ရုပ်ရှင်ထူးချွန်ဆုအတွက် ပထမအဆင့် အကဲဖြတ်ပြီးနောက် အဆင့်ဆင့် ဆက်လက်အကဲဖြတ် လုပ်ဆောင်ဖို့ စီစဉ်ဟု ဆို

ရုပ်ရှင်ထူးချွန်ဆုအတွက် ပထမအဆင့် အကဲဖြတ်ပြီးနောက် အဆင့်ဆင့် ဆက်လက်အကဲဖြတ် လုပ်ဆောင်ဖို့ စီစဉ်ဟု ဆို

လာမယ့် မတ်လထဲမှာ ကျင်းပဖို့စီစဉ်ထားတဲ့ ၂၀၁၈ ခုနှစ်၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားအတွက် စာရင်းဝင် ဇာတ်ကားတွေကို စိစစ်နေလျက်ရှိရာ ပထမအဆင့်အနေနဲ့ ဒီကနေ့ (ဖေဖော်ဝါရီ ၅ ရက်) အပြီးသတ်မှတ် လုပ်ကိုင်နေသလို ပထမအဆင့်ပြီးပါက ဒုတိယအဆင့််အနေနဲ့ ဆက်လက်စိစစ် အကဲဖြတ်တာတွေ အပါအဝင် အကဲဖြတ်မှုအဆင်ဆင့်ကို လုပ်ကိုင်သွားဖို့ ရှိနေသေးတယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်း က ပြောပါတယ်။

“လိုအပ်ရင် လိုအပ်သလိုမျိုး ဒုတိယအဆင့် တတိယအဆင့် အဆင့်ဆင့်အကဲဖြတ်သွားမှာပါ၊ အကောင်းဆုံး ဖြစ်အောင် စီစဉ်ထားကြတာ ဖြစ်ပါတယ်” လို့ သူကဆိုပါတယ်။

အဲ့ဒီ ၂၀၁၈ ခုနှစ်၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အတွက် စာရင်းဝင်ဇာတ်ကားပေါင်း ၈၃ ကားရှိနေပြီး လွန်ခဲ့တဲ့ ဒီဇင်ဘာ ၁၀ရက် ကတည်းက စတင်ကာ စီစစ်အကဲဖြတ် ကြည့်ရှုခဲ့တာဖြစ်သလို ဒီကနေ့ (ဖေဖော်ဝါရီ ၅ ရက်) မှာ ပထမအဆင့်် ကြည့်ရှုမှုတွေ ပြီးစီးမှာ ဖြစ်ပါတယ်။အခုလို ပထမအဆင့်မှာ စိစစ်လို့ ထူးချွန်ဆုတစ်ဆုဆုရနိုင်ရင် တစ်မှတ်ပေးသွားမှာဖြစ်သလို မရနိုင်ရင်တော့ သုညမှတ်ပေးပြီး တစ်မှတ်ရရှိတဲ့ ကားတွေကိုသာ ဒုတိယအဆင့်မှာ အကဲဖြတ်ကြည့်ရှုသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
အဲ့ဒီပထမအဆင့်မှာ အမှတ်ပေးတဲ့ အမှတ်ပေးအကဲဖြတ်အဖွဲ့ ရှစ်ဖွဲ့အပြင် သက်ကြီး ဝါရင့်အနုပညာရှင် ငါးဦးက ပါဝင်အကဲဖြတ်ခဲ့သလို ဒုတိယအဆင့် အမှတ်ပေး အကဲဖြတ်မှုမှာတော့ ပထမအဆင့်နဲ့မတူဘဲ အမှတ်ပေးတဲ့ ပုံစံကိုပြောင်းလဲကာ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

အဲ့ဒီ ၂၀၁၈ ခုနှစ်၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားကိုတော့ မတ်လ ၂၃ ရက်မှာ ကျင်းပဖို့စီစဉ်နေတာ ဖြစ်သလို တစ်နှစ်အတွင်း အကောင်းဆုံးထူးချွန်ဆု (၁၁)ဆုအပြင် ထူးခြားတဲ့ အနုပညာရှင်တွေ၊ အတတ်ပညာရှင်တွေ ပေါ်ထွက်လာပါက အထူးဆုအနေနဲ့ ပေးအပ်သွားဖို့လည်း ရှိနေတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဖေဖော်ဝါရီ - ၅

