【 နည်းပညာ 】 ကိုယ်ပိုင် chipset ထီထွင်တော့မယ့် Xiaomi

【 နည်းပညာ 】 ကိုယ်ပိုင် chipset ထီထွင်တော့မယ့် Xiaomi

တရုတ်နည်းပညာကုမ္ပဏီကြီး Xiaomi ဟာ ၎င်းရဲ့ ဈေးသက်သာတဲ့ စမတ်ဖုန်းတွေနဲ့ အခြားသော စမတ်ထုတ်ကုန်တွေကြောင့် လူသိများ ထင်ရှားလာခဲ့တာ ဖြစ်ပါတယ်။

ယခုတော့ Xiaomi မှ ယခင်က မိတ်ဆက်ပြသခဲ့ပြီး အသုံးမပြုခဲ့တဲ့ chipset တွေကို ပြန်လည်ဆန်းသစ်ပြီး ကိုယ်ပိုင် chipset တွေအဖြစ် အသုံးပြုတော့မယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်း Xiaomi ဟာ ၎င်းရဲ့ ပထမဆုံး chipset ဖြစ်တဲ့ Surge S1 ကို မိတ်ဆက်ခဲ့ပြီး၊ MWC 2018 နည်းပညာပြပွဲမှာတော့ Surge S2 chipset ကို ထုတ်ဖော်ပြသခဲ့ပါတယ်။ဒါပေမယ့် အဆိုပါ chipset တွေကို ၎င်းရဲ့ စမတ်ဖုန်းတွေမှာ အသုံးပြုခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။ Xiaomi ထုတ်ဖော်ပြသခဲ့တဲ့ chips တွေဟာ ပါဝါစားနှုန်းသက်သာစေပြီး စမတ်ဖုန်းအသုံးပြုရာမှ အပူချိန်နဲ့ လုပ်ဆောင်န်ုငစွမ်းကို ထိန်းညှိပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

Xiaomi ပထမဆုံး မိတ်ဆက်ပေးခဲ့တဲ့ Surge S1 chipset ဟာ ARM ရဲ့ hardware နဲ့ ပူးပေါင်းတည်ဆောက်ထားပြီး၊ Cortex-A53 cores ၈ လုံးနဲ့အတူ quad-core Mali-T860 GPU တို့ကို ထည့်သွင်းတည်ဆောက်ထားတာကို မြင်တွေ့ရပါတယ်။ယခင်ထွက်ပေါ်ခဲ့ပြီးတဲ့ သတင်းတွေအရ Mi 5c စမတ်ဖုန်းမှာ Surge S1 chipset, Mi 6c စမတ်ဖုန်းမှာ Surge S2 chipset တို့ကို အသုံးပြုထားမယ်လို့ ကြားသိခဲ့ရပေမယ့် လက်ရှိအချိန်ထိတော့ Xiaomi ရဲ့ ကိုယ်ပိုင် chipset ကို မြင်တွေ့ရခြင်း မရှိသေးပါဘူး။

လက်ရှိအချိန်မှာ‌တော့ Xiaomi အနေနဲ့ ၎င်းရဲ့ စမတ်ဖုန်းတွေမှာ Snapdragon နဲ့ MediaTeks ရဲ့ chipsets တွေကို အသုံးပြုနေတာလည်း ဖြစ်ပါတယ်။

Damien
( Zawgyi )
တ႐ုတ္နည္းပညာကုမၸဏီႀကီး Xiaomi ဟာ ၎ရဲ႕ ေဈးသက္သာတဲ့ စမတ္ဖုန္းေတြနဲ႔ အျခားေသာ စမတ္ထုတ္ကုန္ေတြေၾကာင့္ လူသိမ်ား ထင္ရွားလာခဲ့တာ ျဖစ္ပါတယ္။

ယခုေတာ့ Xiaomi မွ ယခင္က မိတ္ဆက္ျပသခဲ့ၿပီး အသုံးမျပဳခဲ့တဲ့ chipset ေတြကို ျပန္လည္ဆန္းသစ္ၿပီး ကိုယ္ပိုင္ chipset ေတြအျဖစ္ အသုံးျပဳေတာ့မယ္လို႔ သိရပါတယ္။

လြန္ခဲ့တဲ့ ၂၀၁၇ ခုႏွစ္တုန္း Xiaomi ဟာ ၎ရဲ႕ ပထမဆုံး chipset ျဖစ္တဲ့ Surge S1 ကို မိတ္ဆက္ခဲ့ၿပီး၊ MWC 2018 နည္းပညာျပပြဲမွာေတာ့ Surge S2 chipset ကို ထုတ္ေဖာ္ျပသခဲ့ပါတယ္။ဒါေပမယ့္ အဆိုပါ chipset ေတြကို ၎ရဲ႕ စမတ္ဖုန္းေတြမွာ အသုံးျပဳခဲ့ျခင္းေတာ့ မရွိခဲ့ပါဘူး။ Xiaomi ထုတ္ေဖာ္ျပသခဲ့တဲ့ chips ေတြဟာ ပါဝါစားႏႈန္းသက္သာေစၿပီး စမတ္ဖုန္းအသုံးျပဳရာမွ အပူခ်ိန္နဲ႔ လုပ္ေဆာင္ႏ္ုငစြမ္းကို ထိန္းညႇိေပးႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

Xiaomi ပထမဆုံး မိတ္ဆက္ေပးခဲ့တဲ့ Surge S1 chipset ဟာ ARM ရဲ႕ hardware နဲ႔ ပူးေပါင္းတည္ေဆာက္ထားၿပီး၊ Cortex-A53 cores ၈ လုံးနဲ႔အတူ quad-core Mali-T860 GPU တို႔ကို ထည့္သြင္းတည္ေဆာက္ထားတာကို ျမင္ေတြ႕ရပါတယ္။ယခင္ထြက္ေပၚခဲ့ၿပီးတဲ့ သတင္းေတြအရ Mi 5c စမတ္ဖုန္းမွာ Surge S1 chipset, Mi 6c စမတ္ဖုန္းမွာ Surge S2 chipset တို႔ကို အသုံးျပဳထားမယ္လို႔ ၾကားသိခဲ့ရေပမယ့္ လက္ရွိအခ်ိန္ထိေတာ့ Xiaomi ရဲ႕ ကိုယ္ပိုင္ chipset ကို ျမင္ေတြ႕ရျခင္း မရွိေသးပါဘူး။

လက္ရွိအခ်ိန္မွာ‌ေတာ့ Xiaomi အေနနဲ႔ ၎ရဲ႕ စမတ္ဖုန္းေတြမွာ Snapdragon နဲ႔ MediaTeks ရဲ႕ chipsets ေတြကို အသုံးျပဳေနတာလည္း ျဖစ္ပါတယ္။

Damien