သင်္ကြန်မှာအိမ်ထဲနေရမယ့် ပရိသတ်တွေအတွက် ကျော်ကျော်နန္ဒရဲ့စေတနာ

သင်္ကြန်မှာအိမ်ထဲနေရမယ့် ပရိသတ်တွေအတွက်  ကျော်ကျော်နန္ဒရဲ့စေတနာ

ယခုနှစ်သင်္ကြန်ကာလဟာ အခမ်းအနားပွဲလမ်းသဘင်တွေမကျင်းပဖို့ ကန့်သတ်ထားတာကြောင့် ပရိသတ်အများစုဟာ သင်္ကြန်ကာလ အိမ်ထဲမှာနေရင်း တက်ကြွလန်းဆန်းစေဖို့အတွက် သင်္ကြန်အမီသီချင်းခွေတစ်ခွေကို စီစဉ်ရတာ ဖြစ်တယ်လို့ တေးသံရှင် ကျော်ကျော်နန္ဒက ပြောပါတယ်။

“ဒီနှစ် သင်္ကြန်မှာ သင်္ကြန်ရဲ့ စိတ်တွေတက်ကြွပြီး အိမ်ထဲမှာ သီချင်းတွေဖွင့်ပြီးနေရင်တောင်မှ တက်ကြွလန်းဆန်း နေအောင် ကျွန်တော်က ဒါကိုစီစဉ်ရတာဖြစ်ပါတယ်၊ ဒီအခွေမှာ ဝေဖန်ခံရမှုနည်းသွားမယ်လို့ ယူဆပါတယ်၊ အကောင်းဆုံး ဖြစ်အောင် ဆိုထား ပါတယ်၊ သီချင်းလေးကောင်းပါလားလို့ ပရိသတ်က လက်ခံမယ်လို့ယုံကြည်တယ်၊ လက်ခံပါစေလို့လည်း ဆုတောင်းပါတယ်၊ ကျွန်တော်က အကောင်းဆုံးချပြထားတာလေ၊ အစက အားငယ်ခဲ့တယ်၊ အခုဆိုရင် တစ်ချို့ကတော့ အွန်လိုင်းမှာ ဆဲဆိုပြီး အပြင်မှာ တွေ့တော့ ကျွန်တော်ကို လာပြီးတော့ ပြောတာတွေရှိတယ်၊ ကျွန်တော့်ကို အားပေးပါတယ်ပေါ့၊ အွန်လိုင်းမှာ မြင်တာကိုပဲ ဆဲဆိုမိတာပေါ့၊ တစ်ချို့ဆိုရင် ကျွန်တော့်ရဲ့ We Love တွေတောင် ဖြစ်သွားသေးတယ်၊ ဒါတွေက ကျွန်တော့်ရဲ့အနုပညာလုပ်စိတ်တွေဖြစ်လာခဲ့တယ်၊ အားတွေလည်း ဖြစ်လာခဲ့တယ်”လို့ သူကရှင်းပြပါတယ်။

သူဟာ လာမယ့် ၂၀၂၀ သင်္ကြန်အတွက် “၂၀၂၀ ဟော့” လို့နာမည်ရတဲ့ တေးသီချင်းခွေကို ဧပြီ ၅ ရက်မှာ ဖြန့်ချိဖို့ စီစဉ်ထားပြီး မတ်လ ၁၉ ရက်က စာနယ်ဇင်းတွေကို အသိပေးရှင်းလင်းခဲ့ပါတယ်။ ထိုအခွေထဲမှာ သင်္ကြန်အတွက် ပျော်မြူးစရာတွေအပြင် ကျေးလက်ဒေသနဲ့ ပတ်သက်တဲ့သီချင်းတွေ မိုးရာသီ သီချင်းလေးတွေပါဝင်ပြီး အကောင်းဆုံးဖန်တီးထားသလို သူ့ရဲ့တတိယမြောက် ထွက်ရှိလာမယ့် အခွေလည်းဖြစ်ပါတယ်။ သူကိုယ်တိုင် ပါဝင် သရုပ်ဆောင်ထားတွေလည်းရှိပြီး အမိုက်စား ဖက်ရှင်တွေနဲ့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

