【နည်းပညာ】ဂြိုဟ်တုအင်တာနက်နည်းပညာပိုင်းဆိုင်ရာအတွက် စမ်းသပ်ဂြိုဟ်တုကို တရုတ်နိုင်ငံ လွှတ်တင်

【နည်းပညာ】ဂြိုဟ်တုအင်တာနက်နည်းပညာပိုင်းဆိုင်ရာအတွက် စမ်းသပ်ဂြိုဟ်တုကို တရုတ်နိုင်ငံ လွှတ်တင်

တရုတ်နိုင်ငံက ဂြိုဟ်တုအင်တာနက်နည်းပညာပိုင်းဆိုင်ရာအတွက် စမ်းသပ်ဂြိုဟ်တုတစ်လုံးကို စနေနေ့က လွှတ်တင်ခဲ့ပါတယ်။
 
နိုင်ငံရဲ့ အနောက်မြောက်ပိုင်း၊ Jiuquan ဂြိုဟ်တုလွှတ်တင်ရေးစင်တာကနေ အဆိုပါဂြိုဟ်တုကို လွှတ်တင်ခဲ့တာပါ။
 
စမ်းသပ်ဂြိုဟ်တုကို တရုတ်ပြည်တွင်းထုတ် Long March-2C သယ်ဆောင်ဒုံးပျံယာဉ်နဲ့ ပေကျင်းစံတော်ချိန် မနက် ၈ နာရီ ၁၃ မိနစ်အချိန်မှာ လွှတ်တင်ခဲ့တာဖြစ်ပြီး၊ ကြိုတင်သတ်မှတ်ထားတဲ့ ပတ်လမ်းကြောင်းထဲကို အောင်မြင်စွာ ဝင်ရောက်သွားတယ်လို့ CMG သတင်းဌာန ဖော်ပြချက်အရ သိရပါတယ်။
 
တရုတ်နိုင်ငံဟာ ၂၀၂၃ ခုနှစ်အတွင်း ပတ်လမ်းကြောင်းထဲသို့ ဂြိုဟ်တု ၁၃၀ ကျော် လွှတ်တင်နိုင်ခဲ့ပါတယ်။စနေနေ့ လွှတ်တင်မှုဟာ ၂၀၂၃ ခုနှစ်အတွင်း တရုတ် အာကာသ သိပ္ပံနှင့် နည်းပညာကော်ပိုရေးရှင်းက တီထွင်ထုတ်လုပ် သယ်ဆောင်ဒုံးပျံယာဉ်တွေရဲ့ ၄၈ ကြိမ်မြောက် အောင်မြင်တဲ့ လွှတ်တင်မှုလည်း ဖြစ်ခဲ့ပါတယ်။
 
ယခုနှစ်အတွင်း တရုတ်နိုင်ငံဟာ ၎င်းရဲ့ ပြည်တွင်းထုတ် Long March သယ်ဆောင်ဒုံးပျံယာဉ်စီးရီးနဲ့ ၅၀၅ ကြိမ်မြောက် လွှတ်တင်မှုမစ်ရှင်တွေကို လုပ်ဆောင်နိုင်ခဲ့ပါတယ်။
 
Damien
 
Ref - CMG
 
ပေကျင်း၊ ဇန်နဝါရီ ၁