အဆောင် ဇာတ်လမ်းတွဲ ရိုက်ကူးထုတ်လွှင့်မည်

အဆောင် ဇာတ်လမ်းတွဲ ရိုက်ကူးထုတ်လွှင့်မည်

“အဆောင်” လို့ နာမည်ရတဲ့ ရုပ်သံဇာတ်လမ်းတွဲကို မကြာခင်မှာ ရိုက်ကူးကာ Free to Air ရုပ်သံလိုင်းပေါ်ကနေ ထုတ်လွှင့်ပြသသွားဖို့ ရှိတယ်လို့ သိရပါတယ်။

“အဆောင်ဆိုတဲ့ ဇာတ်လမ်းတွဲတော့ ဒီကနေ့ စတင်ပါပြီ၊ သရုပ်ဆောင်သစ်တွေနဲ့ ရိုက်ကူးမှာဖြစ်ပေမယ့် သူတို့လေးတွေကလည်း တော်တော်လေးကိုကြိုးစားကြမယ့် ကလေးတွေလို့ ယုံကြည်ပါတယ်” လို့ ဒါရိုက်တာ မလိခစိုးထိုက်အောင် က ပြောပါတယ်။

အဲ့ဒီဇာတ်ကားကို Stellar Seven Entertainment မှ ရိုက်ကူးထုတ်လုပ်ပြီး ဒါရိုက်တာအဖြစ် မလိခစိုးထိုက်အေင်က တာဝန်ယူဖန်တီးပုံဖော်ကာ ဇာတ်လမ်း/ဇာတ်ညွှန်း မယ်ဆိုင်၊ ရွှေပြည့် နဲ့ ဆုသြချယ် တို့က ရေးသားထားတာ ဖြစ်ပါတယ်။

သရုပ်ဆောင်တွေအဖြစ် ညိမ်းသော်၊ ဆုထက်ကုဋေ၊ စဝ်ယွန်းဝတီဦး၊ ဆုထက်၊ ဆုရည်ထက်၊ ဖြိုးပပထူး၊ မေစီမေ၊ ရွှန်းယမုံ၊ သဲသဲစုငြိမ်း၊ ဟိန်းဇာနည်ခိုင်နဲ့ သရုပ်ဆောင်များစွာတို့က အားဖြည့်ပါဝင်ထားကြတာ ဖြစ်ပါတယ်။အဲ့ဒီဇာတ်လမ်းတွဲဟာ သည်းထိပ်ရင်ဖို ခြောက်ခြားဖွယ်ရာတွေနဲ့အတူ ကြည့်ရှုသူတွေကို ဆန်းပြားတဲ့အနုပညာရသမျိုးပေးစွမ်းနိုင်မှာဖြစ်ပြီး Fortune TV ချန်နယ်ကနေ အပိုင်းလိုက် ပြသသွားမှာ ဖြစ်ပါတယ်။

“ဒီကားနဲ့ပတ်သက်ပြီးတော့ အပိုင်းဘယ်နှစ်ပိုင်းလောက် ပိုင်းခြားထုတ်လွှင့်ပြသမယ်ဆိုတာတော့ ပြောလို့မရ သေးဘူး၊ အဲ့ဒီအပိုင်းကကျတော့ ကုမ္ပဏီဘက်က လုပ်တဲ့အပိုင်းပါ၊ သရဲကားလိုမျိုးတော့ တအားကြီး ကြောက်ရတာမျိုး မဟုတ်ဘူး၊ ဒရမ်မာ အခြေခံထားတဲ့ ဇာတ်လမ်းမျိုးပါပဲ” လို့ သူက ဆက်ပြောပါတယ်။

အဲ့ဒီဇာတ်လမ်းတွဲနဲ့ ပတ်သက်ပြီး မိတ်ဆက်တဲ့ အခမ်းအနားတစ်ရပ်ကိုတော့ ဒီကနေ့(ဇန်နဝါရီ ၃၁ရက်) မနက်မှာ ရန်ကုန်မြို့က ရွှေတိဂုံစေတီတော် ရာဟုထောင့်အနီးက အောင်မြေမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဇန်နဝါရီ - ၃၁

( Zawgyi )

