သင်္ကြန်မှာဖျော်ဖြေဖို့ပြင်ဆင်နေတဲ့ ကျော်ကျော်နန္ဒ

သင်္ကြန်မှာဖျော်ဖြေဖို့ပြင်ဆင်နေတဲ့ ကျော်ကျော်နန္ဒ

လာမယ့် ဧပြီလမှာကျရောက်မယ့် ၂၀၂၀ အတာသင်္ကြန် နှစ်သစ်ကူးကာလမှာ DJ တေးသီချင်းအမိုက်စားတွေနဲ့ ဖျော်ဖြေသွားဖို့ ပြင်ဆင်နေတယ်လို့ သရုပ်ဆောင် ကျော်ကျော်နန္ဒက ပြောပါတယ်။

“ဒီနှစ်သင်္ကြန်အတွက် ကျွန်တော်ပြင်ဆင်နေပါတယ်၊ ကျွန်တော်ရဲ့အမိုက်စားသီချင်းတွေ၊ အလန်းစားဖက်ရှင်တွေနဲ့ ဖျော်ဖြေသွားမှာပါ၊ ကျွန်တော်ရဲ့အနုပညာဖန်တီးမှုတွေနဲ့ ဒီလိုပွဲလေးမှာ အလန်းစားအမိုက်စား တင်ဆက်ဖျော်ဖြေ သွားမှာပါ၊ ကျွန်တော်ကို ရိုင်းရိုင်းစိုင်းစိုင်းနဲ့ မတုန့်ပြန်စေချင်ဘူး၊ အဲ့ဒီလို တုန့်ပြန်ခံရတာမျိုးကြုံတော့ စိတ်မကောင်း ဖြစ်ရတယ်”လို့ ၎င်းက ရှင်းပြပါတယ်။

သူဟာ လာမယ့်သင်္ကြန်အတွက် ပြင်ဆင်တာတွေအပြင် Single Song တွေကိုလည်း လုပ်ကိုင်နေပြီး လူမှုကွန်ရက်ကနေ တင်ဆက်မယ့် Single Song သီချင်းတွေအတွက် MTV ရိုက်ကူးတာတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“ဒီရက်ပိုင်းမှာ ကျွန်တော် ပွဲလေးတွေနည်းနည်းတက်နေရတာတွေရှိပါတယ်၊ မကြာခင်မှာလည်း ကျွန်တော့်ရဲ့ Single Song တွေနဲ့ ပရိသတ်ဆီအရောက်လာမှာပါ၊ လောလောဆယ်တော့ ဟိုသွားလိုက်ဒီသွားလိုက်၊ အနုပညာဖန်တီးလိုက်နဲ့ပဲ လုပ်နေပါတယ်၊ ကျွန်တော့်ရဲ့ဖန်တီးမှုကို အနုပညာအမြင်နဲ့ကြည့်ပြီး အားပေးကြပါ၊ ကျွန်တော်လည်း အားလုံးကို လေးစားပါတယ်၊ တန်ဖိုးလည်းထားပါတယ်၊ ဘယ်သူ့ကိုမှလည်း ကျွန်တော် မစော်ကားပါဘူး၊ ကျွန်တော့်အနုပညာကိုပဲ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေတာဖြစ်ပါတယ်၊ ဘယ်လိုဖက်ရှင် မျိုးတွေနဲ့ လာမလဲဆိုတာကိုတော့ စောင့်မျှော်အားပေးပါဦးလို့ ပြောချင်ပါတယ်”လို့ သူက ဆက်လက်ပြောကြား ခဲ့ပါတယ်။

သူ့ကိုဝေဖန်သူတွေ အများအပြားရှိသလို အားပေးသူတွေလည်းရှိနေပြီး နယ်ဒေသတွေက ပွဲလမ်းသဘင်တွေမှာ တေးသီချင်း သီဆို ဖျော်ဖြေရန်ဖိတ်ကြားတာတွေရှိကြောင်း၊ ရန်ကုန်မှာကျင်းပတဲ့ ကုမ္ပဏီပွဲအချို့မှာလည်း ဖျော်ဖြေရန်အတွက် သူ့ကို ဖိတ်ကြားလာတာတွေရှိတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
(ဓာတ်ပုံ ကိုနိုင်-NG)
ရန်ကုန်၊ မတ် - ၇

( Zawgyi )

