ရောခ့်အဆိုတော်ကြီး ဇော်ဝင်းထွဋ် ရဲ့ မျိုးဆက်သစ်တွေအပေါ်ထားတဲ့ စေတနာ

ရောခ့်အဆိုတော်ကြီး ဇော်ဝင်းထွဋ် ရဲ့ မျိုးဆက်သစ်တွေအပေါ်ထားတဲ့ စေတနာ

မြန်မာ့ဂီတလောကမှာ နေရာတစ်ခုကို အခိုင်အမာရရှိထားတဲ့ တေးသံရှင်ဇော်ဝင်းထွဋ်ဟာ လူငယ်မျိုးဆက်သစ် တေးသံရှင်တွေကို ပံ့ပိုးကူညီရင်း လိုအပ်တဲ့ သင်ပြမှုတွေကိုလုပ်ဆောင်နေတယ်လို့ သိရပါတယ်။ သူကိုယ်တိုင်ကလည်း ဂီတကို ရူးသွပ်စွဲလမ်းခဲ့သူဖြစ်သလို မျိုးဆက်သစ်လူငယ်တွေအနေဖြင့်လည်း သူ့လိုအောင်မြင်တဲ့ တေးသံရှင်တစ်ဦး ဖြစ်စေဖို့ ဆန္ဒရှိသူဖြစ်ပါတယ်။

“လောလောဆယ်တော့ Music အပိုင်းကို လူငယ်အဆိုတော်တွေနဲ့တွဲပြီးလုပ်တယ်၊ သူတို့လည်း ကိုယ်တွေငယ်ငယ်က လိုမျိုး Music ကို ရူးသွပ်ကြတယ်၊ ဒါကြောင့်လည်း အောင်မြင်စေချင်တာပေါ့၊ ဦးညီထွဋ်ရယ် လုပ်ပါဦးဆိုတာနဲ့ လိုအပ်တဲ့ပံ့ပိုးတာတွေနဲ့ ကူညီလုပ်ဆောင် တာပါ၊ ဟိုလိုသင်တန်းမျိုးတော့မဟုတ်ဘူးပေါ့၊ ကိုယ်လည်း အားရင် အားသလို အကူအညီပေးတာမျိုးပေါ့”လို့ တေးသံရှင် ဇော်ဝင်းထွဋ် က ရှင်းပြပါတယ်။ သင်္ကြန်ပွဲတော်မှာ လူစုလူဝေး မလုပ်ဖို့အစိုးရက သတ်မှတ်ထားတဲ့အပေါ် ၎င်းရဲ့အမြင်ကိုမေးရာတွင် လက်ခံရမယ့် ကိစ္စဖြစ်ပေမယ့် ဖျော်ဖြေမှုတွေ မလုပ်ရတဲ့အခြေအနေမျိုးဖြစ်စေခဲ့တာကြောင့် စိတ်မကောင်းတော့ဖြစ်မိတယ်လို့ ဆိုပါတယ်။

“သင်္ကြန်ကိစ္စကတော့ ထားလိုက်ပါတော့ဗျာ၊ ဝေဖန်တာလည်း မလုပ်ချင်ဘူး၊ အခုခေတ်မှာက လူငယ်တွေဟာ ပုံမှန်ထက် ထူးခြားတဲ့ အနုပညာဖန်တီးမှုကို လုပ်ဆောင်လာကြတယ်၊ ကျွန်တော်တို့ ဟိုခေတ်က သီချင်းတွေထက်ကို ခံစားမှုပေါက်ကွဲအားပိုတဲ့ တေးသီချင်း တွေ၊ ခေတ်စနစ်ရဲ့အလွဲတွေကို ထောက်ပြတဲ့ သီချင်းတွေအများကြီး ထွက်လာတယ်၊ ဒါပေမဲ့ ပရိသတ်က လက်ခံအားပေးမှုက နည်းနေတယ်၊ Metal Music တွေ Punk Music တွေ ဆိုရင် ပရိသတ်က တော်ရုံတန်ရုံနဲ့ နားထဲသိပ်မရောက်ဘူးထင်တယ်၊ ပရိသတ်တစ်ချို့တော့ရှိပေမယ့် အားပေးတာ နည်းနေတော့ Music အပိုင်းမှာ နေရာမရဖြစ်ပြီး တစ်ချို့ဆိုရင် ရေရှည် မရပ်တည် နိုင်တော့ဘဲ ကျောခိုင်းခဲ့ရတာ တွေကို ကျွန်တော်တို့ ကြားနေမြင်နေရတော့ စိတ်မကောင်းဘူး၊ အဲ့ဒါကြောင့်လည်း လူငယ်တွေအတွက် အများကြီး လုပ်ဖို့ ရှိနေပါတယ်”လို့ သူက ဆက်လက်ရှင်းပြပါတယ်။

ယခုလိုကာလဟာ ဖျော်ဖြေပွဲတွေကျင်းပဖို့ကောင်းတဲ့ကာလဖြစ်ပေမယ့် အခြေအနေအရ ကျင်းပခွင့်မတော့တာမို့ ဧပြီနောက်ပိုင်းမှာ မိုးကျတော့မယ့်ကာလနား နီးကပ်လာတဲ့အတွက် ဖျော်ဖြေပွဲကောင်းကောင်းတွေကို လာမယ့်နှစ်ထဲ ကျတော့မှ လုပ်သွားဖို့လည်း စီစဉ်မယ်လို့ ဆိုပါတယ်။

 မင်းခေတ်လင်း
ရန်ကုန်၊ မတ် ၁၉

(  Zawgyi  )