“အေဆာင္” လို႔ နာမည္ရတဲ့ ႐ုပ္သံဇာတ္လမ္းတြဲကို မၾကာခင္မွာ ႐ိုက္ကူးကာ Free to Air ႐ုပ္သံလိုင္းေပၚကေန ထုတ္လႊင့္ျပသသြားဖို႔ ရွိတယ္လို႔ သိရပါတယ္။

“အေဆာင္ဆိုတဲ့ ဇာတ္လမ္းတြဲေတာ့ ဒီကေန႔ စတင္ပါၿပီ၊ သ႐ုပ္ေဆာင္သစ္ေတြနဲ႔ ႐ိုက္ကူးမွာျဖစ္ေပမယ့္ သူတို႔ေလးေတြကလည္း ေတာ္ေတာ္ေလးကိုႀကိဳးစားၾကမယ့္ ကေလးေတြလို႔ ယုံၾကည္ပါတယ္” လို႔ ဒါ႐ိုက္တာ မလိခစိုးထိုက္ေအာင္ က ေျပာပါတယ္။

အဲ့ဒီဇာတ္ကားကို Stellar Seven Entertainment မွ ႐ိုက္ကူးထုတ္လုပ္ၿပီး ဒါ႐ိုက္တာအျဖစ္ မလိခစိုးထိုက္ေအင္က တာဝန္ယူဖန္တီးပုံေဖာ္ကာ ဇာတ္လမ္း/ဇာတ္ၫႊန္း မယ္ဆိုင္၊ ေ႐ႊျပည့္ နဲ႔ ဆုၾသခ်ယ္ တို႔က ေရးသားထားတာ ျဖစ္ပါတယ္။

သ႐ုပ္ေဆာင္ေတြအျဖစ္ ညိမ္းေသာ္၊ ဆုထက္ကုေဋ၊ စဝ္ယြန္းဝတီဦး၊ ဆုထက္၊ ဆုရည္ထက္၊ ၿဖိဳးပပထူး၊ ေမစီေမ၊ ႐ႊန္းယမုံ၊ သဲသဲစုၿငိမ္း၊ ဟိန္းဇာနည္ခိုင္နဲ႔ သ႐ုပ္ေဆာင္မ်ားစြာတို႔က အားျဖည့္ပါဝင္ထားၾကတာ ျဖစ္ပါတယ္။အဲ့ဒီဇာတ္လမ္းတြဲဟာ သည္းထိပ္ရင္ဖို ေျခာက္ျခားဖြယ္ရာေတြနဲ႔အတူ ၾကည့္ရႈသူေတြကို ဆန္းျပားတဲ့အႏုပညာရသမ်ိဳးေပးစြမ္းႏိုင္မွာျဖစ္ၿပီး Fortune TV ခ်န္နယ္ကေန အပိုင္းလိုက္ ျပသသြားမွာ ျဖစ္ပါတယ္။

“ဒီကားနဲ႔ပတ္သက္ၿပီးေတာ့ အပိုင္းဘယ္ႏွစ္ပိုင္းေလာက္ ပိုင္းျခားထုတ္လႊင့္ျပသမယ္ဆိုတာေတာ့ ေျပာလို႔မရ ေသးဘူး၊ အဲ့ဒီအပိုင္းကက်ေတာ့ ကုမၸဏီဘက္က လုပ္တဲ့အပိုင္းပါ၊ သရဲကားလိုမ်ိဳးေတာ့ တအားႀကီး ေၾကာက္ရတာမ်ိဳး မဟုတ္ဘူး၊ ဒရမ္မာ အေျခခံထားတဲ့ ဇာတ္လမ္းမ်ိဳးပါပဲ” လို႔ သူက ဆက္ေျပာပါတယ္။

အဲ့ဒီဇာတ္လမ္းတြဲနဲ႔ ပတ္သက္ၿပီး မိတ္ဆက္တဲ့ အခမ္းအနားတစ္ရပ္ကိုေတာ့ ဒီကေန႔(ဇန္နဝါရီ ၃၁ရက္) မနက္မွာ ရန္ကုန္ၿမိဳ႕က ေ႐ႊတိဂုံေစတီေတာ္ ရာဟုေထာင့္အနီးက ေအာင္ေျမမွာ က်င္းပခဲ့တာ ျဖစ္ပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဇန္နဝါရီ - ၃၁