၂၀၂၀ မတ်လအတွင်း အခွေထွက်ဖို့လုပ်နေတဲ့ တေးသံရှင် ငွေဇင်လှိုင်း

၂၀၂၀ မတ်လအတွင်း အခွေထွက်ဖို့လုပ်နေတဲ့ တေးသံရှင် ငွေဇင်လှိုင်း

Myanmar Idol တေးသီချင်းပြိုင်ပွဲမှ လူသိများလာခဲ့တဲ့ တေးသံရှင် ငွေဇင်လှိုင်းဟာ လာမယ့် ၂၀၂၀ ပြည့်နှစ် မတ်လထဲမှာ တေးအယ်လ်ဘမ်တစ်ခုထုတ်ဖို့ လုပ်နေတယ်လို့ ပြောပါတယ်။

“လောလောဆယ်မှာက အဲ့ဒီအခွေအတွက် ပြင်ဆင်နေတာပါ၊ ငွေဇင့်အခွေလေး ထွက်လာရင်လည်း အားပေးပါဦးနော်” လို့ ဆိုပါတယ်။

လက်ရှိကျင်းပနေတဲ့ Myanmar Idol မှာ ပရိသတ်တွေမျှော်မှန်းထားသလို မဖြစ်ခဲ့ဘဲ ဝေဖန်မှုတွေထွက်ပေါ်တာနဲ့ ပတ်သက်ပြီး သူမက အထူးပြောစရာမလိုကြောင်း၊ ၎င်းတို့ဟာ ပညာအရည်အချင်း ပြည့်ဝသူတွေဖြစ်တဲ့အတွက် ပြောစရာမလိုသလို ပရိသတ်တွေအကုန်လုံးက သိကြကြောင်း၊ ယခင်ကျင်းပခဲ့သော Season သုံးခုစလုံးတွင် winner မှာ ယောကျာ်းလေးတွေချည်းပဲ ဖြစ်ခဲ့တာကြောင့် ယခု Season မှာ မိန်းကလေးကို ရစေချင်တယ်လို့ ပြောကြပေမယ့် ကံတရားနဲ့လည်းဆိုင်ကြောင်း၊ အကုန်လုံးက တော်ကြသူတွေချည်းပဲ ဖြစ်တာကြောင့် ပရိသတ်အကြိုက်နဲ့ လွဲတာဟာ Voting ကြောင့်သာဖြစ်ပြီး ယင်းအခြေအနေဟာလည်း ကံကောင်းခြင်းတစ်မျိုးပဲဖြစ်ကြောင်း၊ ဥပမာအားဖြင့် မူးလာ ဆိုရင် သူထွက်သွားတဲ့အပတ်မှာ အရမ်းကောင်းပြီး ပရိသတ်ရဲ့ ရင်ထဲနှလုံးသားထဲမှာ စွဲကျန်နေကာ သူ့ကို မမေ့ကြကြောင်း၊ အဲ့ဒီအမှတ်တရက သူ့အတွက် ဘာနဲ့မှလဲလို့မရနိုင်သလို မေတ္တာဆိုတာဟာ ငွေနဲ့ပြန်ပြီးလဲဝယ်လို့ မရတဲ့အပြင် အဲ့ဒါအခြေအနေက သူ့အတွက် ကံကောင်းတာမျိုးဖြစ်စေကြောင်း၊ ဒီပွဲနဲ့ပတ်သက်ပြီး အသံမျိုးစုံထွက်တယ်ဆိုတာဟာ ဒီနှစ်မှထွက်တာမဟုတ်ဘဲ နှစ်တိုင်းထွက်နေတာ ဖြစ်သလို လူတစ်ယောက်နဲ့ တစ်ယောက်ကလည်း အမြင်ကမတူနိုင်တာကြောင့်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။

သူဟာ လက်ရှိမှာ သရုပ်ဆောင် သက်မွန်မြင့်ရဲ့ ယောဂဆရာမလည်းဖြစ်သလို အခိုင်အမာပရိသတ်တစ်ဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။

“ငွေဇင် က မမွန် (သက်မွန်မြင့်) နဲ့ စပြီးမသိခင်ကတည်းက လွန်ခဲ့တဲ့ ခြောက်နှစ် ခုနစ်နှစ်လောက်ကတည်းက Yellow Hearts အဖွဲ့ထဲဝင်ထားတယ်၊ သူနဲ့တော့ မတွေ့ရဘူးပေါ့၊ မန္တလေးမှာ ကျောင်းတက်နေတုန်းဆိုတော့လေ၊ “လဝန်းလေး” မွေးပြီးတော့မှ ယောဂဆရာမဖြစ်သွားတော့ ယောဂသင်ရင်းနဲ့ အခုဆိုရင် ရင်းနှီးတာ လေးနှစ်လောက်ရှိပြီ၊ အခု Yellow Hearts တွေ စုပေါင်းပြီး ငွေဇင်တို့က လက်ဆောင်ပေးတာ၊ မမွန် က တီရှပ်လေး ဂျင်းဘောင်းဘီလေးနဲ့ ချစ်စရာကောင်းတယ်လေ၊ မဂ္ဂဇင်းတွေမှာပါရင် သူ့ပုံလေးတွေကိုညှပ်ပြီး စာအုပ်မှာကပ်ထားတယ်” လို့လည်း IPhone 11 pro နဲ့ ပတ်သက်ပြီး သူက ရှင်းပြခဲ့ပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဒီဇင်ဘာ - ၂၈

( Zawgyi )

