့္အေရးေကာင္း တစ္ခုပဲျဖစ္ၿပီး 5.8-inch မ်က္ႏွာျပင္ကိုလဲ သင့္လက္ထဲမွာ ထိေတြ႕ခံစားၾကည့္ႏိုင္မွာပါ။

iPhone X ဟာ သူ႔ေနာက္မွာ ထြက္ရွိထားတဲ့ iPhone XR ထက္ေတာ့ ပိုေသးငယ္ပါတယ္။ဒါေပမယ့္ တစ္ခုစဥ္းစားရမွာက iPhone X ကို ျပန္လည္ျပင္ဆင္ၿပီး ေဈးေလွ်ာ့ေရာင္းခ်တာေတာင္မွ iPhone XR ထက္ အနည္းငယ္ ေဈးႀကီးေနေသးတာပါ။ iPhone XR အသစ္ရဲ႕ ေဈးႏႈန္းကေတာ့ ၇၄၉ ေဒၚလာကေန စတင္ပါတယ္။

iPhone X နဲ႔ iPhone XR ကို ႏႈိင္းယွဥ္ၾကည့္မယ္ဆိုရင္ေတာ့ iPhone X မွာ ေနာက္ဘက္ကင္မရာ ႏွစ္လုံးတပ္ဆင္ထားၿပီး ႐ုပ္ထြက္ပိုမိုျပတ္သား ေကာင္းမြန္တဲ့ OLED မ်က္ႏွာျပင္ကို တပ္ဆင္ထားပါတယ္။ iPhone XR ကေတာ့ LCD မ်က္ႏွာျပင္ကိုပဲ တပ္ဆင္ထားတာပါ။ဒါေပမယ့္ iPhone X မွာေတာ့ အေရာင္ေ႐ြးခ်ယ္စရာ နည္းပါးေနၿပီး၊ iPhone XR ကေတာ့ အေရာင္အေသြး စုံစုံလင္လင္ကို သင္ေ႐ြးခ်ယ္ႏိုင္မွာပါ။ေနာက္တစ္ခ်က္ကေတာ့ iPhone X ကို A 11 Bionic Chip တပ္ဆင္ေမာင္းႏွင္ထားၿပီး၊ iPhone XR မွာေတာ့ A 12 Bionic Chip ကို တပ္ဆင္ထားတာပါ။ A 12 Bionic Chip ဟာ iPhone X နဲ႔ XR တို႔ထက္ ပိုျမင့္တဲ့ model ေတြျဖစ္တဲ့ iPhone XS နဲ႔ XS Max တို႔မွာလည္း တပ္ဆင္ေမာင္းႏွင္ထားပါတယ္။

အကယ္၍ သင္ဟာ ျပန္လည္ျပဳျပင္ထားတဲ့ iPhone X ကိုသာ ေ႐ြးခ်ယ္ဝယ္ယူဖို႔ ဆုံးျဖတ္လိုက္ၿပီဆိုပါက Apple က ေပးတဲ့ ၁ ႏွစ္ အာမခံရရွိမွာျဖစ္တဲ့အျပင္ ျပဳျပင္ထားတယ္ဆိုေပမယ့္ ဖုန္းအသစ္တစ္လုံး အေျခအေနအတိုင္း ကိုင္တြယ္အသုံးျပဳႏိုင္မွာလည္း ျဖစ္ပါတယ္။

Damien
Ref - theverge
ေဖေဖာ္ဝါရီ - ၆