သရုပ်ဆောင်နေတုန်း မသိသာပေမယ့် ပြန်ကြည့်တဲ့အခါ ခံစားရတယ်ဆိုတဲ့ ပိုးကြာဖြူခင်

သရုပ်ဆောင်နေတုန်း မသိသာပေမယ့် ပြန်ကြည့်တဲ့အခါ ခံစားရတယ်ဆိုတဲ့ ပိုးကြာဖြူခင်

သရုပ်ဆောင်နေတဲ့အချိန်မှာ ဇာတ်လမ်းသဘောအရ သိပ်မသိသာပေမယ့် ဇာတ်လမ်းကိုပြန်ကြည့်တဲ့အခါ ခံစားရပြီး မျက်ရည်လည်လာတဲ့အထိ ဖြစ်ခဲ့တယ်လို့ သရုပ်ဆောင် ပိုးကြာဖြူခင် က ပြောပါတယ်။

သူမဟာ MRTV 4 က ထုတ်လွှင့်တဲ့ ရုပ်သံဇာတ်လမ်းတွဲတွေမှာ အမြဲလိုလိုပါဝင်ခွင့်ရနေတဲ့ မင်းသမီးသရုပ်ဆောင်တစ်ဦးလည်းဖြစ်သလို လက်ရှိမှာလည်း ဇာတ်လမ်းတွဲတွေများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ကြောင်း၊ “မိုးကောင်းကင်အိပ်မက်” လို့ နာမည်ရတဲ့ ဇာတ်လမ်းတွဲနဲ့ “မာယာလှည့်ကွက်” လို့ နာမည်ရတဲ့ ဇာတ်လမ်းတွဲတွေမှာ ပရိသတ်တွေရဲ့အားပေးမှုကို အခိုင်အမာရရှိခဲ့သူလည်းဖြစ်ပြီး သရုပ်ဆောင်တဲ့အလုပ်တွေအပြင် ဝါသနာပါတဲ့ တေးသီချင်းအပိုင်းကိုလည်း လုပ်ဆောင်နေသူဖြစ်ပါတယ်။

“အပြင်မှာ ခင်မင်နေပေမယ့် ဇာတ်လမ်းထဲမှာကျတော့ ပီပြင်အောင်လုပ်ကြရတာ၊ တစ်ခါတလေကျရင် တစ်ယောက်နဲ့ တစ်ယောက် ပါးရိုက်တာမျိုးဆိုရင် အစ်မရေ ရိုက်မယ်နော်ဆိုတာမျိုး ပြောထားရတယ်၊ အဓိက ကတော့ ဘယ်လိုပဲဖြစ်ဖြစ် သရုပ်ဆောင်နေကြတာ အဲ့ဒီမှာကျတော့ ပရိသတ်တွေအနေနဲ့က မုန်းတဲ့ဟာကို ကိုယ်ကသရုပ်ဆောင်လို့ မုန်းသွားရင် ဂုဏ်ယူတယ်၊ ချစ်တဲ့ဟာ သရုပ်ဆောင်လို့ ချစ်သွားရင်လည်း ဂုဏ်ယူတယ်၊ ကိုယ့်ရဲ့ သရုပ်ဆောင်တာကိုကြည့်ရင်း ပရိသတ်က ချစ်သွားတာလေ၊ ဇာတ်လမ်းရဲ့ ဇာတ်ကောင်က ဇာတ်လမ်းထဲမှာပဲ၊ အပြင်က မင်းသား မင်းသမီးက အပြင်ကပဲလေ၊ သပ်သပ်စီပေါ့နော်၊ တစ်ချို့ကကျတော့လည်း အပြင်မှာအစွဲလမ်းရှိတယ်၊ ဇာတ်ကားထဲမှာ လူဆိုးဆိုရင် အပြင်မှာတွေ့လည်း လူဆိုးပဲမှတ်ယူကြတာရှိတယ်၊ ဇာတ်ကားထဲမှာ သရုပ်ဆောင်နေတုန်း မသိသာပေမယ့် ပြန်ကြည့်ရင် ပိုပြီးသိသာပါတယ်၊ ကိုယ့်ကိုယ်ကိုလို့တောင် မထင်တော့ပဲ ဝမ်းနည်းစရာရှိရင် ဝမ်းနည်းရတာမျိုးပေါ့နော်၊ ပြန်ကြည့်ရင်းနဲ့ မျက်ရည်လည်တာမျိုးလည်းရှိခဲ့တယ်” လို့ ၎င်းက ရှင်းပြပါတယ်။

သူမဟာ အနေအေးသူဖြစ်သလို တည်ငြိမ်လွန်းတဲ့အပြင် လူငယ်တစ်ယောက်နဲ့မတူဘဲ ရင့်ကျက်လွန်းသူလည်းဖြစ်ပြီး ပိုင်နိုင်စွာသရုပ်ဆောင်နိုင်ခဲ့တာကြောင့် ပရိသတ်တွေက သူမကို အချစ်ပိုနေကြရတယ်လို့ သိရပါတယ်။ဆက်လက်ပြီးလည်း ဇာတ်လမ်းတွဲတွေကိုရိုက်ကူးသွားဖို့ အစီအစဉ်တွေရှိနေပြီး ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်ဖို့အတွက်သာ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဒီဇင်ဘာ - ၈

( Zawgyi )

