【 နည်းပညာ 】မတ် ၁၂ ရက်မှာ ထွက်ပေါ်လာမယ့် Nubia Red Magic 5G

【  နည်းပညာ  】မတ် ၁၂ ရက်မှာ ထွက်ပေါ်လာမယ့် Nubia Red Magic 5G

ကမ္ဘာ့ပထမဆုံး အအေးခံပန်ကာ ပါဝင်တဲ့ Nubia ရဲ့ Red Magic စမတ်ဖုန်းကို မှတ်မိကြမယ်ထင်ပါတယ်။

ယခုမတ်လထဲမှာပဲ Nubia Red Magic ရဲ့ မျိုးဆက်သစ် Red Magic 5G ကို မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။

Nubia Red Magic 5G ကို လာမယ့် မတ်လ ၁၂ ရက်နေ့မှာ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ဂိမ်းအသားပေးစမတ်ဖုန်းဖြစ်တာနဲ့အညီ ၎င်းစမတ်ဖုန်းရဲ့  မျက်နှာပြင်အရည်အသွေးကတော့ 144Hz အထိ မြှင့်တင်အသုံးပြုနိုင်မှာဖြစ်ပြီး၊ ထိတွေ့အသုံးပြုရာမှာ မြန်ဆန် သွက်လက်နေမှာ အသေအချာပါပဲ။ဒါ့အပြင် နောက်ဆုံးပေါ် 5G ကွန်ယက်နဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ Nubia ရဲ့ နည်းပညာ မြင့်စမတ်ဖုန်းတစ်လုံးအဖြစ် မြင်တွေ့ရမှာဖြစ်ပါတယ်။ Nubia Red Magic 5G ကို နောက်ဆုံးထွက် Snapdragon 865 chipset နဲ့ မောင်းနှင်ပေးထားမှာဖြစ်ပြီး၊ မမ်မိုရီပမာဏ အမြင့်ဆုံးအနေနဲ့ 16GB LPDDR5 RAM ကို ထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်။

Nubia ရဲ့ စီအီးအို Ni Fei ရဲ့ ပြောကြားချက်အရ "liquid cooling နည်းပညာဟာ စမတ်ဖုန်းအပူချိန်ကိုလျှော့ချပေးဖို့ မလုံလောက် တဲ့အတွက် Red Magic 3 မှာ အသုံးပြုခဲ့သလိုပဲ အ‌အေးခံပန်ကာကို Red Magic 5G မှာ ဆက်လက်အသုံးပြုလာခဲ့မယ်" သိရပါတယ်။

Nubia Red Magic 5G ဟာ ဂိမ်းအသားပေး စမတ်ဖုန်းတွေထဲမှာ ပထမဆုံး 144fps အထိ ပါဝင်တဲ့ စမတ်ဖုန်းဖြစ်လာခဲ့မှာဖြစ်ပြီး Xiaomi Mi 10 series ကို အဓိကယှဉ်ပြိုင်လာတော့မယ့် စမတ်ဖုန်းဖြစ်လာမှာ အသေအချာပဲဖြစ်ပါတယ်။

Damien

(  Zawgyi  )

 ကမာၻ႔ပထမဆုံး အေအးခံပန္ကာ ပါဝင္တဲ့ Nubia ရဲ႕ Red Magic စမတ္ဖုန္းကို မွတ္မိၾကမယ္ထင္ပါတယ္။

ယခုမတ္လထဲမွာပဲ Nubia Red Magic ရဲ႕ မ်ိဳးဆက္သစ္ Red Magic 5G ကို မိတ္ဆက္ေတာ့မွာ ျဖစ္ပါတယ္။

Nubia Red Magic 5G ကို လာမယ့္ မတ္လ ၁၂ ရက္ေန႔မွာ မိတ္ဆက္သြားမယ္လို႔ သိရပါတယ္။ဂိမ္းအသားေပးစမတ္ဖုန္းျဖစ္တာနဲ႔အညီ ၎စမတ္ဖုန္းရဲ႕  မ်က္ႏွာျပင္အရည္အေသြးကေတာ့ 144Hz အထိ ျမႇင့္တင္အသုံးျပဳႏိုင္မွာျဖစ္ၿပီး၊ ထိေတြ႕အသုံးျပဳရာမွာ ျမန္ဆန္ သြက္လက္ေနမွာ အေသအခ်ာပါပဲ။ဒါ့အျပင္ ေနာက္ဆုံးေပၚ 5G ကြန္ယက္နဲ႔ ေပါင္းစပ္လိုက္တဲ့အခါမွာေတာ့ Nubia ရဲ႕ နည္းပညာ ျမင့္စမတ္ဖုန္းတစ္လုံးအျဖစ္ ျမင္ေတြ႕ရမွာျဖစ္ပါတယ္။ Nubia Red Magic 5G ကို ေနာက္ဆုံးထြက္ Snapdragon 865 chipset နဲ႔ ေမာင္းႏွင္ေပးထားမွာျဖစ္ၿပီး၊ မမ္မိုရီပမာဏ အျမင့္ဆုံးအေနနဲ႔ 16GB LPDDR5 RAM ကို ထည့္သြင္းေပးထားမွာ ျဖစ္ပါတယ္။

Nubia ရဲ႕ စီအီးအို Ni Fei ရဲ႕ ေျပာၾကားခ်က္အရ "liquid cooling နည္းပညာဟာ စမတ္ဖုန္းအပူခ်ိန္ကိုေလွ်ာ့ခ်ေပးဖို႔ မလုံေလာက္ တဲ့အတြက္ Red Magic 3 မွာ အသုံးျပဳခဲ့သလိုပဲ အ‌ေအးခံပန္ကာကို Red Magic 5G မွာ ဆက္လက္အသုံးျပဳလာခဲ့မယ္" သိရပါတယ္။

Nubia Red Magic 5G ဟာ ဂိမ္းအသားေပး စမတ္ဖုန္းေတြထဲမွာ ပထမဆုံး 144fps အထိ ပါဝင္တဲ့ စမတ္ဖုန္းျဖစ္လာခဲ့မွာျဖစ္ၿပီး Xiaomi Mi 10 series ကို အဓိကယွဥ္ၿပိဳင္လာေတာ့မယ့္ စမတ္ဖုန္းျဖစ္လာမွာ အေသအခ်ာပဲျဖစ္ပါတယ္။

Damien