( Zawgyi )

လာမယ့္ မတ္လထဲမွာ က်င္းပဖို႔စီစဥ္ထားတဲ့ ၂၀၁၈ ခုႏွစ္၊ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုေပးပြဲ အခမ္းအနားအတြက္ စာရင္းဝင္ ဇာတ္ကားေတြကို စိစစ္ေနလ်က္ရွိရာ ပထမအဆင့္အေနနဲ႔ ဒီကေန႔ (ေဖေဖာ္ဝါရီ ၅ ရက္) အၿပီးသတ္မွတ္ လုပ္ကိုင္ေနသလို ပထမအဆင့္ၿပီးပါက ဒုတိယအဆင့္္အေနနဲ႔ ဆက္လက္စိစစ္ အကဲျဖတ္တာေတြ အပါအဝင္ အကဲျဖတ္မႈအဆင္ဆင့္ကို လုပ္ကိုင္သြားဖို႔ ရွိေနေသးတယ္လို႔ ျမန္မာႏိုင္ငံ ႐ုပ္ရွင္အစည္းအ႐ုံး ဥကၠ႒ ဦးဇင္ဝိုင္း က ေျပာပါတယ္။

“လိုအပ္ရင္ လိုအပ္သလိုမ်ိဳး ဒုတိယအဆင့္ တတိယအဆင့္ အဆင့္ဆင့္အကဲျဖတ္သြားမွာပါ၊ အေကာင္းဆုံး ျဖစ္ေအာင္ စီစဥ္ထားၾကတာ ျဖစ္ပါတယ္” လို႔ သူကဆိုပါတယ္။

အဲ့ဒီ ၂၀၁၈ ခုႏွစ္၊ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုေပးပြဲ အတြက္ စာရင္းဝင္ဇာတ္ကားေပါင္း ၈၃ ကားရွိေနၿပီး လြန္ခဲ့တဲ့ ဒီဇင္ဘာ ၁၀ရက္ ကတည္းက စတင္ကာ စီစစ္အကဲျဖတ္ ၾကည့္ရႈခဲ့တာျဖစ္သလို ဒီကေန႔ (ေဖေဖာ္ဝါရီ ၅ ရက္) မွာ ပထမအဆင့္္ ၾကည့္ရႈမႈေတြ ၿပီးစီးမွာ ျဖစ္ပါတယ္။အခုလို ပထမအဆင့္မွာ စိစစ္လို႔ ထူးခြၽန္ဆုတစ္ဆုဆုရႏိုင္ရင္ တစ္မွတ္ေပးသြားမွာျဖစ္သလို မရႏိုင္ရင္ေတာ့ သုညမွတ္ေပးၿပီး တစ္မွတ္ရရွိတဲ့ ကားေတြကိုသာ ဒုတိယအဆင့္မွာ အကဲျဖတ္ၾကည့္ရႈသြားမွာျဖစ္တယ္လို႔ ဆိုပါတယ္။
အဲ့ဒီပထမအဆင့္မွာ အမွတ္ေပးတဲ့ အမွတ္ေပးအကဲျဖတ္အဖြဲ႕ ရွစ္ဖြဲ႕အျပင္ သက္ႀကီး ဝါရင့္အႏုပညာရွင္ ငါးဦးက ပါဝင္အကဲျဖတ္ခဲ့သလို ဒုတိယအဆင့္ အမွတ္ေပး အကဲျဖတ္မႈမွာေတာ့ ပထမအဆင့္နဲ႔မတူဘဲ အမွတ္ေပးတဲ့ ပုံစံကိုေျပာင္းလဲကာ လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။

အဲ့ဒီ ၂၀၁၈ ခုႏွစ္၊ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုေပးပြဲအခမ္းအနားကိုေတာ့ မတ္လ ၂၃ ရက္မွာ က်င္းပဖို႔စီစဥ္ေနတာ ျဖစ္သလို တစ္ႏွစ္အတြင္း အေကာင္းဆုံးထူးခြၽန္ဆု (၁၁)ဆုအျပင္ ထူးျခားတဲ့ အႏုပညာရွင္ေတြ၊ အတတ္ပညာရွင္ေတြ ေပၚထြက္လာပါက အထူးဆုအေနနဲ႔ ေပးအပ္သြားဖို႔လည္း ရွိေနတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ေဖေဖာ္ဝါရီ - ၅