【 နည်းပညာ 】 နည်းပညာသစ်တွေ ပါဝင်လာတဲ့ Xiaomi Mi Band 4

【 နည်းပညာ 】 နည်းပညာသစ်တွေ ပါဝင်လာတဲ့ Xiaomi Mi Band 4

ယမန်နေ့က ကျင်းပခဲ့တဲ့ Xiaomi ရဲ့ smart ထုတ်ကုန်တွေ မိတ်ဆက်ပွဲမှာတော့ Mi Band 4 ကို ပွဲထုတ်ခဲ့တာ မြင်တွေ့ခဲ့ရပါတယ်။

ယခင်ထွက်ရှိခဲ့တဲ့ Mi Band 3 ထက် နည်းပညာပိုင်း ပိုမိုမြင့်မားသွားတာကိုလည်း တွေ့ရပါတယ်။

Xiaomi Mi Band 4 ဟာ နှစ်မျိုးထွက်ရှိလာမှာဖြစ်ပြီး ရိုးရိုးသာမန် version နဲ့ NFC ပါဝင်တဲ့ version တို့ပဲ ဖြစ်ပါတယ်။ဒါ့အပြင် Avenger edition ပါ ထွက်ပေါ်လာမှာပါ။

အဆိုပါ smartband အသစ်ကို 0.95-inch  AMOLED အရောင်အသွေးပါဝင်တဲ့ မျက်နှာပြင် တပ်ဆင်ထားမှာဖြစ်ပြီး၊ resolution ကတော့ 120x240 ဖြစ်ကာ 2.5D အပွန်းအစင်းခံနိုင်တဲ့ မှန်သား အသုံးပြုထားတာပါ။ဒါ့အပြင် မျက်နှာပြင်မှာပေါ်တဲ့ နာရီပုံတွေကိုလည်း ၇၇ ခု ထည့်သွင်းပေးထားပြီး သုံးစွဲသူစိတ်ကြိုက် ပြောင်းလဲအသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။

အားကစားလုပ်တဲ့ အချိန်တွေမှာ မှတ်တမ်းယူဖို့အတွက် ပိုမိုအဆင့်မြင့်တဲ့ six-axis high precision accelerometer ပါဝင်လာပြီး၊ ရေအောက် အနက် ၅၀ မီတာအထိ အသုံးပြုနိုင်မှာဖြစ်ကာ သုံးစွဲသူရဲ့ လှုက်ရှားမှုတွေကို ထောက်လှမ်းပေးနေမှာ ဖြစ်ပါတယ်။

နောက်ထပ် တိုးတက်မှုကတော့ microphone ပါဝင်လာပြီး Xiao AI voice assistant ကို အသုံးပြုနိုင်တာပဲ ဖြစ်ပါတယ်။ NFC ပါဝင်တဲ့ version ကတော့ ဈေးပိုကြီးမှာလည်းဖြစ်ပြီး ဖုန်းနဲ့ချိတ်ဆက်တာ၊ card နဲ့ ငွေချေတာတွေကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

Bluetooth 5.0 အသုံးပြုထားပြီး၊ ဘက်ထရီအနေနဲ့ NFC version ကတော့ ၁၅ ရက် အသုံးပြုနိုင်မှာဖြစ်ကာ၊ standard version ကတော့ ရက် ၂၀ အသုံးခံမှာ ဖြစ်ပါတယ်။

အရောင်အသွေးအနေနဲ့ကတော့ Black, Brown, Blue, Orange နဲ့ Pink အရောင်စုံလင်စွာ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

ဈေးနှုန်းအနေနဲ့ standard version ကို မြန်မာကျပ်ငွေ ၃၈,၀၀၀ ခန့်၊ NFC version ကို ၅၁,၀၀၀ ခန့်နဲ့ Avenger limited edition band ကတော့ ၇၈,၀၀၀ ခန့် ကျသင့်မှာလည်း ဖြစ်ပါတယ်။

Damien

( Zawgyi )

