အနုပညာသည်တွေ တိုးတက်များပြားလာတာ ဂုဏ်ယူနေတဲ့ ဝါရင့်သရုပ်ဆောင် ဇော်မှိုင်း
အနုပညာသည်တွေ တိုးတက်များပြားလာတာ ဂုဏ်ယူနေတဲ့ ဝါရင့်သရုပ်ဆောင် ဇော်မှိုင်း 
ယခုအခါ ရုပ်ရှင်လောကမှာ အနုပညာသည်တွေများပြားလာတဲ့အပြင် ခေတ်နဲ့အညီ တိုးတက်လာတာတွေကိုလည်း ဂုဏ်ယူဖွယ်မြင်တွေ့ရခဲ့တယ်လို့ သရုပ်ဆောင် ဦးဇော်မှိုင်း က ပြောပါတယ်။
“အရင်တုန်းကဆိုရင် ဦးတို့ရုပ်ရှင်က ကျဉ်းမြောင်းတယ်၊ ရုပ်ရှင်ထဲဝင်ဖို့ တော်ရုံတန်ရုံတော့မလွယ်ဘူး၊ အခုနောက်ပိုင်းက ထုတ်လုပ်သူတွေလည်းများလာတယ်၊ နည်းပညာတွေလည်း တိုးတက်လာတယ်၊ လက်ဆင့်ကမ်းမွေးဖွားတဲ့သူတွေလည်း များလာတာကြောင့် အနုပညာသည်တွေများပြားလာတာက ခေတ်နဲ့လျော်စွာတိုးတက်လာတာကို မြင်ရတဲ့အတွက် ဂုဏ်ယူပါတယ်၊ ချီးကျူးပါတယ်၊ ဝမ်းသာမိပါတယ်၊ ရုပ်ရှင်ရိုက်သူတွေ၊ ထုတ်လုပ်သူတွေက သူတို့ရဲ့ ကားနဲ့ ဦးတို့ကာရိုက်တာတွေ ကိုက်ညီတဲ့ဇာတ်မျိုးဆိုရင် လာငှားပါတယ်၊ အခုတော့ COVID ကာလဆိုတော့လည်း နားနားနေနေပါပဲ၊ သစ်ပင်စိုက်ဘာစိုက်နဲ့ ကျန်းကျန်းမာမာနေတယ်၊ အခုက လူ့လောက ဘဝသံသရာကြီးပါပဲ၊ ငယ်တဲ့သူတွေလည်း ဆုံးချင်ဆုံးသွားကြသလို ကြီးတဲ့သူတွေလည်း ဆုံးချင်ဆုံးသွားကြတယ်၊ တစ်ယောက်နဲ့တစ်ယောက် မေတ္တာတရားနဲ့ သံယောဇဉ်နဲ့ အလုပ်လုပ်ရင်း ခွဲခွာသွားကြတဲ့ လူတွေရှိသလို လုပ်ရင်းကိုင်ရင်း ဆုံးသွားကြတဲ့သူတွေလည်း သိတဲ့အခါကျတော့ သံဝေဂရပါတယ်၊ အခုက ကိုယ့်အလှည့် သူ့အလှည့်ပေါ့နော်၊ ဦးက အခုအသက် ၈၄ နှစ်ကျော်သွားပြီ၊ ကိုယ့်အလှည့်မရောက်သေးလို့ပေ့ါ၊ ကိုယ့်အလှည့်ရောက်ရင် သွားရုံပဲလေ” လို့ ၎င်းက ရှင်းပြပါတယ်။
လက်ရှိကာလမှာ အစိုးရကချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ နေထိုင်လုပ်ကိုင်နေပြီး မိမိကိုယ်ကိုကျန်းမာအောင် နေထိုင်စားသောက်လျက်ရှိတယ်လို့ သိရပါတယ်။
