【 နည်းပညာ 】 နောက်ဘက်ကင်မရာ သုံးလုံးနဲ့ ပွဲထွက်လာနိုင်တဲ့ Xiaomi ရဲ့ Mi 9

【 နည်းပညာ 】 နောက်ဘက်ကင်မရာ သုံးလုံးနဲ့ ပွဲထွက်လာနိုင်တဲ့ Xiaomi ရဲ့ Mi 9  

Xaiomi ရဲ့ နောက်ထပ် Flagship ဖုန်းတစ်လုံး ဖြစ်လာမယ်လို့ ယူဆရတဲ့ ပုံရိပ်များကတော့ မမျှော်လင့်ပဲ ပေါက်ကြားလာခဲ့ပါပြီ။    

အဆိုပါ ဖုန်းရဲ့ ဓာတ်ပုံကို Xiaomi ရဲ့ Product Manager Wang Teng Thomas ကိုယ်တိုင် ဖော်ပြမိခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ဓာတ်ပုံတွေကို ပြန်လည်ဖျက်သွားခဲ့ပေမယ့်၊ အတော်များများ သတင်း Website တွေက ကူးယူထားလိုက်နိုင်ကြပါတယ်။  

အဆိုပါ ဓာတ်ပုံကြောင့် Xiaomi ရဲ့ နောက်ထပ် Flagship ဖုန်း ဖြစ်လာမယ့် Mi 9 မှာ နောက်ဘက်ကင်မရာ သုံးလုံးပါဝင်မယ်ဆိုတဲ့ ခန့်မှန်းမှုတွေကိုလည်း တိကျသေချာသွားစေခဲ့ပါတယ်။  

ပေါက်ကြားလာတဲ့ ဓာတ်ပုံအရတော့ ထွက်ရှိခဲ့ပြီးတဲ့ Mi 8 ရဲ့ နောက်ဘက်ကင်မရာ ပုံစံအတိုင်း သုံးလုံးဒေါင်လိုက် တပ်ဆင်ထားတာကို တွေ့မြင်ခဲ့ရသလို၊ Mi 8 နဲ့ မတူညီတဲ့ အချက်ကတော့ ကင်မရာသုံးလုံး အောက်ဖက်မှာ Flash မီးကို တပ်ဆင်ထားတာပါ။

နောက်ဘက်မှာ တပ်ဆင်ထားတဲ့ ကင်မရာတစ်လုံးရဲ့ အာရုံခံကိရိယာကတော့ Sony ရဲ့ IMX586 48 MP ဖြစ်မယ်လို့ ယုံကြည်ရပြီး၊ အခြားသော ကင်မရာနှစ်လုံးကတော့ 12 MP ပုံရိပ်ဖမ်းကိရိယာနဲ့ အကွာအဝေး၊ အတိမ်အနက်ကို တွက်ချက်အာရုံခံနိုင်တဲ့ 3D အာရုံခံကိရိယာနဲ့၊ ရှေ့ဘက်ကင်မရာကတော့ Sony ရဲ့ IMX576 24 MP ကိရိယာတို့ကို တပ်ဆင်ပွဲထုတ်လာနိုင်တယ်လို့လည်း အတည်မပြုနိုင်သေးတဲ့ သတင်းများအရ သိရပါတယ်။ဒါ့အပြင် 6.4 inch AMOLED မျက်နှာပြင် 1080 x 2220 FHD+ Resolutions, Qualcomm ရဲ့ နောက်ဆုံးပေါ် Chipset Snapdragon 855 တို့လဲ တပ်ဆင်လာနိုင်ပါတယ်။

Mi 9 ကို 6GB/128GB, 8GB/256GB နှစ်မျိုးတွေ့မြင်ရဖို့ရှိပြီး ဘက်ထရီကတော့ 3500mAh နဲ့ မြန်နှုန်းမြင့် အားသွင်းစနစ် Quick Charging System လဲ ပါဝင်လာမှာပါ။ဒါ့အပြင် အခြား Version တစ်မျိုးဖြစ်တဲ့ Premium Explorer Edition ကိုလဲ တွေ့မြင်ရနိုင်သေးတယ်လို့လည်း Xiaomi ပူးတွဲတည်ထောင်သူ Lin Bin ရဲ့ အဆိုအရလဲ သိရပါတယ်။အဆိုပါ Edition ရဲ့ နောက်ကျောဘက်ဟာ အနက်ရောင် ဖောက်ထွင်းမြင် ဒီဇိုင်းဖြစ်ဖို့များပြီး အခြားသော အချက်အလက်တွေတော့ မသိရသေးပါဘူး။

