၂၀၂၀ ထဲမှာ လေးကြိမ်မြောက် တေးအယ်လ်ဘမ်ထွက်ဖို့ ကြိုးပမ်းနေတဲ့တေးသံရှင် ဆူဇီ

၂၀၂၀ ထဲမှာ လေးကြိမ်မြောက် တေးအယ်လ်ဘမ်ထွက်ဖို့ ကြိုးပမ်းနေတဲ့တေးသံရှင် ဆူဇီ

တေးသံရှင် ဆူဇီဟာ ယခု ၂၀၂၀ ထဲ လေးကြိမ်မြောက် တေးအယ်လ်ဘမ်တစ်ခုကို ထုတ်လုပ်ဖြန့်ချိသွားဖို့ ကြိုးပမ်းနေတယ်လို့ ပြောပါတယ်။ ယခုလိုလုပ်ဆောင်တာဟာ သူမအနေနဲ့ တေးအယ်လ်ဘမ်တွေထွက်တာ နည်းပါးတာကြောင့် ပရိသတ်နဲ့ ဝေးကွာမှာ စိုးရိမ်တဲ့အတွက် စီစဉ်ရတာလည်းဖြစ်ပါတယ်။

“ဒီနှစ်ထဲမှာ ထွက်ဖြစ်မှာပါ၊ လက်ထဲမှာရှိတဲ့သီချင်းတွေဆိုရင် လွန်ခဲ့တဲ့ သုံး၊ လေး နှစ်လောက်က စုဆောင်းထား ခဲ့တဲ့ဟာတွေလည်း ဖြစ်တဲ့အတွက် သံစဉ်ပိုင်းကို ပြန်လည်ပြုပြင်ရတာတွေလည်း ရှိပါတယ်၊ အဓိက ကတော့ ပရိသတ်နဲ့ အလှမ်းဝေးသွားမှာလည်း စိုးရိမ်တာက ပါတာပေါ့နော်၊ အခုကခေတ်ကာလနဲ့ ကိုက်ညီတဲ့ပုံစံလေး ဖြစ်အောင်လို့ နည်းနည်းပြန်ပြင်နေရပါတယ်”လို့ တေးသံရှင် ဆူဇီက ရှင်းပြပါတယ်။

သူမဟာ ရှိုးပွဲတွေမှာ သီဆိုဖျော်ဖြေနေတာတွေရှိပေမယ့် တေးအယ်လ်ဘမ်တစ်ခုနဲ့တစ်ခု ထွက်ရှိမှု ကြာမြင့်လေ့ရှိပြီး ငါးနှစ်တစ်ကြိမ်ခြား အခြေအနေမျိုးဖြစ်နေကြောင်း၊ တေးအယ်လ်ဘမ် သုံးခုထုတ်လုပ်ခဲ့ပြီးဖြစ်သလို ယခု ၂၀၂၀ ထဲမှာ အသစ် ထပ်ထွက်နိုင်ဖို့ စီစဉ်နေတာြ ဖစ်ပါတယ်။ “သင်္ကြန်မှာတော့ ဖိတ်ထားတဲ့ပွဲတွေလိုက်ဆိုဖို့ရှိပါတယ်၊ ဒါပေမဲ့ ဒီဘက်မှာလည်း စီစဉ်စရာတွေလည်းရှိနေတာရယ်၊ နည်းနည်းလည်းအချိန်စောနေသေးတာတွေကြောင့် အသေးစိတ် မပြောဖြစ်သေးတာပါ၊ ပရိသတ်နဲ့ ဝေးသလိုမျိုး မဖြစ်အောင်လည်း Single Song တွေအနေနဲ့လည်း လစဉ်ပေါ့ လုပ်ဆောင်သွားဖို့ရှိပါတယ်”လို့ တေးသံရှင် ဆူဇီက ဆက်လက်ရှင်းပြပါတယ်။

ယခုနောက်ပိုင်းကာလ တေးဂီတပိုင်းမှာ တေးအယ်လ်ဘမ်မျိုးမဟုတ်ဘဲ အွန်လိုင်းကနေ ထုတ်လွှင့်နေတဲ့ Single Song တွေ ခေတ်စား လာသလို ခေတ်နဲ့အညီဖန်တီးလုပ်ဆောင်နိုင်ဖို့လည်း စီစဉ်နေတယ်လို့ သိရပါတယ်။ “ခေတ်အခြေအနေ ကလည်း ပြောင်းလာတယ်၊ ဟိုးလွန်ခဲ့တဲ့ ငါးနှစ်၊ ၁၀နှစ်လောက်က လိုမျိုးနဲ့ မတူတော့ဘူး၊ တစ်ချို့ပရိသတ်တွေကလည်း ဆူဇီ ို အကြံပေးပါတယ်၊ အွန်လိုင်းကနေ သီချင်းလေးတွေ လုပ်ပေးဖို့ပေါ့နော်၊ ဆူဇီ အနေနဲ့လည်း ဒါကိုကြိုးစားနေပါတယ်နော်၊ ပရိသတ်တွေအနေနဲ့လည်း အမြဲစောင့်ဆိုင်း အားပေးနေပါနော်”လို့ တေးသံရှင် ဆူဇီက ရှင်းပြခဲ့ပါတယ်။

မင်းခေတ်လင်း
(ဓာတ်ပုံ- ကိုနိုင် NG)

