ရုပ်သံဇာတ်လမ်းတွဲအဖြစ် Project K အဖွဲ့မှ ပထမဆုံးရိုက်ကူးမည်

ရုပ်သံဇာတ်လမ်းတွဲအဖြစ် Project K အဖွဲ့မှ ပထမဆုံးရိုက်ကူးမည်

ပရိသတ်တွေကို ပျော်ရွှင်မှုရသတွေသာ ခံစားနိုင်ဖို့ အဖွဲ့လိုက် စုစည်းတင်ဆက်နေတဲ့ Project K အဖွဲ့ဟာ ရုပ်သံ ဇာတ်လမ်းတွဲတစ်ခုကို ပထမဆုံးအဖြစ် ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။

အဆိုပါရုပ်သံဇာတ်လမ်းတွဲကို "ပြောင်းလဲခြင်းနောက်ကွယ်" Before & After လို့ နာမည်ပေးထားပြီး ဆောင်းညပြာသို ရုပ်ရှင်ထုတ်လုပ်ရေး၊ မဟာ Application တို့နဲ့ အတူ စီစဉ် ထားသလို ယနေ့(ဒီဇင်ဘာ ၁၈ရက်) မနက်မှာ ဇာတ်ကား ကန်တော့ပွဲပေးတဲ့ အခမ်းအနားတစ်ရပ်ကို ရွှေတိဂုံစေတီ ရင်ပြင်မှာ ပြုလုပ်ခဲ့ပြီး မိတ်ဆက်ရှင်းလင်းတာကို M 3 စားသောက်ဆိုင်မှာ လုပ်ဆောင်ခဲ့ကြပါတယ်။

"ဒီဇာတ်လမ်းက ဒရမ်မာဇာတ်လမ်းမျိုးပါ၊ ပရိသတ်အမြင်မှာက ကျွန်တော်တို့ အဖွဲ့ဟာ နောက်နောက်ပြောင်ပြောင်တွေနဲ့များတော့ ဒီဟာက ကျွန်တော်တို့ အတွက်တော့ စိန်ခေါ်မှုလိုဖြစ်ပါတယ်၊ တစ်ခါမှ မလုပ်ဖူးတဲ့ ကာရိုက်တာ ဖြစ်လို့ အကောင်းဆုံး ကြိုးစား သွားပါမယ်၊ ဒီထဲမှာ ကျွန်တော်တို့အဖွဲ့ ခုနစ်ယောက်စလုံး ပါဝင်ထားကြပါတယ်"လို့ Project K အဖွဲ့မှ တေးသံရှင် ထက်ဘုန်းနိုင်က ပြောပါတယ်။

ထိုဇာတ်လမ်းတွဲဟာ မူပိုင်နှင်းဆီရဲ့ ဇာတ်လမ်းကို အင်ကြင်းဟန်က ဇာတ်ညွှန်းရေးဖွဲ့ကာ ဒါရိုက်တာပွင့်သိင်္ဂ ီဇော် က ရိုက်ကူးပြီး လူငယ်ဂီတအဖွဲ့ဖြစ်တဲ့ Project K ၊ အကယ်ဒမီရဲအောင်၊ သ ဉ္ဇာဝင့်ကျော် တို့အပြင် ရုပ်ရှင်လောက မှာ တစ်ချိန်က နာမည်ကြီးမင်းသမီးတစ်ဦး ဖြစ်ခဲ့တဲ့ သရုပ်ဆောင် ဝါဝါဝင်းရွှေရဲ့မြေး ဝါရွှေနွယ်သွေးဝင်း ရဲ့ ပထမဆုံးပါဝင်ရိုက်ကူးမယ့် ဇာတ်ကားလည်း ဖြစ်ပါတယ်။

ထိုဇာတ်ကားဟာ ဒရမ်မာဇာတ်မျိုးသာမကဘဲ ပရိသတ်ကို ရသစုံပေးဖို့ စီစဉ်ထားတဲ့ ဇာတ်ကားမျိုးဖြစ်တယ်လို့ ဇာတ်လမ်း မူပိုင်နှင်းဆီက ပြောပါတယ်။

Project K ဂီတ အဖွဲ့ မှ မောရစ်ကလည်း "ကျွန်တော်တို့ အဖွဲ့ရဲ့ ခြေလှမ်းသစ် တစ်ခုပါ၊ အရင်တုန်းက လာကမ်းလှမ်း လာတာ ရှိပေမယ့် ကျွန်တော်တို့က အသင်းအဖွဲ့နဲ့ လုပ်ရတာ ဆိုတော့ ညှိရနှိုင်းရတာတွေ ရှိပါတယ်၊ အခုဒီ ဆရာမ မူပိုင်နှင်းဆီ ကလည်း ဆရာတပည့် တွေဆိုတော့ ရိုက်ဖြစ်တာပါ"လို့ ရှင်းပြပါတယ်။

ထိုဇာတ်လမ်းတွဲကို ယခုလထဲစတင်ရိုက်ကူးကာ မဟာ Application နဲ့အတူ Fortune TV ရုပ်သံလိုင်း မှာလည်း ပြသသွားဖို့စီစဉ်ထားကြောင်း သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဒီဇင်ဘာ - ၁၈

( Zawgyi )

