အကယ်ဒမီအတွက် ဆုတောင်းနေတဲ့ သရုပ်ဆောင် နေတိုး

အကယ်ဒမီအတွက် ဆုတောင်းနေတဲ့ သရုပ်ဆောင် နေတိုး

၂၀၁၉ ခုနှစ် အကယ်ဒမီနဲ့ပတ်သက်ပြီး ထင်ကြေးအမျိုးမျိုးပေးကာ သတင်းတွေထွက်ပေါ်နေပေ မယ့် လက်ရှိအချိန်မှာ ကံတရားကိုပဲ အားကိုးပြီး ဆုတောင်းရမယ်လို့ သရုပ်ဆောင် နေတိုးက ပြောပါတယ်။ အကယ်ဒမီကျင်းပမယ့်ရက်ကို ရွှေ့ဆိုင်းလိုက်ပေမယ့် ဇာတ်ကားတွေကို အကဲဖြတ် စိစစ်တာ‌တွေကို လုပ်ဆောင်နေဆဲဖြစ်သလို သူဟာ ရုပ်ရှင်ချစ်ပရိသတ်တွေရဲ့ကြားမှာ ရေပန်းစားနေဆဲ အခြေအနေရှိပါတယ်။ အကဲဖြတ်စိစစ်တဲ့အဖွဲ့က နောက်ဆုံးဆန်ကာတင် ထုတ်ပြန်ထားတဲ့ ရုပ်ရှင်ကား ၂၉ ကားထဲမှာလည်း သရုပ်ဆောင် နေတိုးပါဝင်ထားတဲ့ ဇာတ်ကား တွေဟာ အများဆုံးဖြစ်နေတာကြောင့် သူ့အနေနဲ့ မျှော်လင့်လို့ရနိုင်ပေမယ့် ကံတရားကိုသာ အားကိုးတဲ့အခြေအနေမျိုးဖြစ်တယ်လို့ ဆိုပါတယ်။

“ကံပေါ့ဗျာ၊ ကံကိုအားကိုးပြီးတော့ ဆုတောင်းပါတယ်၊ အရမ်းကြီးတော့ မမျှော်လင့်ရဲဘူး၊ တစ်ခုခုလွဲသွားရင် ကိုယ်က ပိုပြီးတော့ခံစားရမှာလေ၊ ကျွန်တော့်ကားတွေ များတယ်ဆိုပေမယ့် ကျန်တဲ့ ကား ၂၀ လောက်ထဲကလည်း ဖြစ်နိုင်တာပဲ အဲ့ဒါကြောင့်လည်း သိပ်တော့ မမှန်းရဲဘူး၊ ကံတရားပါပဲ”လို့ သရုပ်ဆောင် နေတိုးက ပြောပါတယ်။

ထိုသို့ အကဲဖြတ်စိစစ်နေတဲ့ ဇာတ်ကားပေါင်း ၂၉ ကားထဲမှာ သူပါဝင်ရိုက်ကူးထားတဲ့ ဇာတ်ကား ပေါင်း ၉ ကားပါဝင်နေပြီး အဲ့ဒီထဲမှာ ပရိသတ်တွေ တခဲနက်အားပေးတဲ့ ဇာတ်ကားတွေလည်း ပါဝင်နေပါတယ်။“အကယ်ဒမီဆိုတာကလေ နှစ်တိုင်းနှစ်တိုင်းပေါ့နော် ပရိသတ်အကြိုက်နဲ့ ထပ်တူကျတဲ့နှစ်တွေရှိခဲ့သလို ထပ်တူမကျတဲ့ နှစ်တွေလည်းရှိခဲ့တာပါပဲ၊ ဒါကဖြစ်နေကျ သဘာ၀ ပါပဲ၊ အဲ့ဒီအပေါ်မှာ ဝေဖန်သံတွေကလည်း အမျိုးမျိုး ရှိခဲ့ကြတာပါပဲ၊ ဒါ့ကြောင့်လည်း ကျွန်တော့် ပရိသတ်တွေအနေနဲ့ အရမ်းကြီးမမျှော်လင့်ထားဖို့ ပြောချင်ပါတယ်၊ ရဖို့ ကံပါလာ ရင်တော့ ရမှာပါနော်”လို့ ၎င်းက ဆက်လက်ပြောကြားပါတယ်။

