【 နည်းပညာ 】 စမတ်ဖုန်းနဲ့ ဂိမ်းကစားသူတွေအတွက် Black Shark 3

【 နည်းပညာ 】 စမတ်ဖုန်းနဲ့ ဂိမ်းကစားသူတွေအတွက် Black Shark 3

တရုတ်နည်းပညာကုမ္ပဏီကြီး Xiaomi ရဲ့ မိတ်ဖက် ဂိမ်းအသားပေးစမတ်ဖုန်းတွေ ထုတ်လုပ်တဲ့ Black Shark မှ လွန်ခဲ့တဲ့ အင်္ဂါနေ့ကပဲ စမတ်ဖုန်းသစ်တွေကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

မိတ်ဆက်လိုက်တဲ့ စမတ်ဖုန်းသစ်တွေဟာ အခြားမဟုတ်ပဲ နာမည်ကျော် ဂိမ်းအသားပေး Black Shark 3 စမတ်ဖုန်းနှစ်မျိုး ဖြစ်ပါတယ်။

Black Shark ရဲ့ နောက်ထပ်မျိုးဆက် ဂိမ်းအသားပေး စမတ်ဖုန်းနှစ်မျိုးကို Black Shark 3 နဲ့ Balck Shark 3 Pro ဆိုပြီး အမည်ပေးထားတာ မြင်တွေ့ရပါတယ်။ပထမဆုံးအနေနဲ့ Black Shark 3 ရဲ့ စွမ်းဆောင်ရည်ကို ဖော်ပြပေးချင်ပါတယ်။ Black Shark 3 ဟာ ဂိမ်းအသားပေး စမတ်ဖုန်းဖြစ်တာနဲ့အညီ နောက်ဆုံးထွက် Snapdragon 865 chipset နဲ့ မောင်းနှင်ပေးထားမှာဖြစ်ပြီး၊ 12GB LPDDR5 မမ်မိုရီ ထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်။

မျက်နှာပြင်အရွယ်အစားက ၆.၆၇ လက်မ ရှိမှာဖြစ်ပြီး၊ FHD+ resolution အရည်အသွေးရှိ မျက်နှာပြင်ကို တပ်ဆင်ပေးထားမှာပါ။ဘက်ထရီပမာဏကတော့ 4720mAh ထည့်သွင်းပါဝင်ပြီး 65W မြန်နှုန်းမြှင့် အားသွင်းစနစ်ကို ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။
အနိမ့်ဆုံးစျေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၅၀၀ (မြန်မာငွေ ၇၀၀,၀၀၀ ခန့်) စတင်မှာဖြစ်ပြီး မတ်လ ၆ ရက်နေ့မှာ စတင်ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

Black Shark 3 Pro ကတော့ Black Shark 3 ထက် မျက်နှာပြင်အရွယ်အစား ပိုမိုကြီးမားသွားမှာဖြစ်ပြီး ၇.၁ လက်မ အရွယ်အစားဖြစ်သလို၊ မျက်နှာပြင်အရည်အသွေးပိုင်းလည်း ပိုမိုသာလွန်သွားကာ QHD+ 90Hz မျက်နှာပြင်ကို တပ်ဆင်ပေးထားမှာပါ။ဘက်ထရီပမာဏလည်း ပိုမိုကြီးမားသွားပြီး 5000mAh ပါဝင်မှာ ဖြစ်ပါတယ်။ Black Shark 3 Pro ကိုတော့ မြန်မာငွေ ၉၅၀,၀၀၀ ခန့်ကနေ စတင်‌ရောင်းချသွားမှာ ဖြစ်ပါတယ်။

ကင်မရာပိုင်းအနေနဲ့ကတော့ ဂိမ်းအသားပေး စမတ်ဖုန်းဖြစ်တာနဲ့အညီ အားရကျေနပ်စရာမရှိပဲ 64MP ကင်မရာကို တပ်ဆင်ပေးထားမှာဖြစ်တဲ့အတွက် ကင်မရာစွမ်းဆောင်ရည်မြင့်မားတာ လိုအပ်ရင်တော့ Mi 10 series လို flagship စမတ်ဖုန်းကိုသာ ရွေးချယ်သင့်ပါတယ်။