သ႐ုပ္ေဆာင္ေနတဲ့အခ်ိန္မွာ ဇာတ္လမ္းသေဘာအရ သိပ္မသိသာေပမယ့္ ဇာတ္လမ္းကိုျပန္ၾကည့္တဲ့အခါ ခံစားရၿပီး မ်က္ရည္လည္လာတဲ့အထိ ျဖစ္ခဲ့တယ္လို႔ သ႐ုပ္ေဆာင္ ပိုးၾကာျဖဴခင္ က ေျပာပါတယ္။

သူမဟာ MRTV 4 က ထုတ္လႊင့္တဲ့ ႐ုပ္သံဇာတ္လမ္းတြဲေတြမွာ အၿမဲလိုလိုပါဝင္ခြင့္ရေနတဲ့ မင္းသမီးသ႐ုပ္ေဆာင္တစ္ဦးလည္းျဖစ္သလို လက္ရွိမွာလည္း ဇာတ္လမ္းတြဲေတြမ်ားစြာမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ေၾကာင္း၊ “မိုးေကာင္းကင္အိပ္မက္” လို႔ နာမည္ရတဲ့ ဇာတ္လမ္းတြဲနဲ႔ “မာယာလွည့္ကြက္” လို႔ နာမည္ရတဲ့ ဇာတ္လမ္းတြဲေတြမွာ ပရိသတ္ေတြရဲ႕အားေပးမႈကို အခိုင္အမာရရွိခဲ့သူလည္းျဖစ္ၿပီး သ႐ုပ္ေဆာင္တဲ့အလုပ္ေတြအျပင္ ဝါသနာပါတဲ့ ေတးသီခ်င္းအပိုင္းကိုလည္း လုပ္ေဆာင္ေနသူျဖစ္ပါတယ္။

“အျပင္မွာ ခင္မင္ေနေပမယ့္ ဇာတ္လမ္းထဲမွာက်ေတာ့ ပီျပင္ေအာင္လုပ္ၾကရတာ၊ တစ္ခါတေလက်ရင္ တစ္ေယာက္နဲ႔ တစ္ေယာက္ ပါး႐ိုက္တာမ်ိဳးဆိုရင္ အစ္မေရ ႐ိုက္မယ္ေနာ္ဆိုတာမ်ိဳး ေျပာထားရတယ္၊ အဓိက ကေတာ့ ဘယ္လိုပဲျဖစ္ျဖစ္ သ႐ုပ္ေဆာင္ေနၾကတာ အဲ့ဒီမွာက်ေတာ့ ပရိသတ္ေတြအေနနဲ႔က မုန္းတဲ့ဟာကို ကိုယ္ကသ႐ုပ္ေဆာင္လို႔ မုန္းသြားရင္ ဂုဏ္ယူတယ္၊ ခ်စ္တဲ့ဟာ သ႐ုပ္ေဆာင္လို႔ ခ်စ္သြားရင္လည္း ဂုဏ္ယူတယ္၊ ကိုယ့္ရဲ႕ သ႐ုပ္ေဆာင္တာကိုၾကည့္ရင္း ပရိသတ္က ခ်စ္သြားတာေလ၊ ဇာတ္လမ္းရဲ႕ ဇာတ္ေကာင္က ဇာတ္လမ္းထဲမွာပဲ၊ အျပင္က မင္းသား မင္းသမီးက အျပင္ကပဲေလ၊ သပ္သပ္စီေပါ့ေနာ္၊ တစ္ခ်ိဳ႕ကက်ေတာ့လည္း အျပင္မွာအစြဲလမ္းရွိတယ္၊ ဇာတ္ကားထဲမွာ လူဆိုးဆိုရင္ အျပင္မွာေတြ႕လည္း လူဆိုးပဲမွတ္ယူၾကတာရွိတယ္၊ ဇာတ္ကားထဲမွာ သ႐ုပ္ေဆာင္ေနတုန္း မသိသာေပမယ့္ ျပန္ၾကည့္ရင္ ပိုၿပီးသိသာပါတယ္၊ ကိုယ့္ကိုယ္ကိုလို႔ေတာင္ မထင္ေတာ့ပဲ ဝမ္းနည္းစရာရွိရင္ ဝမ္းနည္းရတာမ်ိဳးေပါ့ေနာ္၊ ျပန္ၾကည့္ရင္းနဲ႔ မ်က္ရည္လည္တာမ်ိဳးလည္းရွိခဲ့တယ္” လို႔ ၎က ရွင္းျပပါတယ္။

သူမဟာ အေနေအးသူျဖစ္သလို တည္ၿငိမ္လြန္းတဲ့အျပင္ လူငယ္တစ္ေယာက္နဲ႔မတူဘဲ ရင့္က်က္လြန္းသူလည္းျဖစ္ၿပီး ပိုင္ႏိုင္စြာသ႐ုပ္ေဆာင္ႏိုင္ခဲ့တာေၾကာင့္ ပရိသတ္ေတြက သူမကို အခ်စ္ပိုေနၾကရတယ္လို႔ သိရပါတယ္။ဆက္လက္ၿပီးလည္း ဇာတ္လမ္းတြဲေတြကို႐ိုက္ကူးသြားဖို႔ အစီအစဥ္ေတြရွိေနၿပီး က်ရာဇာတ္႐ုပ္ကို ပီျပင္စြာသ႐ုပ္ေဆာင္ႏိုင္ဖို႔အတြက္သာ ျပင္ဆင္ထားတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဒီဇင္ဘာ - ၈