Myanmar Idol ေတးသီခ်င္းၿပိဳင္ပြဲမွ လူသိမ်ားလာခဲ့တဲ့ ေတးသံရွင္ ေငြဇင္လႈိင္းဟာ လာမယ့္ ၂၀၂၀ ျပည့္ႏွစ္ မတ္လထဲမွာ ေတးအယ္လ္ဘမ္တစ္ခုထုတ္ဖို႔ လုပ္ေနတယ္လို႔ ေျပာပါတယ္။

“ေလာေလာဆယ္မွာက အဲ့ဒီအေခြအတြက္ ျပင္ဆင္ေနတာပါ၊ ေငြဇင့္အေခြေလး ထြက္လာရင္လည္း အားေပးပါဦးေနာ္” လို႔ ဆိုပါတယ္။

လက္ရွိက်င္းပေနတဲ့ Myanmar Idol မွာ ပရိသတ္ေတြေမွ်ာ္မွန္းထားသလို မျဖစ္ခဲ့ဘဲ ေဝဖန္မႈေတြထြက္ေပၚတာနဲ႔ ပတ္သက္ၿပီး သူမက အထူးေျပာစရာမလိုေၾကာင္း၊ ၎တို႔ဟာ ပညာအရည္အခ်င္း ျပည့္ဝသူေတြျဖစ္တဲ့အတြက္ ေျပာစရာမလိုသလို ပရိသတ္ေတြအကုန္လုံးက သိၾကေၾကာင္း၊ ယခင္က်င္းပခဲ့ေသာ Season သုံးခုစလုံးတြင္ winner မွာ ေယာက်ာ္းေလးေတြခ်ည္းပဲ ျဖစ္ခဲ့တာေၾကာင့္ ယခု Season မွာ မိန္းကေလးကို ရေစခ်င္တယ္လို႔ ေျပာၾကေပမယ့္ ကံတရားနဲ႔လည္းဆိုင္ေၾကာင္း၊ အကုန္လုံးက ေတာ္ၾကသူေတြခ်ည္းပဲ ျဖစ္တာေၾကာင့္ ပရိသတ္အႀကိဳက္နဲ႔ လြဲတာဟာ Voting ေၾကာင့္သာျဖစ္ၿပီး ယင္းအေျခအေနဟာလည္း ကံေကာင္းျခင္းတစ္မ်ိဳးပဲျဖစ္ေၾကာင္း၊ ဥပမာအားျဖင့္ မူးလာ ဆိုရင္ သူထြက္သြားတဲ့အပတ္မွာ အရမ္းေကာင္းၿပီး ပရိသတ္ရဲ႕ ရင္ထဲႏွလုံးသားထဲမွာ စြဲက်န္ေနကာ သူ႔ကို မေမ့ၾကေၾကာင္း၊ အဲ့ဒီအမွတ္တရက သူ႔အတြက္ ဘာနဲ႔မွလဲလို႔မရႏိုင္သလို ေမတၱာဆိုတာဟာ ေငြနဲ႔ျပန္ၿပီးလဲဝယ္လို႔ မရတဲ့အျပင္ အဲ့ဒါအေျခအေနက သူ႔အတြက္ ကံေကာင္းတာမ်ိဳးျဖစ္ေစေၾကာင္း၊ ဒီပြဲနဲ႔ပတ္သက္ၿပီး အသံမ်ိဳးစုံထြက္တယ္ဆိုတာဟာ ဒီႏွစ္မွထြက္တာမဟုတ္ဘဲ ႏွစ္တိုင္းထြက္ေနတာ ျဖစ္သလို လူတစ္ေယာက္နဲ႔ တစ္ေယာက္ကလည္း အျမင္ကမတူႏိုင္တာေၾကာင့္လည္း ျဖစ္တယ္လို႔ ဆိုပါတယ္။

သူဟာ လက္ရွိမွာ သ႐ုပ္ေဆာင္ သက္မြန္ျမင့္ရဲ႕ ေယာဂဆရာမလည္းျဖစ္သလို အခိုင္အမာပရိသတ္တစ္ဦးလည္း ျဖစ္တယ္လို႔ သိရပါတယ္။

“ေငြဇင္ က မမြန္ (သက္မြန္ျမင့္) နဲ႔ စၿပီးမသိခင္ကတည္းက လြန္ခဲ့တဲ့ ေျခာက္ႏွစ္ ခုနစ္ႏွစ္ေလာက္ကတည္းက Yellow Hearts အဖြဲ႕ထဲဝင္ထားတယ္၊ သူနဲ႔ေတာ့ မေတြ႕ရဘူးေပါ့၊ မႏၲေလးမွာ ေက်ာင္းတက္ေနတုန္းဆိုေတာ့ေလ၊ “လဝန္းေလး” ေမြးၿပီးေတာ့မွ ေယာဂဆရာမျဖစ္သြားေတာ့ ေယာဂသင္ရင္းနဲ႔ အခုဆိုရင္ ရင္းႏွီးတာ ေလးႏွစ္ေလာက္ရွိၿပီ၊ အခု Yellow Hearts ေတြ စုေပါင္းၿပီး ေငြဇင္တို႔က လက္ေဆာင္ေပးတာ၊ မမြန္ က တီရွပ္ေလး ဂ်င္းေဘာင္းဘီေလးနဲ႔ ခ်စ္စရာေကာင္းတယ္ေလ၊ မဂၢဇင္းေတြမွာပါရင္ သူ႔ပုံေလးေတြကိုညႇပ္ၿပီး စာအုပ္မွာကပ္ထားတယ္” လို႔လည္း IPhone 11 pro နဲ႔ ပတ္သက္ၿပီး သူက ရွင္းျပခဲ့ပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဒီဇင္ဘာ - ၂၈