【 နည်းပညာ 】 တရုတ်က ဒုံးပျံလွှတ်တင်ရေးစင်တာသစ် တည်ဆောက်ပြီးစီး

【 နည်းပညာ 】 တရုတ်က ဒုံးပျံလွှတ်တင်ရေးစင်တာသစ် တည်ဆောက်ပြီးစီး

ပေကျင်း၊ ဒီဇင်ဘာ - ၃၁
 
တရုတ်နိုင်ငံက စီးပွားဖြစ် ဒုံးပျံတွေ လွှတ်တင်ဖို့အတွက် ဒုံးပျံလွှတ်တင်ရေးစင်တာသစ်ကို တည်ဆောက်လျက်ရှိရာမှာ သောကြာနေ့က တည်ဆောက်ပြီးစီးသွားပြီဖြစ်တယ်လို့ သိရပါတယ်။
 
နိုင်ငံရဲ့ တောင်ပိုင်း၊ ဟိုင်နန်ပြည်နယ်၊ ဝမ်ချန်မြို့မှာ အဆိုပါဒုံးပျံလွှတ်တင်ရေးစင်တာသစ်ကို တည်ဆောက်ခဲ့တာပါ။
 
တည်ဆောက်ပြီးစီးသွားပြီဖြစ်တဲ့ ဒုံးပျံလွှတ်တင်ရေးစင်တာကို တရုတ်ပြည်တွင်းထုတ် မျိုးဆက်သစ် အလတ်စား လွှတ်တင်ရေး သယ်ဆောင်ဒုံးပျံဖြစ်တဲ့ Long March-8 တွေ လွှတ်တင်ဖို့အတွက် ရည်ရွယ်ထားတာဖြစ်ပါတယ်။လွှတ်တင်ရေးစင်တာသစ်မှာ ဆူညံသံလျှော့ချမှု၊ အအေးခံစနစ်တွေအပါအဝင် အဆင့်မြင့်စက်ကိရိယာတွေနဲ့ အဆင့်မြင့်နည်းပညာတွေကို ထည့်သွင်းတပ်ဆင်ပေးထားပါတယ်။
 
Hainan International Commercial Aerospace Launch Co., Ltd. က ဥက္ကဌဖြစ်သူ Yang Tianliang က “လာမယ့်နှစ် ဇွန်လမှာ ပထမဆုံးလွှတ်တင်ရေးမစ်ရှင်ကို အကောင်အထည်ဖော်ဆောင်ဖို့ ရည်ရွယ်ထားပါတယ်” လို့ CMG သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။
 
“တစ်ချိန်တည်းမှာပဲ နံပါတ် ၂ လွှတ်တင်ရေးစင်တာကိုလည်း အရှိန်မြှင့်တည်ဆောက်နေပါတယ်” လို့လည်း ၎င်းက ဆက်ပြောပါတယ်။
 
ယခုတည်ဆောက်ပြီးစီးခဲ့တဲ့ ဒုံးပျံလွှတ်တင်ရေးစင်တာသစ်ကို ၂၀၂၂ ခုနှစ် ဇွန်လက စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး၊ ၂၀၂၄ ခုနှစ်မှာ ပုံမှန်လွှတ်တင်မှုတွေ ပြုလုပ်သွားဖို့ တရုတ်က စီစဉ်ထားပါတယ်။
 
Damien
Ref - CMG