သူဟာ ပြည်တွင်းက အမျိုးသားသရုပ်ဆောင် တွေထဲမှာ အောင်မြင်နေတဲ့ သူတစ်ဦးလည်း ဖြစ်သလို ရုပ်ရှင်ဇာတ်ကားများစွာကိုလည်း လက်မလည်အောင် ရိုက်နေရတဲ့ အခြေအနေမျိုး ဖြစ်ပြီး ဒရမ်မာမျိုးလည်း ရိုက်ထားတာတွေရှိသလို ဟာသတွေအနေနဲ့လည်း ရိုက်ထား တာတွေ ရှိတယ်လို့ သိရပါတယ်။

သရုပ်ဆောင် နေတိုးအနေနဲ့ ပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကား  ၉ ကားဟာ “နိုင်ငံကြီးသား”၊ “ရူးအောင်ချစ်မယ့်လူ”၊ “မဟူရာရုပ်ရှင်ရုံ”၊ “အထက်တန်းစား”၊ “ပြုံးရွှင်ရေပျော်ရဲ့လား”၊ “အခမ်းနားဆုံးမေတ္တာ”၊ “ Box နံပါတ် ၈၈”၊ “ဗိုလ်နေတိုး”၊ “ချည်” အစရှိတဲ့ ရုပ်ရှင်ကားတွေ ဖြစ်ပါတယ်။ ထိုဇာတ်ကားတွေထဲက တစ်ချို့ဇာတ်ကားတွေဟာ ပြည်ပ ရုပ်ရှင်ရုံတွေအထိ သွားရောက်ပြသခဲ့ရတဲ့ အခြေအနေမျိုးလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

 မင်းခေတ်လင်း

(  Zawgyi  )

 ၂၀၁၉ ခုႏွစ္ အကယ္ဒမီနဲ႔ပတ္သက္ၿပီး ထင္ေၾကးအမ်ိဳးမ်ိဳးေပးကာ သတင္းေတြထြက္ေပၚေနေပ မယ့္ လက္ရွိအခ်ိန္မွာ ကံတရားကိုပဲ အားကိုးၿပီး ဆုေတာင္းရမယ္လို႔ သ႐ုပ္ေဆာင္ ေနတိုးက ေျပာပါတယ္။ အကယ္ဒမီက်င္းပမယ့္ရက္ကို ေ႐ႊ႕ဆိုင္းလိုက္ေပမယ့္ ဇာတ္ကားေတြကို အကဲျဖတ္ စိစစ္တာ‌ေတြကို လုပ္ေဆာင္ေနဆဲျဖစ္သလို သူဟာ ႐ုပ္ရွင္ခ်စ္ပရိသတ္ေတြရဲ႕ၾကားမွာ ေရပန္းစားေနဆဲ အေျခအေနရွိပါတယ္။ အကဲျဖတ္စိစစ္တဲ့အဖြဲ႕က ေနာက္ဆုံးဆန္ကာတင္ ထုတ္ျပန္ထားတဲ့ ႐ုပ္ရွင္ကား ၂၉ ကားထဲမွာလည္း သ႐ုပ္ေဆာင္ ေနတိုးပါဝင္ထားတဲ့ ဇာတ္ကား ေတြဟာ အမ်ားဆုံးျဖစ္ေနတာေၾကာင့္ သူ႔အေနနဲ႔ ေမွ်ာ္လင့္လို႔ရႏိုင္ေပမယ့္ ကံတရားကိုသာ အားကိုးတဲ့အေျခအေနမ်ိဳးျဖစ္တယ္လို႔ ဆိုပါတယ္။

“ကံေပါ့ဗ်ာ၊ ကံကိုအားကိုးၿပီးေတာ့ ဆုေတာင္းပါတယ္၊ အရမ္းႀကီးေတာ့ မေမွ်ာ္လင့္ရဲဘူး၊ တစ္ခုခုလြဲသြားရင္ ကိုယ္က ပိုၿပီးေတာ့ခံစားရမွာေလ၊ ကြၽန္ေတာ့္ကားေတြ မ်ားတယ္ဆိုေပမယ့္ က်န္တဲ့ ကား ၂၀ ေလာက္ထဲကလည္း ျဖစ္ႏိုင္တာပဲ အဲ့ဒါေၾကာင့္လည္း သိပ္ေတာ့ မမွန္းရဲဘူး၊ ကံတရားပါပဲ”လို႔ သ႐ုပ္ေဆာင္ ေနတိုးက ေျပာပါတယ္။