ယမန္ေန႔က က်င္းပခဲ့တဲ့ Xiaomi ရဲ႕ smart ထုတ္ကုန္ေတြ မိတ္ဆက္ပြဲမွာေတာ့ Mi Band 4 ကို ပြဲထုတ္ခဲ့တာ ျမင္ေတြ႕ခဲ့ရပါတယ္။

ယခင္ထြက္ရွိခဲ့တဲ့ Mi Band 3 ထက္ နည္းပညာပိုင္း ပိုမိုျမင့္မားသြားတာကိုလည္း ေတြ႕ရပါတယ္။

Xiaomi Mi Band 4 ဟာ ႏွစ္မ်ိဳးထြက္ရွိလာမွာျဖစ္ၿပီး ႐ိုး႐ိုးသာမန္ version နဲ႔ NFC ပါဝင္တဲ့ version တို႔ပဲ ျဖစ္ပါတယ္။ဒါ့အျပင္ Avenger edition ပါ ထြက္ေပၚလာမွာပါ။

အဆိုပါ smartband အသစ္ကို 0.95-inch  AMOLED အေရာင္အေသြးပါဝင္တဲ့ မ်က္ႏွာျပင္ တပ္ဆင္ထားမွာျဖစ္ၿပီး၊ resolution ကေတာ့ 120x240 ျဖစ္ကာ 2.5D အပြန္းအစင္းခံႏိုင္တဲ့ မွန္သား အသုံးျပဳထားတာပါ။ဒါ့အျပင္ မ်က္ႏွာျပင္မွာေပၚတဲ့ နာရီပုံေတြကိုလည္း ၇၇ ခု ထည့္သြင္းေပးထားၿပီး သုံးစြဲသူစိတ္ႀကိဳက္ ေျပာင္းလဲအသုံးျပဳႏိုင္မွာလည္း ျဖစ္ပါတယ္။

အားကစားလုပ္တဲ့ အခ်ိန္ေတြမွာ မွတ္တမ္းယူဖို႔အတြက္ ပိုမိုအဆင့္ျမင့္တဲ့ six-axis high precision accelerometer ပါဝင္လာၿပီး၊ ေရေအာက္ အနက္ ၅၀ မီတာအထိ အသုံးျပဳႏိုင္မွာျဖစ္ကာ သုံးစြဲသူရဲ႕ လႈက္ရွားမႈေတြကို ေထာက္လွမ္းေပးေနမွာ ျဖစ္ပါတယ္။

ေနာက္ထပ္ တိုးတက္မႈကေတာ့ microphone ပါဝင္လာၿပီး Xiao AI voice assistant ကို အသုံးျပဳႏိုင္တာပဲ ျဖစ္ပါတယ္။ NFC ပါဝင္တဲ့ version ကေတာ့ ေဈးပိုႀကီးမွာလည္းျဖစ္ၿပီး ဖုန္းနဲ႔ခ်ိတ္ဆက္တာ၊ card နဲ႔ ေငြေခ်တာေတြကို လုပ္ေဆာင္ႏိုင္မွာ ျဖစ္ပါတယ္။

Bluetooth 5.0 အသုံးျပဳထားၿပီး၊ ဘက္ထရီအေနနဲ႔ NFC version ကေတာ့ ၁၅ ရက္ အသုံးျပဳႏိုင္မွာျဖစ္ကာ၊ standard version ကေတာ့ ရက္ ၂၀ အသုံးခံမွာ ျဖစ္ပါတယ္။

အေရာင္အေသြးအေနနဲ႔ကေတာ့ Black, Brown, Blue, Orange နဲ႔ Pink အေရာင္စုံလင္စြာ ေ႐ြးခ်ယ္ႏိုင္မွာျဖစ္ပါတယ္။

ေဈးႏႈန္းအေနနဲ႔ standard version ကို ျမန္မာက်ပ္ေငြ ၃၈,၀၀၀ ခန႔္၊ NFC version ကို ၅၁,၀၀၀ ခန႔္နဲ႔ Avenger limited edition band ကေတာ့ ၇၈,၀၀၀ ခန႔္ က်သင့္မွာလည္း ျဖစ္ပါတယ္။

Damien