Black Shark 3 စမတ်ဖုန်းတွေမှာ နောက်ထပ်ထူးခြားချက်က အားသွင်းစနစ်တစ်ခုပါ၀င်လာခဲ့တာပါ။အကယ်၍ သင့်‌အနေနဲ့ ဂိမ်းကစားနေရင်း အရေးတကြီးအားသွင်းဖို့ လိုအပ်လာခဲ့ရင် ဖုန်းရဲ့ နောက်‌ကျောဘက် သံလိုက်လေးကနေပြီး ဂိမ်းဆော့မပျက် အားသွင်းနိုင်မှာ ဖြစ်ပါတယ်။အဆိုပါ သံလိုက်အားသွင်းစနစ်ကလည်း 18W မြန်နှုန်း ဖြစ်တဲ့အတွက် သင့်အနေနဲ့ သံလိုက်အားသွင်းစနစ်နဲ့ အဆင်ပြေပြေ အားသွင်းရင်း ဂိမ်းဆော့နိုင်မှာ ဖြစ်ပါတယ်။

Black Shark 3 စမတ်ဖုန်းတွေဟာ ၂၀၂၀ ခုနှစ်မှာ ပထမဆုံး ထွက်ပေါ်လာခဲ့တဲ့ ဂိမ်းအသားပေး စမတ်ဖုန်းတွေဖြစ်ပြီး ယခင် Black Shark series တွေနဲ့မတူပဲ ဒီဇိုင်းပိုင်းရော စွမ်းဆောင်ရည်ပိုင်းတွေမှာပါ အဆင့်မြှင့်တင်ထားတဲ့အတွက် စမတ်ဖုန်းနဲ့ ဂိမ်းကစားသူတွေ ရွေးချယ်သင့်တဲ့ စမတ်ဖုန်းတွေဖြစ်ပါကြောင်း အကြံပြုလိုက်ပါတယ်။

Damien

( Zawgyi )

တ႐ုတ္နည္းပညာကုမၸဏီႀကီး Xiaomi ရဲ႕ မိတ္ဖက္ ဂိမ္းအသားေပးစမတ္ဖုန္းေတြ ထုတ္လုပ္တဲ့ Black Shark မွ လြန္ခဲ့တဲ့ အဂၤါေန႔ကပဲ စမတ္ဖုန္းသစ္ေတြကို မိတ္ဆက္လိုက္ၿပီ ျဖစ္ပါတယ္။

မိတ္ဆက္လိုက္တဲ့ စမတ္ဖုန္းသစ္ေတြဟာ အျခားမဟုတ္ပဲ နာမည္ေက်ာ္ ဂိမ္းအသားေပး Black Shark 3 စမတ္ဖုန္းႏွစ္မ်ိဳး ျဖစ္ပါတယ္။

Black Shark ရဲ႕ ေနာက္ထပ္မ်ိဳးဆက္ ဂိမ္းအသားေပး စမတ္ဖုန္းႏွစ္မ်ိဳးကို Black Shark 3 နဲ႔ Balck Shark 3 Pro ဆိုၿပီး အမည္ေပးထားတာ ျမင္ေတြ႕ရပါတယ္။ပထမဆုံးအေနနဲ႔ Black Shark 3 ရဲ႕ စြမ္းေဆာင္ရည္ကို ေဖာ္ျပေပးခ်င္ပါတယ္။ Black Shark 3 ဟာ ဂိမ္းအသားေပး စမတ္ဖုန္းျဖစ္တာနဲ႔အညီ ေနာက္ဆုံးထြက္ Snapdragon 865 chipset နဲ႔ ေမာင္းႏွင္ေပးထားမွာျဖစ္ၿပီး၊ 12GB LPDDR5 မမ္မိုရီ ထည့္သြင္းေပးထားမွာ ျဖစ္ပါတယ္။

