【 နည်းပညာ 】 တရုတ်နိုင်ငံမှ ဂြိုဟ်တုသစ်ကို ထပ်မံလွှတ်တင်

【 နည်းပညာ 】 တရုတ်နိုင်ငံမှ ဂြိုဟ်တုသစ်ကို ထပ်မံလွှတ်တင်

ပေကျင်း၊ ဒီဇင်ဘာ - ၁၀
 
အဝေးထိန်း အာရုံခံစနစ် ပါဝင်တဲ့ ဂြိုဟ်တုသစ်ကို တရုတ်နိုင်ငံက ထပ်မံလွှတ်တင်ခဲ့တယ်လို့ သိရပါတယ်။
 
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ စီချွမ်ပြည်နယ်ရှိ Xichang ဂြိုဟ်တု လွှတ်တင်ရေးဌာနကနေ အဆိုပါဂြိုဟ်တုကို လွှတ်တင်ခဲ့တာပါ။
 
ယခုလွှတ်တင်ခဲ့တဲ့ ဂြိုဟ်တုကို တရုတ်က Yaogan-39 လို့ ကုဒ်အမည်ပေးထားပါတယ်။လွှတ်တင်ပြီးနောက်မှာတော့ စီစဉ်ထားတဲ့အတိုင်း အာကာသပတ်လမ်းထဲသို့ အဆင်ပြေချောမွေ့စွာ ရောက်ရှိသွားခဲ့ပါတယ်။တရုတ်နိုင်ငံရဲ့ ပြည်တွင်းထုတ် Long March-2D သယ်ဆောင်ဒုံးပျံယာဉ်နဲ့ အဆိုပါဂြိုဟ်တုကို တနင်္ဂနွေနေ့မှာ လွှတ်တင်ခဲ့တာလည်းဖြစ်ပါတယ်။
 
တနင်္ဂနွေနေ့က လွှတ်တင်မှုဟာ တရုတ်နိုင်ငံရဲ့ ပြည်တွင်းထုတ် Long March သယ်ဆောင်ဒုံးပျံယာဉ် စီးရီးတွေအတွက် အကြိမ် ၅၀၀ မြောက် ပျံသန်းမှုမစ်ရှင်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့တယ်လို့ CMG သတင်းဌာန ဖော်ပြမှုအရ သိရပါတယ်။
 
Damien
Ref - CMG