ပေါက်ကြားလာတဲ့ ဓာတ်ပုံအရ လက်ဗွေ အာရုံခံကိရိယာကတော့ နောက်ဘက်မှာ မဟုတ်ပဲ ရှေ့ဘက် မျက်နှာပြင် အောက်ခြေမှာ တပ်ဆင်ထားဖွယ် ရှိပါတယ်။ဒါပေမယ့် Mi 8 Pro မှာ အသုံးပြုခဲ့တဲ့ လက်ဗွေကိရိယာနဲ့ မတူညီနိုင်ပဲ လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က Xiaomi ပူးတွဲတည်ထောင်သူ ဥက္ကဌ Lin Bin ဖော်ထုတ်ပြသခဲ့တဲ့ လက်ဗွေ အာရုံခံ နည်းပညာသစ်ကို ထည့်သွင်းသွားဖွယ် ရှိပါတယ်။Xiaomi ရဲ့ လက်ဗွေ နည်းပညာသစ်ရဲ့ Unlock လုပ်နိုင်တဲ့ နေရာအကျယ်အဝန်းဟာ 50mm x 25mm ဖြစ်တဲ့အတွက် လက်ရှိ အသုံးပြုနေကြတဲ့ လက်ဗွေ နည်းပညာတွေထက် ၅ ဆလောက် ပိုမိုကျယ်ဝန်းသွားမှာလည်း ဖြစ်ပါတယ်။ဒါ့အပြင် ဖုန်းကို မျက်နှာနဲ့ Unlock လုပ်နိုင်မယ့် နည်းပညာလည်း ပါဝင်လာမှာပါ။

အတည်မပြုနိုင်သေးတဲ့ သတင်းများအရ Mi 8 နဲ့ iPhone ကဲ့သို့ လေးထောင့်ဆန်ဆန် Notch ပုံစံကို Mi 9 မှာ တွေ့မြင်ရဖို့ မရှိပဲ ရေစက်ပုံစံ Water drop Notch ကိုသာ မြင်တွေ့ရနိုင်တယ်လို့လည်း သိရပါတယ်။

 

စိတ်မကောင်းစရာတစ်ခုကတော့ Mi 9 ဟာ 5G ကို မထောက်ပံ့နိုင်သေးပါဘူး X24 4G LTE Modem ကိုပဲ တပ်ဆင်ပွဲထွက်လာနိုင်တယ်လို့လဲ သိရပါတယ်။

Damien
Ref - phonearena
ဖေဖော်ဝါရီ - ၄

( Zawgyi )

Xaiomi ရဲ႕ ေနာက္ထပ္ Flagship ဖုန္းတစ္လုံး ျဖစ္လာမယ္လို႔ ယူဆရတဲ့ ပုံရိပ္မ်ားကေတာ့ မေမွ်ာ္လင့္ပဲ ေပါက္ၾကားလာခဲ့ပါၿပီ။    

အဆိုပါ ဖုန္းရဲ႕ ဓာတ္ပုံကို Xiaomi ရဲ႕ Product Manager Wang Teng Thomas ကိုယ္တိုင္ ေဖာ္ျပမိခဲ့တာျဖစ္ၿပီး ေနာက္ပိုင္းမွာ ဓာတ္ပုံေတြကို ျပန္လည္ဖ်က္သြားခဲ့ေပမယ့္၊ အေတာ္မ်ားမ်ား သတင္း Website ေတြက ကူးယူထားလိုက္ႏိုင္ၾကပါတယ္။  

အဆိုပါ ဓာတ္ပုံေၾကာင့္ Xiaomi ရဲ႕ ေနာက္ထပ္ Flagship ဖုန္း ျဖစ္လာမယ့္ Mi 9 မွာ ေနာက္ဘက္ကင္မရာ သုံးလုံးပါဝင္မယ္ဆိုတဲ့ ခန႔္မွန္းမႈေတြကိုလည္း တိက်ေသခ်ာသြားေစခဲ့ပါတယ္။  

ေပါက္ၾကားလာတဲ့ ဓာတ္ပုံအရေတာ့ ထြက္ရွိခဲ့ၿပီးတဲ့ Mi 8 ရဲ႕ ေနာက္ဘက္ကင္မရာ ပုံစံအတိုင္း သုံးလုံးေဒါင္လိုက္ တပ္ဆင္ထားတာကို ေတြ႕ျမင္ခဲ့ရသလို၊ Mi 8 နဲ႔ မတူညီတဲ့ အခ်က္ကေတာ့ ကင္မရာသုံးလုံး ေအာက္ဖက္မွာ Flash မီးကို တပ္ဆင္ထားတာပါ။

