【 နည်းပညာ 】 တရုတ်နိုင်ငံက ပြန်လည်အသုံးပြုနိုင်တဲ့ ဒုံးပျံယာဉ်ကို ဒုတိယအကြိမ်မြောက် ထပ်မံစမ်းသပ်

【 နည်းပညာ 】 တရုတ်နိုင်ငံက ပြန်လည်အသုံးပြုနိုင်တဲ့ ဒုံးပျံယာဉ်ကို ဒုတိယအကြိမ်မြောက် ထပ်မံစမ်းသပ်

ပေကျင်း၊ ဒီဇင်ဘာ - ၁၃

တရုတ်နိုင်ငံက ၎င်းရဲ့ ပြည်တွင်းထုတ် ပြန်လည်အသုံးပြုနိုင်တဲ့ ဒုံးပျံယာဉ်ကို ဒုတိယအကြိမ်မြောက် ထပ်မံစမ်းသပ်လွှတ်တင်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Hyperbola-2Y အမည်ရ ဒုံးပျံယာဉ်ကို ဒေါင်လိုက် လွှတ်တင်မှုနဲ့ ဆင်းသက်မှုများ ပြုလုပ်ကာ စမ်းသပ်ခဲ့တယ်လို့ ပေကျင်းအခြေစိုက် အာကာယာဉ်ဆိုင်ရာကုမ္ပဏီက Interstellar Glory က ပြောကြားခဲ့ပါတယ်။

နည်းပညာမြင့် Hyperbola-2Y ဒုံးပျံယာဉ်ကို အောက်စီဂျင်/မီသိန်းအရည်နဲ့ မောင်းနှင်ပေးထားပါတယ်။အဆိုပါဒုံးပျံယာဉ်ကို တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း Jiuquan ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ စမ်းသပ်လွှတ်တင်ခဲ့တာပါ။ပထမအကြိမ် လွှတ်တင် စမ်းသပ်မှုကို နိုဝင်ဘာ ၂ ရက်နေ့က လုပ်ဆောင်ခဲ့ပြီးနောက် ရက်ပေါင်း ၂၀ ခန့်အတွင်း စမ်းသပ်အဖွဲ့က ပြန်လည်အသုံးပြုထိန်းသိမ်းခြင်းနဲ့ စမ်းသပ်ခြင်းတို့ကို လုပ်ဆောင်ခဲ့ပြီး ဒုတိယအကြိမ်မြောက် လွှတ်တင် စမ်းသပ်မှုကို ‌လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ယခုဒုတိယအကြိမ်မြောက် လွှတ်တင် စမ်းသပ်မှုမှာလည်း အောင်မြင်မှုရရှိခဲ့ပါတယ်။

တူညီတဲ့ ဒုံးပျံယာဉ်နဲ့ စမ်းသပ်မှုမစ်ရှင်နှစ်ခု ပြီးမြောက်ခြင်းဟာ တရုတ်နိုင်ငံရဲ့ ပြန်လည်အသုံးပြုနိုင်တဲ့ ဒုံးပျံယာဉ် နည်းပညာကဏ္ဍအတွက် သိသာထင်ရှားတဲ့ အောင်မြင်မှုဖြစ်တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။

တရုတ်နိုင်ငံက ၎င်းရဲ့ ပြည်တွင်းထုတ် ပြန်လည်အသုံးပြုနိုင်တဲ့ ဒုံးပျံယာဉ်ကို လာမယ့် ၂၀၂၅ ခုနှစ်မှာ ပထမဆုံး လွှတ်တင်နိုင်မယ်လို့ မျှော်လင့်ထားပြီး၊ ဂြိုဟ်တုအင်တာနက်ကွန်ရက် ဖြန့်ကြက်ချထားခြင်းလို ပ‌ရောဂျက်တွေမှာ အသုံးပြုသွားဖို့ စီစဉ်ထားပါတယ်။

Damien
Ref - CMG