“အခု ကျွန်တော်က ပွဲတွေမှာ ဖက်ရှင်ဆန်ဆန်လေးနဲ့ စနစ်တကျဝတ်ဆင်တာပါ၊ အားနာတတ်တော့ အရင်တုန်းကဆိုရင် တစ်ချို့က ပွဲဖိတ်ပြီးတော့ ကျွန်တော့်ကို အသုံးချသွားတယ်၊ အခု တော့ အဲ့ဒီလိုမဖြစ်အောင် စိစစ်ပြီးတော့လုပ်နေတယ်၊ ဒါဟာ အနုပညာကိုချစ်လို့ တန်ဖိုးထားတာပါ၊ သရုပ်ဆောင်တယ် ဆိုတာကလည်း ကိုယ်က အင့် အား ဆိုပြီးတော့ လုပ်ပြမှ ပရိသတ်က ချစ်ကြမှာလေ၊ ယောကျ်ားဆန်ဆန်ကြီး ခပ်တောင့်တောင့်ကြီးက မကောင်းဘူးလေ၊ ကြည့်လို့လည်းအဆင်မပြေဘူးပေါ့၊ အဲ့ဒါကြောင့်ပါ၊ အပြင်က ကျော်ကျော်နန္ဒနဲ့ သရုပ်ဆောင်ထားတဲ့ ကျော်ကျော်နန္ဒကတခြားစီပါ၊ ဒါကိုလည်း တော်တော်များများ အခုသိလာကြပါပြီနော်၊ ကျွန်တော် ကြိုးစားနေပါတယ်နော် ”လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ မတ် ၂၀

(  Zawgyi  )

 ယခုႏွစ္သၾကၤန္ကာလဟာ အခမ္းအနားပြဲလမ္းသဘင္ေတြမက်င္းပဖို႔ ကန႔္သတ္ထားတာေၾကာင့္ ပရိသတ္အမ်ားစုဟာ သၾကၤန္ကာလ အိမ္ထဲမွာေနရင္း တက္ႂကြလန္းဆန္းေစဖို႔အတြက္ သၾကၤန္အမီသီခ်င္းေခြတစ္ေခြကို စီစဥ္ရတာ ျဖစ္တယ္လို႔ ေတးသံရွင္ ေက်ာ္ေက်ာ္နႏၵက ေျပာပါတယ္။

“ဒီႏွစ္ သၾကၤန္မွာ သၾကၤန္ရဲ႕ စိတ္ေတြတက္ႂကြၿပီး အိမ္ထဲမွာ သီခ်င္းေတြဖြင့္ၿပီးေနရင္ေတာင္မွ တက္ႂကြလန္းဆန္း ေနေအာင္ ကြၽန္ေတာ္က ဒါကိုစီစဥ္ရတာျဖစ္ပါတယ္၊ ဒီအေခြမွာ ေဝဖန္ခံရမႈနည္းသြားမယ္လို႔ ယူဆပါတယ္၊ အေကာင္းဆုံး ျဖစ္ေအာင္ ဆိုထား ပါတယ္၊ သီခ်င္းေလးေကာင္းပါလားလို႔ ပရိသတ္က လက္ခံမယ္လို႔ယုံၾကည္တယ္၊ လက္ခံပါေစလို႔လည္း ဆုေတာင္းပါတယ္၊ ကြၽန္ေတာ္က အေကာင္းဆုံးခ်ျပထားတာေလ၊ အစက အားငယ္ခဲ့တယ္၊ အခုဆိုရင္ တစ္ခ်ိဳ႕ကေတာ့ အြန္လိုင္းမွာ ဆဲဆိုၿပီး အျပင္မွာ ေတြ႕ေတာ့ ကြၽန္ေတာ္ကို လာၿပီးေတာ့ ေျပာတာေတြရွိတယ္၊ ကြၽန္ေတာ့္ကို အားေပးပါတယ္ေပါ့၊ အြန္လိုင္းမွာ ျမင္တာကိုပဲ ဆဲဆိုမိတာေပါ့၊ တစ္ခ်ိဳ႕ဆိုရင္ ကြၽန္ေတာ့္ရဲ႕ We Love ေတြေတာင္ ျဖစ္သြားေသးတယ္၊ ဒါေတြက ကြၽန္ေတာ့္ရဲ႕အႏုပညာလုပ္စိတ္ေတြျဖစ္လာခဲ့တယ္၊ အားေတြလည္း ျဖစ္လာခဲ့တယ္”လို႔ သူကရွင္းျပပါတယ္။