(  Zawgyi  )

 ေတးသံရွင္ ဆူဇီဟာ ယခု ၂၀၂၀ ထဲ ေလးႀကိမ္ေျမာက္ ေတးအယ္လ္ဘမ္တစ္ခုကို ထုတ္လုပ္ျဖန႔္ခ်ိသြားဖို႔ ႀကိဳးပမ္းေနတယ္လို႔ ေျပာပါတယ္။ ယခုလိုလုပ္ေဆာင္တာဟာ သူမအေနနဲ႔ ေတးအယ္လ္ဘမ္ေတြထြက္တာ နည္းပါးတာေၾကာင့္ ပရိသတ္နဲ႔ ေဝးကြာမွာ စိုးရိမ္တဲ့အတြက္ စီစဥ္ရတာလည္းျဖစ္ပါတယ္။

“ဒီႏွစ္ထဲမွာ ထြက္ျဖစ္မွာပါ၊ လက္ထဲမွာရွိတဲ့သီခ်င္းေတြဆိုရင္ လြန္ခဲ့တဲ့ သုံး၊ ေလး ႏွစ္ေလာက္က စုေဆာင္းထား ခဲ့တဲ့ဟာေတြလည္း ျဖစ္တဲ့အတြက္ သံစဥ္ပိုင္းကို ျပန္လည္ျပဳျပင္ရတာေတြလည္း ရွိပါတယ္၊ အဓိက ကေတာ့ ပရိသတ္နဲ႔ အလွမ္းေဝးသြားမွာလည္း စိုးရိမ္တာက ပါတာေပါ့ေနာ္၊ အခုကေခတ္ကာလနဲ႔ ကိုက္ညီတဲ့ပုံစံေလး ျဖစ္ေအာင္လို႔ နည္းနည္းျပန္ျပင္ေနရပါတယ္”လို႔ ေတးသံရွင္ ဆူဇီက ရွင္းျပပါတယ္။

သူမဟာ ရႈိးပြဲေတြမွာ သီဆိုေဖ်ာ္ေျဖေနတာေတြရွိေပမယ့္ ေတးအယ္လ္ဘမ္တစ္ခုနဲ႔တစ္ခု ထြက္ရွိမႈ ၾကာျမင့္ေလ့ရွိၿပီး ငါးႏွစ္တစ္ႀကိမ္ျခား အေျခအေနမ်ိဳးျဖစ္ေနေၾကာင္း၊ ေတးအယ္လ္ဘမ္ သုံးခုထုတ္လုပ္ခဲ့ၿပီးျဖစ္သလို ယခု ၂၀၂၀ ထဲမွာ အသစ္ ထပ္ထြက္ႏိုင္ဖို႔ စီစဥ္ေနတာျ ဖစ္ပါတယ္။ “သၾကၤန္မွာေတာ့ ဖိတ္ထားတဲ့ပြဲေတြလိုက္ဆိုဖို႔ရွိပါတယ္၊ ဒါေပမဲ့ ဒီဘက္မွာလည္း စီစဥ္စရာေတြလည္းရွိေနတာရယ္၊ နည္းနည္းလည္းအခ်ိန္ေစာေနေသးတာေတြေၾကာင့္ အေသးစိတ္ မေျပာျဖစ္ေသးတာပါ၊ ပရိသတ္နဲ႔ ေဝးသလိုမ်ိဳး မျဖစ္ေအာင္လည္း Single Song ေတြအေနနဲ႔လည္း လစဥ္ေပါ့ လုပ္ေဆာင္သြားဖို႔ရွိပါတယ္”လို႔ ေတးသံရွင္ ဆူဇီက ဆက္လက္ရွင္းျပပါတယ္။

ယခုေနာက္ပိုင္းကာလ ေတးဂီတပိုင္းမွာ ေတးအယ္လ္ဘမ္မ်ိဳးမဟုတ္ဘဲ အြန္လိုင္းကေန ထုတ္လႊင့္ေနတဲ့ Single Song ေတြ ေခတ္စား လာသလို ေခတ္နဲ႔အညီဖန္တီးလုပ္ေဆာင္ႏိုင္ဖို႔လည္း စီစဥ္ေနတယ္လို႔ သိရပါတယ္။ “ေခတ္အေျခအေန ကလည္း ေျပာင္းလာတယ္၊ ဟိုးလြန္ခဲ့တဲ့ ငါးႏွစ္၊ ၁၀ႏွစ္ေလာက္က လိုမ်ိဳးနဲ႔ မတူေတာ့ဘူး၊ တစ္ခ်ိဳ႕ပရိသတ္ေတြကလည္း ဆူဇီ ို အႀကံေပးပါတယ္၊ အြန္လိုင္းကေန သီခ်င္းေလးေတြ လုပ္ေပးဖို႔ေပါ့ေနာ္၊ ဆူဇီ အေနနဲ႔လည္း ဒါကိုႀကိဳးစားေနပါတယ္ေနာ္၊ ပရိသတ္ေတြအေနနဲ႔လည္း အၿမဲေစာင့္ဆိုင္း အားေပးေနပါေနာ္”လို႔ ေတးသံရွင္ ဆူဇီက ရွင္းျပခဲ့ပါတယ္။

မင္းေခတ္လင္း
(ဓာတ္ပုံ- ကိုႏိုင္ NG)