ေနာက္ဘက္မွာ တပ္ဆင္ထားတဲ့ ကင္မရာတစ္လုံးရဲ႕ အာ႐ုံခံကိရိယာကေတာ့ Sony ရဲ႕ IMX586 48 MP ျဖစ္မယ္လို႔ ယုံၾကည္ရၿပီး၊ အျခားေသာ ကင္မရာႏွစ္လုံးကေတာ့ 12 MP ပုံရိပ္ဖမ္းကိရိယာနဲ႔ အကြာအေဝး၊ အတိမ္အနက္ကို တြက္ခ်က္အာ႐ုံခံႏိုင္တဲ့ 3D အာ႐ုံခံကိရိယာနဲ႔၊ ေရွ႕ဘက္ကင္မရာကေတာ့ Sony ရဲ႕ IMX576 24 MP ကိရိယာတို႔ကို တပ္ဆင္ပြဲထုတ္လာႏိုင္တယ္လို႔လည္း အတည္မျပဳႏိုင္ေသးတဲ့ သတင္းမ်ားအရ သိရပါတယ္။ဒါ့အျပင္ 6.4 inch AMOLED မ်က္ႏွာျပင္ 1080 x 2220 FHD+ Resolutions, Qualcomm ရဲ႕ ေနာက္ဆုံးေပၚ Chipset Snapdragon 855 တို႔လဲ တပ္ဆင္လာႏိုင္ပါတယ္။

Mi 9 ကို 6GB/128GB, 8GB/256GB ႏွစ္မ်ိဳးေတြ႕ျမင္ရဖို႔ရွိၿပီး ဘက္ထရီကေတာ့ 3500mAh နဲ႔ ျမန္ႏႈန္းျမင့္ အားသြင္းစနစ္ Quick Charging System လဲ ပါဝင္လာမွာပါ။ဒါ့အျပင္ အျခား Version တစ္မ်ိဳးျဖစ္တဲ့ Premium Explorer Edition ကိုလဲ ေတြ႕ျမင္ရႏိုင္ေသးတယ္လို႔လည္း Xiaomi ပူးတြဲတည္ေထာင္သူ Lin Bin ရဲ႕ အဆိုအရလဲ သိရပါတယ္။အဆိုပါ Edition ရဲ႕ ေနာက္ေက်ာဘက္ဟာ အနက္ေရာင္ ေဖာက္ထြင္းျမင္ ဒီဇိုင္းျဖစ္ဖို႔မ်ားၿပီး အျခားေသာ အခ်က္အလက္ေတြေတာ့ မသိရေသးပါဘူး။

ေပါက္ၾကားလာတဲ့ ဓာတ္ပုံအရ လက္ေဗြ အာ႐ုံခံကိရိယာကေတာ့ ေနာက္ဘက္မွာ မဟုတ္ပဲ ေရွ႕ဘက္ မ်က္ႏွာျပင္ ေအာက္ေျခမွာ တပ္ဆင္ထားဖြယ္ ရွိပါတယ္။ဒါေပမယ့္ Mi 8 Pro မွာ အသုံးျပဳခဲ့တဲ့ လက္ေဗြကိရိယာနဲ႔ မတူညီႏိုင္ပဲ လြန္ခဲ့တဲ့ ရက္သတၱပတ္ အနည္းငယ္က Xiaomi ပူးတြဲတည္ေထာင္သူ ဥကၠဌ Lin Bin ေဖာ္ထုတ္ျပသခဲ့တဲ့ လက္ေဗြ အာ႐ုံခံ နည္းပညာသစ္ကို ထည့္သြင္းသြားဖြယ္ ရွိပါတယ္။Xiaomi ရဲ႕ လက္ေဗြ နည္းပညာသစ္ရဲ႕ Unlock လုပ္ႏိုင္တဲ့ ေနရာအက်ယ္အဝန္းဟာ 50mm x 25mm ျဖစ္တဲ့အတြက္ လက္ရွိ အသုံးျပဳေနၾကတဲ့ လက္ေဗြ နည္းပညာေတြထက္ ၅ ဆေလာက္ ပိုမိုက်ယ္ဝန္းသြားမွာလည္း ျဖစ္ပါတယ္။ဒါ့အျပင္ ဖုန္းကို မ်က္ႏွာနဲ႔ Unlock လုပ္ႏိုင္မယ့္ နည္းပညာလည္း ပါဝင္လာမွာပါ။

အတည္မျပဳႏိုင္ေသးတဲ့ သတင္းမ်ားအရ Mi 8 နဲ႔ iPhone ကဲ့သို႔ ေလးေထာင့္ဆန္ဆန္ Notch ပုံစံကို Mi 9 မွာ ေတြ႕ျမင္ရဖို႔ မရွိပဲ ေရစက္ပုံစံ Water drop Notch ကိုသာ ျမင္ေတြ႕ရႏိုင္တယ္လို႔လည္း သိရပါတယ္။

စိတ္မေကာင္းစရာတစ္ခုကေတာ့ Mi 9 ဟာ 5G ကို မေထာက္ပံ့ႏိုင္ေသးပါဘူး X24 4G LTE Modem ကိုပဲ တပ္ဆင္ပြဲထြက္လာႏိုင္တယ္လို႔လဲ သိရပါတယ္။

Damien
Ref - phonearena
ေဖေဖာ္ဝါရီ - ၄