လာမယ့္ ဧၿပီလမွာက်ေရာက္မယ့္ ၂၀၂၀ အတာသၾကၤန္ ႏွစ္သစ္ကူးကာလမွာ DJ ေတးသီခ်င္းအမိုက္စားေတြနဲ႔ ေဖ်ာ္ေျဖသြားဖို႔ ျပင္ဆင္ေနတယ္လို႔ သ႐ုပ္ေဆာင္ ေက်ာ္ေက်ာ္နႏၵက ေျပာပါတယ္။
 
“ဒီႏွစ္သၾကၤန္အတြက္ ကြၽန္ေတာ္ျပင္ဆင္ေနပါတယ္၊ ကြၽန္ေတာ္ရဲ႕အမိုက္စားသီခ်င္းေတြ၊ အလန္းစားဖက္ရွင္ေတြနဲ႔ ေဖ်ာ္ေျဖသြားမွာပါ၊ ကြၽန္ေတာ္ရဲ႕အႏုပညာဖန္တီးမႈေတြနဲ႔ ဒီလိုပြဲေလးမွာ အလန္းစားအမိုက္စား တင္ဆက္ေဖ်ာ္ေျဖ သြားမွာပါ၊ ကြၽန္ေတာ္ကို ႐ိုင္း႐ိုင္းစိုင္းစိုင္းနဲ႔ မတုန႔္ျပန္ေစခ်င္ဘူး၊ အဲ့ဒီလို တုန႔္ျပန္ခံရတာမ်ိဳးႀကဳံေတာ့ စိတ္မေကာင္း ျဖစ္ရတယ္”လို႔ ၎က ရွင္းျပပါတယ္။ 
 
သူဟာ လာမယ့္သၾကၤန္အတြက္ ျပင္ဆင္တာေတြအျပင္ Single Song ေတြကိုလည္း လုပ္ကိုင္ေနၿပီး လူမႈကြန္ရက္ကေန တင္ဆက္မယ့္ Single Song သီခ်င္းေတြအတြက္ MTV ႐ိုက္ကူးတာေတြကို လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။
 
“ဒီရက္ပိုင္းမွာ ကြၽန္ေတာ္ ပြဲေလးေတြနည္းနည္းတက္ေနရတာေတြရွိပါတယ္၊ မၾကာခင္မွာလည္း ကြၽန္ေတာ့္ရဲ႕ Single Song ေတြနဲ႔ ပရိသတ္ဆီအေရာက္လာမွာပါ၊ ေလာေလာဆယ္ေတာ့ ဟိုသြားလိုက္ဒီသြားလိုက္၊ အႏုပညာဖန္တီးလိုက္နဲ႔ပဲ လုပ္ေနပါတယ္၊ ကြၽန္ေတာ့္ရဲ႕ဖန္တီးမႈကို အႏုပညာအျမင္နဲ႔ၾကည့္ၿပီး အားေပးၾကပါ၊ ကြၽန္ေတာ္လည္း အားလုံးကို ေလးစားပါတယ္၊ တန္ဖိုးလည္းထားပါတယ္၊ ဘယ္သူ႔ကိုမွလည္း ကြၽန္ေတာ္ မေစာ္ကားပါဘူး၊ ကြၽန္ေတာ့္အႏုပညာကိုပဲ အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးစားေနတာျဖစ္ပါတယ္၊ ဘယ္လိုဖက္ရွင္ မ်ိဳးေတြနဲ႔ လာမလဲဆိုတာကိုေတာ့ ေစာင့္ေမွ်ာ္အားေပးပါဦးလို႔ ေျပာခ်င္ပါတယ္”လို႔ သူက ဆက္လက္ေျပာၾကား ခဲ့ပါတယ္။
 
သူ႔ကိုေဝဖန္သူေတြ အမ်ားအျပားရွိသလို အားေပးသူေတြလည္းရွိေနၿပီး နယ္ေဒသေတြက ပြဲလမ္းသဘင္ေတြမွာ ေတးသီခ်င္း သီဆို ေဖ်ာ္ေျဖရန္ဖိတ္ၾကားတာေတြရွိေၾကာင္း၊ ရန္ကုန္မွာက်င္းပတဲ့ ကုမၸဏီပြဲအခ်ိဳ႕မွာလည္း ေဖ်ာ္ေျဖရန္အတြက္ သူ႔ကို ဖိတ္ၾကားလာတာေတြရွိတယ္လို႔ သိရပါတယ္။ 
 
မင္းေခတ္လင္း
(ဓာတ္ပုံ ကိုႏိုင္-NG)
ရန္ကုန္၊ မတ္ - ၇