ပရိသတ္ေတြကို ေပ်ာ္႐ႊင္မႈရသေတြသာ ခံစားႏိုင္ဖို႔ အဖြဲ႕လိုက္ စုစည္းတင္ဆက္ေနတဲ့ Project K အဖြဲ႕ဟာ ႐ုပ္သံ ဇာတ္လမ္းတြဲတစ္ခုကို ပထမဆုံးအျဖစ္ ႐ိုက္ကူးေတာ့မွာ ျဖစ္ပါတယ္။

အဆိုပါ႐ုပ္သံဇာတ္လမ္းတြဲကို "ေျပာင္းလဲျခင္းေနာက္ကြယ္" Before & After လို႔ နာမည္ေပးထားၿပီး ေဆာင္းညျပာသို ႐ုပ္ရွင္ထုတ္လုပ္ေရး၊ မဟာ Application တို႔နဲ႔ အတူ စီစဥ္ ထားသလို ယေန႔(ဒီဇင္ဘာ ၁၈ရက္) မနက္မွာ ဇာတ္ကား ကန္ေတာ့ပြဲေပးတဲ့ အခမ္းအနားတစ္ရပ္ကို ေ႐ႊတိဂုံေစတီ ရင္ျပင္မွာ ျပဳလုပ္ခဲ့ၿပီး မိတ္ဆက္ရွင္းလင္းတာကို M 3 စားေသာက္ဆိုင္မွာ လုပ္ေဆာင္ခဲ့ၾကပါတယ္။

"ဒီဇာတ္လမ္းက ဒရမ္မာဇာတ္လမ္းမ်ိဳးပါ၊ ပရိသတ္အျမင္မွာက ကြၽန္ေတာ္တို႔ အဖြဲ႕ဟာ ေနာက္ေနာက္ေျပာင္ေျပာင္ေတြနဲ႔မ်ားေတာ့ ဒီဟာက ကြၽန္ေတာ္တို႔ အတြက္ေတာ့ စိန္ေခၚမႈလိုျဖစ္ပါတယ္၊ တစ္ခါမွ မလုပ္ဖူးတဲ့ ကာ႐ိုက္တာ ျဖစ္လို႔ အေကာင္းဆုံး ႀကိဳးစား သြားပါမယ္၊ ဒီထဲမွာ ကြၽန္ေတာ္တို႔အဖြဲ႕ ခုနစ္ေယာက္စလုံး ပါဝင္ထားၾကပါတယ္"လို႔ Project K အဖြဲ႕မွ ေတးသံရွင္ ထက္ဘုန္းႏိုင္က ေျပာပါတယ္။

ထိုဇာတ္လမ္းတြဲဟာ မူပိုင္ႏွင္းဆီရဲ႕ ဇာတ္လမ္းကို အင္ၾကင္းဟန္က ဇာတ္ၫႊန္းေရးဖြဲ႕ကာ ဒါ႐ိုက္တာပြင့္သိဂၤ ီေဇာ္ က ႐ိုက္ကူးၿပီး လူငယ္ဂီတအဖြဲ႕ျဖစ္တဲ့ Project K ၊ အကယ္ဒမီရဲေအာင္၊ သ ၪၨာဝင့္ေက်ာ္ တို႔အျပင္ ႐ုပ္ရွင္ေလာက မွာ တစ္ခ်ိန္က နာမည္ႀကီးမင္းသမီးတစ္ဦး ျဖစ္ခဲ့တဲ့ သ႐ုပ္ေဆာင္ ဝါဝါဝင္းေ႐ႊရဲ႕ေျမး ဝါေ႐ႊႏြယ္ေသြးဝင္း ရဲ႕ ပထမဆုံးပါဝင္႐ိုက္ကူးမယ့္ ဇာတ္ကားလည္း ျဖစ္ပါတယ္။

ထိုဇာတ္ကားဟာ ဒရမ္မာဇာတ္မ်ိဳးသာမကဘဲ ပရိသတ္ကို ရသစုံေပးဖို႔ စီစဥ္ထားတဲ့ ဇာတ္ကားမ်ိဳးျဖစ္တယ္လို႔ ဇာတ္လမ္း မူပိုင္ႏွင္းဆီက ေျပာပါတယ္။

Project K ဂီတ အဖြဲ႕ မွ ေမာရစ္ကလည္း "ကြၽန္ေတာ္တို႔ အဖြဲ႕ရဲ႕ ေျခလွမ္းသစ္ တစ္ခုပါ၊ အရင္တုန္းက လာကမ္းလွမ္း လာတာ ရွိေပမယ့္ ကြၽန္ေတာ္တို႔က အသင္းအဖြဲ႕နဲ႔ လုပ္ရတာ ဆိုေတာ့ ညႇိရႏႈိင္းရတာေတြ ရွိပါတယ္၊ အခုဒီ ဆရာမ မူပိုင္ႏွင္းဆီ ကလည္း ဆရာတပည့္ ေတြဆိုေတာ့ ႐ိုက္ျဖစ္တာပါ"လို႔ ရွင္းျပပါတယ္။

ထိုဇာတ္လမ္းတြဲကို ယခုလထဲစတင္႐ိုက္ကူးကာ မဟာ Application နဲ႔အတူ Fortune TV ႐ုပ္သံလိုင္း မွာလည္း ျပသသြားဖို႔စီစဥ္ထားေၾကာင္း သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဒီဇင္ဘာ - ၁၈