【 နည်းပညာ 】 ဂျိမ်းစ်ဘွန်းရုပ်ရှင်ကြော်ငြာထဲမှာ မြင်တွေ့ရမယ့် Nokia စမတ်ဖုန်းသစ်

【 နည်းပညာ 】 ဂျိမ်းစ်ဘွန်းရုပ်ရှင်ကြော်ငြာထဲမှာ မြင်တွေ့ရမယ့် Nokia စမတ်ဖုန်းသစ်

လွန်ခဲ့တဲ့ရက်ပိုင်းက HMD ကနေ ကြေညာမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။

ဒါကတော့ ဂျိမ်းစ်ဘွန်းရုပ်ရှင်ဇာတ်ကားသစ် "No Time To Die" မှာ ပထမဆုံးအနေနဲ့ 5G ကွန်ယက် စမတ်ဖုန်းကို အသုံးပြုမယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ဂျိမ်းစ်ဘွန်းဇာတ်ကားသစ်ရဲ့ ကြော်ငြာအတိုလေးကတော့ ပေါ်ထွက်လာခဲ့ပါပြီ။ဒုတိယမြောက် ထုတ်ပြခဲ့တဲ့ ရုပ်ရှင်ကြော်ငြာအတိုမှာ ဂျိမ်းစ်ဘွန်းသရုပ်ဆောင် ဒန်နီရယ် ကရိတ်ခ်ျ ဖုန်းပြောနေတဲ့ ဇာတ်၀င်ခန်းကို မြင်တွေ့ရပါတယ်။အဆိုပါဇာတ်၀င်ခန်းမှာ ဒန်နီရယ် ကိုင်ထားတဲ့ စမတ်ဖုန်းဟာ Nokia မှ အသစ်မိတ်ဆက်မယ်လို့ သတင်းထွက်နေတဲ့ Nokia 8.2 5G နဲ့ ဆင်တူနေတာကို မြင်တွေ့ရပါတယ်။

Nokia 8.2 5G စမတ်ဖုန်းကို လာမယ့် မတ်လ ၁၉ ရက်နေ့ လန်ဒန်မြို့မှာ တရား၀င်မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။အဆိုပါစမတ်ဖုန်းကို Snapdragon 765G chipset နဲ့ မောင်းနှင်ပေးထားမှာ ဖြစ်ပါတယ်။ရုပ်ရှင်ဇာတ်လမ်းထဲက ဂျိမ်းစ်ဘွန်း ကိုင်ထားတဲ့ပုံအရ စမတ်ဖုန်းနောက်ကျောဘက်မှာ ကင်မရာသုံးလုံး တပ်ဆင်ထားမှာဖြစ်ပြီး လက်ဗွေကိရိယာကိုလည်း ကင်မရာတွေအောက်ဖက်မှာ တပ်ဆင်ပေးထားတာကို မြင်တွေ့ရပါတယ်။

Nokia 8.2 5G စမတ်ဖုန်းဟာ Nokia အတွက် ပထမ‌ဆုံး 5G ကွန်ယက် အသုံးပြု စမတ်ဖုန်းဖြစ်လာမှာဖြစ်ပြီး၊ စွမ်းဆောင်ရည်အရမှာတော့ mid-range အလယ်လတ်တန်းစား အဆင့်ရှိမှာသာဖြစ်တဲ့အတွက် Nokia ဆီကနေ flagship စမတ်ဖုန်းတစ်လုံး ထပ်မံထွက်ပေါ်လာလေမလားကတော့ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Damien

( Zawgyi )

လြန္ခဲ့တဲ့ရက္ပိုင္းက HMD ကေန ေၾကညာမႈတစ္ခု ျပဳလုပ္ခဲ့ပါတယ္။

ဒါကေတာ့ ဂ်ိမ္းစ္ဘြန္း႐ုပ္ရွင္ဇာတ္ကားသစ္ "No Time To Die" မွာ ပထမဆုံးအေနနဲ႔ 5G ကြန္ယက္ စမတ္ဖုန္းကို အသုံးျပဳမယ္လို႔ ေၾကညာခဲ့တာျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ ဂ်ိမ္းစ္ဘြန္းဇာတ္ကားသစ္ရဲ႕ ေၾကာ္ျငာအတိုေလးကေတာ့ ေပၚထြက္လာခဲ့ပါၿပီ။ဒုတိယေျမာက္ ထုတ္ျပခဲ့တဲ့ ႐ုပ္ရွင္ေၾကာ္ျငာအတိုမွာ ဂ်ိမ္းစ္ဘြန္းသ႐ုပ္ေဆာင္ ဒန္နီရယ္ ကရိတ္ခ္် ဖုန္းေျပာေနတဲ့ ဇာတ္၀င္ခန္းကို ျမင္ေတြ႕ရပါတယ္။အဆိုပါဇာတ္၀င္ခန္းမွာ ဒန္နီရယ္ ကိုင္ထားတဲ့ စမတ္ဖုန္းဟာ Nokia မွ အသစ္မိတ္ဆက္မယ္လို႔ သတင္းထြက္ေနတဲ့ Nokia 8.2 5G နဲ႔ ဆင္တူေနတာကို ျမင္ေတြ႕ရပါတယ္။

Nokia 8.2 5G စမတ္ဖုန္းကို လာမယ့္ မတ္လ ၁၉ ရက္ေန႔ လန္ဒန္ၿမိဳ႕မွာ တရား၀င္မိတ္ဆက္သြားမွာ ျဖစ္ပါတယ္။အဆိုပါစမတ္ဖုန္းကို Snapdragon 765G chipset နဲ႔ ေမာင္းႏွင္ေပးထားမွာ ျဖစ္ပါတယ္။႐ုပ္ရွင္ဇာတ္လမ္းထဲက ဂ်ိမ္းစ္ဘြန္း ကိုင္ထားတဲ့ပုံအရ စမတ္ဖုန္းေနာက္ေက်ာဘက္မွာ ကင္မရာသုံးလုံး တပ္ဆင္ထားမွာျဖစ္ၿပီး လက္ေဗြကိရိယာကိုလည္း ကင္မရာေတြေအာက္ဖက္မွာ တပ္ဆင္ေပးထားတာကို ျမင္ေတြ႕ရပါတယ္။

Nokia 8.2 5G စမတ္ဖုန္းဟာ Nokia အတြက္ ပထမ‌ဆုံး 5G ကြန္ယက္ အသုံးျပဳ စမတ္ဖုန္းျဖစ္လာမွာျဖစ္ၿပီး၊ စြမ္းေဆာင္ရည္အရမွာေတာ့ mid-range အလယ္လတ္တန္းစား အဆင့္ရွိမွာသာျဖစ္တဲ့အတြက္ Nokia ဆီကေန flagship စမတ္ဖုန္းတစ္လုံး ထပ္မံထြက္ေပၚလာေလမလားကေတာ့ ဆက္လက္ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

Damien