သူဟာ လာမယ့္ ၂၀၂၀ သၾကၤန္အတြက္ “၂၀၂၀ ေဟာ့” လို႔နာမည္ရတဲ့ ေတးသီခ်င္းေခြကို ဧၿပီ ၅ ရက္မွာ ျဖန႔္ခ်ိဖို႔ စီစဥ္ထားၿပီး မတ္လ ၁၉ ရက္က စာနယ္ဇင္းေတြကို အသိေပးရွင္းလင္းခဲ့ပါတယ္။ ထိုအေခြထဲမွာ သၾကၤန္အတြက္ ေပ်ာ္ျမဴးစရာေတြအျပင္ ေက်းလက္ေဒသနဲ႔ ပတ္သက္တဲ့သီခ်င္းေတြ မိုးရာသီ သီခ်င္းေလးေတြပါဝင္ၿပီး အေကာင္းဆုံးဖန္တီးထားသလို သူ႔ရဲ႕တတိယေျမာက္ ထြက္ရွိလာမယ့္ အေခြလည္းျဖစ္ပါတယ္။ သူကိုယ္တိုင္ ပါဝင္ သ႐ုပ္ေဆာင္ထားေတြလည္းရွိၿပီး အမိုက္စား ဖက္ရွင္ေတြနဲ႔ ျပင္ဆင္ေနတယ္လို႔ ဆိုပါတယ္။

“အခု ကြၽန္ေတာ္က ပြဲေတြမွာ ဖက္ရွင္ဆန္ဆန္ေလးနဲ႔ စနစ္တက်ဝတ္ဆင္တာပါ၊ အားနာတတ္ေတာ့ အရင္တုန္းကဆိုရင္ တစ္ခ်ိဳ႕က ပြဲဖိတ္ၿပီးေတာ့ ကြၽန္ေတာ့္ကို အသုံးခ်သြားတယ္၊ အခု ေတာ့ အဲ့ဒီလိုမျဖစ္ေအာင္ စိစစ္ၿပီးေတာ့လုပ္ေနတယ္၊ ဒါဟာ အႏုပညာကိုခ်စ္လို႔ တန္ဖိုးထားတာပါ၊ သ႐ုပ္ေဆာင္တယ္ ဆိုတာကလည္း ကိုယ္က အင့္ အား ဆိုၿပီးေတာ့ လုပ္ျပမွ ပရိသတ္က ခ်စ္ၾကမွာေလ၊ ေယာက်္ားဆန္ဆန္ႀကီး ခပ္ေတာင့္ေတာင့္ႀကီးက မေကာင္းဘူးေလ၊ ၾကည့္လို႔လည္းအဆင္မေျပဘူးေပါ့၊ အဲ့ဒါေၾကာင့္ပါ၊ အျပင္က ေက်ာ္ေက်ာ္နႏၵနဲ႔ သ႐ုပ္ေဆာင္ထားတဲ့ ေက်ာ္ေက်ာ္နႏၵကတျခားစီပါ၊ ဒါကိုလည္း ေတာ္ေတာ္မ်ားမ်ား အခုသိလာၾကပါၿပီေနာ္၊ ကြၽန္ေတာ္ ႀကိဳးစားေနပါတယ္ေနာ္ ”လို႔ သူက ဆက္လက္ေျပာၾကားခဲ့ပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ မတ္ ၂၀