ထိုသို႔ အကဲျဖတ္စိစစ္ေနတဲ့ ဇာတ္ကားေပါင္း ၂၉ ကားထဲမွာ သူပါဝင္႐ိုက္ကူးထားတဲ့ ဇာတ္ကား ေပါင္း ၉ ကားပါဝင္ေနၿပီး အဲ့ဒီထဲမွာ ပရိသတ္ေတြ တခဲနက္အားေပးတဲ့ ဇာတ္ကားေတြလည္း ပါဝင္ေနပါတယ္။“အကယ္ဒမီဆိုတာကေလ ႏွစ္တိုင္းႏွစ္တိုင္းေပါ့ေနာ္ ပရိသတ္အႀကိဳက္နဲ႔ ထပ္တူက်တဲ့ႏွစ္ေတြရွိခဲ့သလို ထပ္တူမက်တဲ့ ႏွစ္ေတြလည္းရွိခဲ့တာပါပဲ၊ ဒါကျဖစ္ေနက် သဘာ၀ ပါပဲ၊ အဲ့ဒီအေပၚမွာ ေဝဖန္သံေတြကလည္း အမ်ိဳးမ်ိဳး ရွိခဲ့ၾကတာပါပဲ၊ ဒါ့ေၾကာင့္လည္း ကြၽန္ေတာ့္ ပရိသတ္ေတြအေနနဲ႔ အရမ္းႀကီးမေမွ်ာ္လင့္ထားဖို႔ ေျပာခ်င္ပါတယ္၊ ရဖို႔ ကံပါလာ ရင္ေတာ့ ရမွာပါေနာ္”လို႔ ၎က ဆက္လက္ေျပာၾကားပါတယ္။

သူဟာ ျပည္တြင္းက အမ်ိဳးသားသ႐ုပ္ေဆာင္ ေတြထဲမွာ ေအာင္ျမင္ေနတဲ့ သူတစ္ဦးလည္း ျဖစ္သလို ႐ုပ္ရွင္ဇာတ္ကားမ်ားစြာကိုလည္း လက္မလည္ေအာင္ ႐ိုက္ေနရတဲ့ အေျခအေနမ်ိဳး ျဖစ္ၿပီး ဒရမ္မာမ်ိဳးလည္း ႐ိုက္ထားတာေတြရွိသလို ဟာသေတြအေနနဲ႔လည္း ႐ိုက္ထား တာေတြ ရွိတယ္လို႔ သိရပါတယ္။

သ႐ုပ္ေဆာင္ ေနတိုးအေနနဲ႔ ပါဝင္ထားတဲ့ ႐ုပ္ရွင္ဇာတ္ကား  ၉ ကားဟာ “ႏိုင္ငံႀကီးသား”၊ “႐ူးေအာင္ခ်စ္မယ့္လူ”၊ “မဟူရာ႐ုပ္ရွင္႐ုံ”၊ “အထက္တန္းစား”၊ “ၿပဳံး႐ႊင္ေရေပ်ာ္ရဲ႕လား”၊ “အခမ္းနားဆုံးေမတၱာ”၊ “ Box နံပါတ္ ၈၈”၊ “ဗိုလ္ေနတိုး”၊ “ခ်ည္” အစရွိတဲ့ ႐ုပ္ရွင္ကားေတြ ျဖစ္ပါတယ္။ ထိုဇာတ္ကားေတြထဲက တစ္ခ်ိဳ႕ဇာတ္ကားေတြဟာ ျပည္ပ ႐ုပ္ရွင္႐ုံေတြအထိ သြားေရာက္ျပသခဲ့ရတဲ့ အေျခအေနမ်ိဳးလည္း ရွိခဲ့တယ္လို႔ သိရပါတယ္။

 မင္းေခတ္လင္း