မ်က္ႏွာျပင္အ႐ြယ္အစားက ၆.၆၇ လက္မ ရွိမွာျဖစ္ၿပီး၊ FHD+ resolution အရည္အေသြးရွိ မ်က္ႏွာျပင္ကို တပ္ဆင္ေပးထားမွာပါ။ဘက္ထရီပမာဏကေတာ့ 4720mAh ထည့္သြင္းပါဝင္ၿပီး 65W ျမန္ႏႈန္းျမႇင့္ အားသြင္းစနစ္ကို ေထာက္ပံ့ေပးထားတယ္လို႔ သိရပါတယ္။
အနိမ့္ဆုံးေစ်းႏႈန္းကေတာ့ အေမရိကန္ေဒၚလာ ၅၀၀ (ျမန္မာေငြ ၇၀၀,၀၀၀ ခန႔္) စတင္မွာျဖစ္ၿပီး မတ္လ ၆ ရက္ေန႔မွာ စတင္ေရာင္းခ်ေပးသြားမွာ ျဖစ္ပါတယ္။

Black Shark 3 Pro ကေတာ့ Black Shark 3 ထက္ မ်က္ႏွာျပင္အ႐ြယ္အစား ပိုမိုႀကီးမားသြားမွာျဖစ္ၿပီး ၇.၁ လက္မ အ႐ြယ္အစားျဖစ္သလို၊ မ်က္ႏွာျပင္အရည္အေသြးပိုင္းလည္း ပိုမိုသာလြန္သြားကာ QHD+ 90Hz မ်က္ႏွာျပင္ကို တပ္ဆင္ေပးထားမွာပါ။ဘက္ထရီပမာဏလည္း ပိုမိုႀကီးမားသြားၿပီး 5000mAh ပါဝင္မွာ ျဖစ္ပါတယ္။ Black Shark 3 Pro ကိုေတာ့ ျမန္မာေငြ ၉၅၀,၀၀၀ ခန႔္ကေန စတင္‌ေရာင္းခ်သြားမွာ ျဖစ္ပါတယ္။

ကင္မရာပိုင္းအေနနဲ႔ကေတာ့ ဂိမ္းအသားေပး စမတ္ဖုန္းျဖစ္တာနဲ႔အညီ အားရေက်နပ္စရာမရွိပဲ 64MP ကင္မရာကို တပ္ဆင္ေပးထားမွာျဖစ္တဲ့အတြက္ ကင္မရာစြမ္းေဆာင္ရည္ျမင့္မားတာ လိုအပ္ရင္ေတာ့ Mi 10 series လို flagship စမတ္ဖုန္းကိုသာ ေ႐ြးခ်ယ္သင့္ပါတယ္။

Black Shark 3 စမတ္ဖုန္းေတြမွာ ေနာက္ထပ္ထူးျခားခ်က္က အားသြင္းစနစ္တစ္ခုပါ၀င္လာခဲ့တာပါ။အကယ္၍ သင့္‌အေနနဲ႔ ဂိမ္းကစားေနရင္း အေရးတႀကီးအားသြင္းဖို႔ လိုအပ္လာခဲ့ရင္ ဖုန္းရဲ႕ ေနာက္‌ေက်ာဘက္ သံလိုက္ေလးကေနၿပီး ဂိမ္းေဆာ့မပ်က္ အားသြင္းႏိုင္မွာ ျဖစ္ပါတယ္။အဆိုပါ သံလိုက္အားသြင္းစနစ္ကလည္း 18W ျမန္ႏႈန္း ျဖစ္တဲ့အတြက္ သင့္အေနနဲ႔ သံလိုက္အားသြင္းစနစ္နဲ႔ အဆင္ေျပေျပ အားသြင္းရင္း ဂိမ္းေဆာ့ႏိုင္မွာ ျဖစ္ပါတယ္။

Black Shark 3 စမတ္ဖုန္းေတြဟာ ၂၀၂၀ ခုႏွစ္မွာ ပထမဆုံး ထြက္ေပၚလာခဲ့တဲ့ ဂိမ္းအသားေပး စမတ္ဖုန္းေတြျဖစ္ၿပီး ယခင္ Black Shark series ေတြနဲ႔မတူပဲ ဒီဇိုင္းပိုင္းေရာ စြမ္းေဆာင္ရည္ပိုင္းေတြမွာပါ အဆင့္ျမႇင့္တင္ထားတဲ့အတြက္ စမတ္ဖုန္းနဲ႔ ဂိမ္းကစားသူေတြ ေ႐ြးခ်ယ္သင့္တဲ့ စမတ္ဖုန္းေတြျဖစ္ပါေၾကာင္း အႀကံျပဳလိုက္ပါတယ္။

Damien