“ဦးတို့အလုပ်က တစ်ယောက်ထဲလုပ်လို့မရဘူး၊ စုပေါင်းပြီး အများနဲ့လုပ်ရတော့ အများနဲ့လုပ်ခွင့်ရတဲ့အချိန်လေးကိုပဲ ခွင့်ပြုချက်စောင့်နေရမှာပေ့ါ၊ လူ့ဘဝကြီးမှာ ဖြစ်မယ်၊ ပျက်မယ် သဘောရှိတာပေါ့၊ ဘာမဆို ဖြစ်ချိန်တန်ရင် ဖြစ်မှာပဲ၊ ပျက်ချိန်တန်ရင် ပျက်မှာပဲ ဘဝမှာ ကြိုးစားပြီးတော့ ရပ်တည်နေရမှာပဲ၊ အလိုက်သင့်ပေါ့၊ ကိုယ့်ရဲ့ ကျင့်ဝတ်၊ ဝတ္တရား၊ ကိုယ့်ရဲ့ ဆင်ခြင်မှုတွေနဲ့ နေထိုင်သွားမယ်လို့ သံဓိဋ္ဌာန်ချထားပါတယ်။ဘယ်လောက်ပဲကာလတွေကြာကြာ ဒီလိုပဲနေရမှာပေါ့” လို့ ၎င်းက ဆက်လက်ရှင်းပြပါတယ်။
မင်းခေတ်လင်း 
(ဓာတ်ပုံ - ကိုနိုင် NG)
ရန်ကုန်၊ ဒီဇင်ဘာ - ၉
( Zawgyi )
“အရင်တုန်းကဆိုရင် ဦးတို့ရုပ်ရှင်က ကျဉ်းမြောင်းတယ်၊ ရုပ်ရှင်ထဲဝင်ဖို့ တော်ရုံတန်ရုံတော့မလွယ်ဘူး၊ အခုနောက်ပိုင်းက ထုတ်လုပ်သူတွေလည်းများလာတယ်၊ နည်းပညာတွေလည်း တိုးတက်လာတယ်၊ လက်ဆင့်ကမ်းမွေးဖွားတဲ့သူတွေလည်း များလာတာကြောင့် အနုပညာသည်တွေများပြားလာတာက ခေတ်နဲ့လျော်စွာတိုးတက်လာတာကို မြင်ရတဲ့အတွက် ဂုဏ်ယူပါတယ်၊ ချီးကျူးပါတယ်၊ ဝမ်းသာမိပါတယ်၊ ရုပ်ရှင်ရိုက်သူတွေ၊ ထုတ်လုပ်သူတွေက သူတို့ရဲ့ ကားနဲ့ ဦးတို့ကာရိုက်တာတွေ ကိုက်ညီတဲ့ဇာတ်မျိုးဆိုရင် လာငှားပါတယ်၊ အခုတော့ COVID ကာလဆိုတော့လည်း နားနားနေနေပါပဲ၊ သစ်ပင်စိုက်ဘာစိုက်နဲ့ ကျန်းကျန်းမာမာနေတယ်၊ အခုက လူ့လောက ဘဝသံသရာကြီးပါပဲ၊ ငယ်တဲ့သူတွေလည်း ဆုံးချင်ဆုံးသွားကြသလို ကြီးတဲ့သူတွေလည်း ဆုံးချင်ဆုံးသွားကြတယ်၊ တစ်ယောက်နဲ့တစ်ယောက် မေတ္တာတရားနဲ့ သံယောဇဉ်နဲ့ အလုပ်လုပ်ရင်း ခွဲခွာသွားကြတဲ့ လူတွေရှိသလို လုပ်ရင်းကိုင်ရင်း ဆုံးသွားကြတဲ့သူတွေလည်း သိတဲ့အခါကျတော့ သံဝေဂရပါတယ်၊ အခုက ကိုယ့်အလှည့် သူ့အလှည့်ပေါ့နော်၊ ဦးက အခုအသက် ၈၄ နှစ်ကျော်သွားပြီ၊ ကိုယ့်အလှည့်မရောက်သေးလို့ပေါ့၊ ကိုယ့်အလှည့်ရောက်ရင် သွားရုံပဲလေ” လို့ ၎င်းက ရှင်းပြပါတယ်။
မင်းခေတ်လင်း 
(ဓာတ်ပုံ - ကိုနိုင် NG)
ရန်ကုန်၊ ဒီဇင်ဘာ - ၉