ျမန္မာ့ဂီတေလာကမွာ ေနရာတစ္ခုကို အခိုင္အမာရရွိထားတဲ့ ေတးသံရွင္ေဇာ္ဝင္းထြဋ္ဟာ လူငယ္မ်ိဳးဆက္သစ္ ေတးသံရွင္ေတြကို ပံ့ပိုးကူညီရင္း လိုအပ္တဲ့ သင္ျပမႈေတြကိုလုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။ သူကိုယ္တိုင္ကလည္း ဂီတကို ႐ူးသြပ္စြဲလမ္းခဲ့သူျဖစ္သလို မ်ိဳးဆက္သစ္လူငယ္ေတြအေနျဖင့္လည္း သူ႔လိုေအာင္ျမင္တဲ့ ေတးသံရွင္တစ္ဦး ျဖစ္ေစဖို႔ ဆႏၵရွိသူျဖစ္ပါတယ္။

“ေလာေလာဆယ္ေတာ့ Music အပိုင္းကို လူငယ္အဆိုေတာ္ေတြနဲ႔တြဲၿပီးလုပ္တယ္၊ သူတို႔လည္း ကိုယ္ေတြငယ္ငယ္က လိုမ်ိဳး Music ကို ႐ူးသြပ္ၾကတယ္၊ ဒါေၾကာင့္လည္း ေအာင္ျမင္ေစခ်င္တာေပါ့၊ ဦးညီထြဋ္ရယ္ လုပ္ပါဦးဆိုတာနဲ႔ လိုအပ္တဲ့ပံ့ပိုးတာေတြနဲ႔ ကူညီလုပ္ေဆာင္ တာပါ၊ ဟိုလိုသင္တန္းမ်ိဳးေတာ့မဟုတ္ဘူးေပါ့၊ ကိုယ္လည္း အားရင္ အားသလို အကူအညီေပးတာမ်ိဳးေပါ့”လို႔ ေတးသံရွင္ ေဇာ္ဝင္းထြဋ္ က ရွင္းျပပါတယ္။ သၾကၤန္ပြဲေတာ္မွာ လူစုလူေဝး မလုပ္ဖို႔အစိုးရက သတ္မွတ္ထားတဲ့အေပၚ ၎ရဲ႕အျမင္ကိုေမးရာတြင္ လက္ခံရမယ့္ ကိစၥျဖစ္ေပမယ့္ ေဖ်ာ္ေျဖမႈေတြ မလုပ္ရတဲ့အေျခအေနမ်ိဳးျဖစ္ေစခဲ့တာေၾကာင့္ စိတ္မေကာင္းေတာ့ျဖစ္မိတယ္လို႔ ဆိုပါတယ္။

“သၾကၤန္ကိစၥကေတာ့ ထားလိုက္ပါေတာ့ဗ်ာ၊ ေဝဖန္တာလည္း မလုပ္ခ်င္ဘူး၊ အခုေခတ္မွာက လူငယ္ေတြဟာ ပုံမွန္ထက္ ထူးျခားတဲ့ အႏုပညာဖန္တီးမႈကို လုပ္ေဆာင္လာၾကတယ္၊ ကြၽန္ေတာ္တို႔ ဟိုေခတ္က သီခ်င္းေတြထက္ကို ခံစားမႈေပါက္ကြဲအားပိုတဲ့ ေတးသီခ်င္း ေတြ၊ ေခတ္စနစ္ရဲ႕အလြဲေတြကို ေထာက္ျပတဲ့ သီခ်င္းေတြအမ်ားႀကီး ထြက္လာတယ္၊ ဒါေပမဲ့ ပရိသတ္က လက္ခံအားေပးမႈက နည္းေနတယ္၊ Metal Music ေတြ Punk Music ေတြ ဆိုရင္ ပရိသတ္က ေတာ္႐ုံတန္႐ုံနဲ႔ နားထဲသိပ္မေရာက္ဘူးထင္တယ္၊ ပရိသတ္တစ္ခ်ိဳ႕ေတာ့ရွိေပမယ့္ အားေပးတာ နည္းေနေတာ့ Music အပိုင္းမွာ ေနရာမရျဖစ္ၿပီး တစ္ခ်ိဳ႕ဆိုရင္ ေရရွည္ မရပ္တည္ ႏိုင္ေတာ့ဘဲ ေက်ာခိုင္းခဲ့ရတာ ေတြကို ကြၽန္ေတာ္တို႔ ၾကားေနျမင္ေနရေတာ့ စိတ္မေကာင္းဘူး၊ အဲ့ဒါေၾကာင့္လည္း လူငယ္ေတြအတြက္ အမ်ားႀကီး လုပ္ဖို႔ ရွိေနပါတယ္”လို႔ သူက ဆက္လက္ရွင္းျပပါတယ္။

ယခုလိုကာလဟာ ေဖ်ာ္ေျဖပြဲေတြက်င္းပဖို႔ေကာင္းတဲ့ကာလျဖစ္ေပမယ့္ အေျခအေနအရ က်င္းပခြင့္မေတာ့တာမို႔ ဧၿပီေနာက္ပိုင္းမွာ မိုးက်ေတာ့မယ့္ကာလနား နီးကပ္လာတဲ့အတြက္ ေဖ်ာ္ေျဖပြဲေကာင္းေကာင္းေတြကို လာမယ့္ႏွစ္ထဲ က်ေတာ့မွ လုပ္သြားဖို႔လည္း စီစဥ္မယ္လို႔ ဆိုပါတယ္။

 မင္းေခတ္လင္း
ရန္ကုန္၊ မတ္ ၁၉