【 နည်းပညာ 】 တရုတ်လျှပ်စစ်ဘတ်စ်ကားများ ဥဇဘက်ကစ္စတန်နိုင်ငံတွင် ရေပန်းစား လူကြိုက်များလျက်ရှိ

【 နည်းပညာ 】 တရုတ်လျှပ်စစ်ဘတ်စ်ကားများ ဥဇဘက်ကစ္စတန်နိုင်ငံတွင် ရေပန်းစား လူကြိုက်များလျက်ရှိ

ပေကျင်း၊ ဇန်နဝါရီ - ၂၄

ဥဇဘက်ကစ္စတန်နိုင်ငံ မြို့တော် တက်ရှ်ကန့်တွင် သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်စေမယ့် အများပြည်သူသယ်ယူပို့ဆောင်ရေး နည်းလမ်းသစ်ကို စတင်အသုံးပြုလျက်ရှိပါတယ်။

တရုတ်နိုင်ငံထုတ် လျှပ်စစ်ဘတ်စ်ကားတွေဟာ တက်ရှ်ကန့်မြိုတော်က ဒေသခံတွေအတွက် ဆွဲဆောင်မှုဖြစ်လာပြီး၊ လူကြိုက်များ ရေပန်းစားလျက်ရှိပါတယ်။

တက်ရှ်ကန့်မြို့တော်ဟာ အများပြည်သူသယ်ယူပို့ဆောင်ရေး နည်းလမ်းသစ်အဖြစ် တရုတ်နိုင်ငံထုတ် လျှပ်စစ်ဘတ်စ်ကားတွေကို မြို့အတွင်း ပိုမိုလည်ပတ်ပြေးဆွဲစေခဲ့ပြီး၊ ၎င်းရဲ့ မြို့ပြအသွင်အပြင် အင်္ဂါရပ်ကို ထပ်မံမြှင့်တင်ခဲ့ပါတယ်။တရုတ်ကုမ္ပဏီ Yutong Bus က ထုတ်လုပ်တဲ့ လျှပ်စစ်ဘတ်စ်ကားတွေဟာ တက်ရှ်ကန့်ဒေသခံတွေအတွက် အဆင်ပြေချောမွေ့စေရုံသာမကဘဲ မြို့ရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုကိုလည်း ကြီးမားတဲ့ အထောက်အကူ ဖြစ်လာစေခဲ့ပါတယ်။

“နိုင်ငံခြားက ကျနော့်သူငယ်ချင်းတွေ ကျနော့်ဆီလာလည်ကြတဲ့အခါမှာ ကျနော်တို့ နိုင်ငံရဲ့ လျှပ်စစ်ဘတ်စ်ကားတွေကိုတွေ့တော့ အံ့သြသွားကြတယ်၊ ဒီဘတ်စ်ကားတွေက ဘယ်လောက်သက်တောင့်သက်သာရှိပြီး၊ အသံမထွက်ဘဲ တိတ်ဆိတ်နေတာကိုလည်း သူတို့သတိပြုမိခဲ့ပြီး အရမ်းနှစ်သက်သွားကြတယ်” လို့ မြို့တော်တွင် နေထိုင်တဲ့ ကျောင်းသားတစ်ဦးဖြစ်သူ ဟာဒီချာ အူစမန်အိုဗာက ဂုဏ်ယူစွာ ပြောပါတယ်။

ဒါ့အပြင် တက်ရှ်ကန့်မြို့က ပင်စင်စား သက်ကြီးရွယ်အိုတစ်ဦးဖြစ်သူ နာဘီဘီ ဂူလာမိုဗာကလည်း “အရင်တုန်းက အများပြည်သူသယ်ယူပို့ဆောင်ရေးတွေကို လောင်စာဆီနံ့ မခံနိုင်တဲ့အတွက် စီးနင်းဖြစ်တာနည်းတယ်၊ အခုတော့ လျှပ်စစ်ဘတ်စ်ကားတွေ ပြောင်းလဲလိုက်တဲ့အတွက် အဆင်ပြေသွားပါပြီ၊ နိုင်ငံအနေနဲ့ တစ်ဖြည်းဖြည်း eco-friendly သယ်ယူပိုဆောင်ရေးဆီကို အလုံးစုံပြောင်းလဲနိုင်မယ်လို မျှော်လင့်ပါတယ်” လို့ ဆိုပါတယ်။

၂၀၂၃ ခုနှစ်မှာ တရုတ်ကုမ္ပဏီ Yutong Bus နဲ့ ဥဇဘက်ကစ္စတန်ကုမ္ပဏီ JSC “Toshshahartransxizmat” တို့အကြား မြို့တော်ရဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေးအတွက် အဆင့်မြင့် ဘတ်စ်ကားအစီးရေ စုစုပေါင်း ၈၀၀၊ လျှပ်စစ်ဘတ်စ်ကား ၃၀၀၊ သဘာဝဓာတ်ငွေ့သုံး ဘတ်စ်ကား ၅၀၀ တို့ကို အသုံးပြုဖို့ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပါတယ်။အဆိုပါသဘောတူညီချက်ကြောင့် တရုတ်နိုင်ငံမှ ဥဇဘက်ကစ္စတန်နိုင်ငံသို့ လျှပ်စစ်ဘတ်စ်ကား တင်ပို့မှုများ စံချိန်တင်မြင့်မားလာခဲ့ပါတယ်။

တရုတ်နိုင်ငံဘက်က လျှပ်စစ်ဘတ်စ်ကားများအတွက် လိုအပ်သော ကြိုတင်ကာကွယ်မှုများ၊ လျှပ်စစ်အင်ဂျင် မော်တော်ယာဉ်များ မောင်းနှင်နိုင်ဖို့အတွက် သီးခြားနည်းပညာတွေအပြင်၊ ဥဇဘက်ကစ္စတန် ယာဉ်မောင်းတွေအတွက် သီးခြားသင်တန်းလေ့ကျင့်ပေးမှုတွေကို လုပ်ဆောင်ပေးခဲ့ပါတယ်။

Damien
Ref - CMG