မိသားစုအတွက် အချိန်ပိုပေးဖြစ်နေသေးတဲ့ သဉ္ဇာနွယ်ဝင်း

မိသားစုအတွက် အချိန်ပိုပေးဖြစ်နေသေးတဲ့  သဉ္ဇာနွယ်ဝင်း

အခုလတ်တလောမှာတော့ အနုပညာအလုပ်တွေထက် မိသားစုအတွက် အချိန်ပိုပေးဖြစ်နေတယ်လို့ သရုပ်ဆောင် သဉ္ဇာနွယ်ဝင်း က ပြောပါတယ်။

“ကလေးအလုပ်လည်းရှိတာလည်းပါတာပေါ့၊ အနုပညာအလုပ်ကတော့ လုပ်မှာပါ၊ ယောကျ်ားအတွက်ကိုလည်း သူဖွင့်ချင်တဲ့ ဟော့ပေါ့ပ် ဆိုင်လေးတွေ တိုးချဲ့လုပ်နိုင်ဖို့ ကူညီပေးတာလည်း ပါတာပေါ့၊ လောလောဆယ်တော့ ကိုယ့်ကို ခင်မင်လို့ဖိတ်တဲ့ ပွဲလေးတွေကို တက်ဖြစ်နေပါ တယ်”လို့ သရုပ်ဆောင် သဉ္ဇာနွယ်ဝင်း ကပြောပါတယ်။

စကားပြောတဲ့အခါ ခပ်အေးအေးနဲ့ ပြေပြေပြစ်ပြစ်ပြောတတ်တာကြောင့် ပရိသတ်သတိထားမိခဲ့တဲ့ သူမဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေအပါအဝင် ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ယခုလောလော ဆယ်မှာတော့ အနုပညာအလုပ်တွေထက် အိမ်အလုပ်တွေကို ဦးစားပေးလုပ်ကိုင်ဖြစ်နေပေမယ့် သူ့ရဲ့ အနုပညာ ဖန်တီးမှုတွေကိုတော့ ပရိသတ်ဆီကိုတင်ဆက်ဖို့စီစဉ်နေတာတွေလည်း ရှိတယ်လို့ ဆိုပါ တယ်။

 “ရိုက်ဖို့ဇာတ်ကားလေးတွေတော့ ရှိနေပါသေးတယ်၊ လောလောဆယ်က မရိုက်ဖြစ်သေးတာပေါ့နော်၊ အရင်က ရိုက်ထားတဲ့ ကားလေးတွေတော့ ရှိပါသေးတယ်၊ နောက်ထပ်အနေနဲ့လည်း ပရိသတ်ကိုကိုယ်တတ်ထားတဲ့ အနုပညာနဲ့ တင်ဆက်သွားမှာပါ၊ စောင့်ဆိုင်း အားပေးပါဦးလို့ ပြောချင်ပါတယ်နော်”လို့လည်း သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းက ပြောပါတယ်။

သူမရဲ့အမျိုးသားဦးဆောင်ကာ ဖွင့်လှစ်ထားတဲ့ ဟော့ပေါ့ပ်ဆိုင်ဟာလည်း ရန်ကုန်မှာ အောင်မြင်နေတဲ့ အခြေအနေတွေရှိနေသလို အနုပညာအလုပ်တွေကို လတ်တလောမလုပ်ဖြစ်သေးတာဟာလည်း နောက်ထပ် ရင်သွေးတစ်ဦးမွေးဖွားမှာကြောင့်လည်း ဖြစ်တယ်လို့ သိရပါတယ်။

(မင်းခေတ်လင်း)
ရန်ကုန်၊ ဇွန် ၁၁

(  Zawgyi  )

 အခုလတ္တေလာမွာေတာ့ အႏုပညာအလုပ္ေတြထက္ မိသားစုအတြက္ အခ်ိန္ပိုေပးျဖစ္ေနတယ္လို႔ သ႐ုပ္ေဆာင္ သၪၨာႏြယ္ဝင္း က ေျပာပါတယ္။

“ကေလးအလုပ္လည္းရွိတာလည္းပါတာေပါ့၊ အႏုပညာအလုပ္ကေတာ့ လုပ္မွာပါ၊ ေယာက်္ားအတြက္ကိုလည္း သူဖြင့္ခ်င္တဲ့ ေဟာ့ေပါ့ပ္ ဆိုင္ေလးေတြ တိုးခ်ဲ႕လုပ္ႏိုင္ဖို႔ ကူညီေပးတာလည္း ပါတာေပါ့၊ ေလာေလာဆယ္ေတာ့ ကိုယ့္ကို ခင္မင္လို႔ဖိတ္တဲ့ ပြဲေလးေတြကို တက္ျဖစ္ေနပါ တယ္”လို႔ သ႐ုပ္ေဆာင္ သၪၨာႏြယ္ဝင္း ကေျပာပါတယ္။

စကားေျပာတဲ့အခါ ခပ္ေအးေအးနဲ႔ ေျပေျပျပစ္ျပစ္ေျပာတတ္တာေၾကာင့္ ပရိသတ္သတိထားမိခဲ့တဲ့ သူမဟာ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြအပါအဝင္ ဇာတ္လမ္းတြဲေတြမွာလည္း ပါဝင္သ႐ုပ္ေဆာင္ခဲ့ပါတယ္။ ယခုေလာေလာ ဆယ္မွာေတာ့ အႏုပညာအလုပ္ေတြထက္ အိမ္အလုပ္ေတြကို ဦးစားေပးလုပ္ကိုင္ျဖစ္ေနေပမယ့္ သူ႔ရဲ႕ အႏုပညာ ဖန္တီးမႈေတြကိုေတာ့ ပရိသတ္ဆီကိုတင္ဆက္ဖို႔စီစဥ္ေနတာေတြလည္း ရွိတယ္လို႔ ဆိုပါ တယ္။

 “႐ိုက္ဖို႔ဇာတ္ကားေလးေတြေတာ့ ရွိေနပါေသးတယ္၊ ေလာေလာဆယ္က မ႐ိုက္ျဖစ္ေသးတာေပါ့ေနာ္၊ အရင္က ႐ိုက္ထားတဲ့ ကားေလးေတြေတာ့ ရွိပါေသးတယ္၊ ေနာက္ထပ္အေနနဲ႔လည္း ပရိသတ္ကိုကိုယ္တတ္ထားတဲ့ အႏုပညာနဲ႔ တင္ဆက္သြားမွာပါ၊ ေစာင့္ဆိုင္း အားေပးပါဦးလို႔ ေျပာခ်င္ပါတယ္ေနာ္”လို႔လည္း သ႐ုပ္ေဆာင္ သၪၨာႏြယ္ဝင္းက ေျပာပါတယ္။

သူမရဲ႕အမ်ိဳးသားဦးေဆာင္ကာ ဖြင့္လွစ္ထားတဲ့ ေဟာ့ေပါ့ပ္ဆိုင္ဟာလည္း ရန္ကုန္မွာ ေအာင္ျမင္ေနတဲ့ အေျခအေနေတြရွိေနသလို အႏုပညာအလုပ္ေတြကို လတ္တေလာမလုပ္ျဖစ္ေသးတာဟာလည္း ေနာက္ထပ္ ရင္ေသြးတစ္ဦးေမြးဖြားမွာေၾကာင့္လည္း ျဖစ္တယ္လို႔ သိရပါတယ္။

(မင္းေခတ္လင္း)
ရန္ကုန္၊ ဇြန္ ၁၁