ဘဝအမောပြေပျောက်ကာ ရယ်မောပျော်ရွှင်ဖွယ်ရာလေးဖြစ်မယ့် ဇာတ်ကားတစ်ကား စီစဉ်ထားဟု ဆို

ဘဝအမောပြေပျောက်ကာ ရယ်မောပျော်ရွှင်ဖွယ်ရာလေးဖြစ်မယ့် ဇာတ်ကားတစ်ကား စီစဉ်ထားဟု ဆို

ပရိသတ်တွေအနေနဲ့ ဘဝအမောတွေပြေပျောက်ကာ ရယ်မောပျော်ရွှင်ဖွယ်ရာလေး ဖြစ်စေနိုင်မယ့် ဇာတ်ကားတစ်ကားကို မကြာခင်ရိုက်ကူးဖို့ ပြင်ဆင်ထားတယ်လို့ သားစိုး က ပြောပါတယ်။

သူဟာ ယခုဆိုရင် တေးဂီတတွေသာမကဘဲ သရုပ်ဆောင်လောကကို ဝင်ရောက်လာခဲ့တာဖြစ်သလို မတူတဲ့ရသမျိုးနဲ့ ခံစားရမယ့် အခြေအနေမျိုးကို ပုံဖော်ဖန်တီးသွားမယ်လို့ ပြောပါတယ်။

“ဒီဇာတ်ကားနာမည်က ရောသမမွှေလို့ ပေးထားပေမယ့် အများထင်သလို ဟိုရောသမမွှေလိုမျိုး မဟုတ်ပါဘူး၊ တကယ့်ကို ပျော်ရွှင်စရာကောင်းမယ့် ဇာတ်ကားတစ်ကားဖြစ်မယ်လို့ ယုံပါတယ်၊ အနုပညာဖန်တီးမှု အသစ်တွေအတွက် ဒီကားထဲမှာ အများကြီးပြင်ဆင်ထားတာတွေ ရှိပါတယ်၊ ကျွန်တော်တို့ရဲ့ ဖန်တီးမှုကို ပရိသတ်တွေအနေနဲ့ နှစ်သက်စွာအားပေးနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားသွားမှာပါ၊ ရောသမနှပ် လက်ဖက်ထုတ်လိုက်တော့ ရုပ်ရှင်ဘက်ရော ဂီတဘက်ရော နှေးသွားတယ်၊ လက်ဖက်ကို အခုတော့ ခဏနားထားတယ်၊ ဒါကြောင့်လည်း ဒီဘက်ကိုလှည့်ဖြစ်တာပါ၊ ဒီကားက ကျွန်တော်တို့ Culture တွေ၊ ဟာသအလွဲတွေဖြစ်တာကို ဖော်ပြတာပါ၊ ကားထွက်လာရင်ကြည့်ပါ၊ ကျွန်တော့်ကားတွေက ထုံးစံအတိုင်း ကောင်းရမယ်၊ ပေးရတဲ့ပိုက်ဆံနဲ့ တန်တဲ့ကားမျိုးဖြစ်ရမယ်၊ မိသားစုတွေ၊ ကလေးတွေကအစ ကြည့်လို့ရမယ်၊ အောက်လုံးတွေ ညစ်ညမ်းတဲ့ပြက်လုံးတွေ မပါဘူး” လို့ သူက ရှင်းပြပါတယ်။

မကြာခင်မှာ ရိုက်ကူးဖို့စီစဉ်ထားတဲ့ “ရောသမမွှေ” လို့ နာမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ရဲ့ ဖန်တီးမှုနဲ့အတူ သားစိုး က ပူးတွဲဒါရိုက်တာအဖြစ် လုပ်ဆောင်ကာ သရုပ်ဆောင်တွေအဖြစ် လွှမ်းပိုင်၊ ရဲရင့်အောင်၊ သားစိုး၊ မိုးမိုး၊ ရဲလေး၊ ခင်လှိုင်၊ ဂျိုကာ၊ ဖွေးဖွေး၊ ဖြူဖြူထွေး၊ Project K နဲ့ အနုပညာရှင်ပေါင်းများစွာတို့က ပါဝင်ဖန်တီးကြဖို့ စီစဉ်ထားပြီး ယင်းဇာတ်ကားနဲ့ ပတ်သက်တဲ့ စာနယ်ဇင်းရှင်းလင်းပွဲတစ်ရပ်ကိုတော့ ယနေ့ (နိုဝင်ဘာ ၄ ရက်) မနက်က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်က M3 စားသောက်ဆိုင်မှာ ကျင်းပခဲ့ပါတယ်။

ယခုလို ရုပ်ရှင်ဇာတ်ကားအတွက် ကြိုတင်ပြင်ဆင်တာတွေရှိသလို Music အယ်လ်ဘမ်တစ်ခုအတွက်လည်း ဖန်တီးနေတာတွေရှိကြောင်း၊ ယခုနှစ်ထဲ နယ်ပွဲတွေအတွက်လည်း သီဆိုဖျော်ဖြေဖို့ လက်ခံထားတာတွေ ရှိတယ်လို့ ဆိုပါတယ်။

“အခွေအတွက် စီစဉ်ထားတာလေးရှိသလို ဒီရုပ်ရှင်ကားလေးအတွက်လည်း ရိုက်ကူးဖို့ ပြင်ဆင်နေပါတယ်၊ ဒီလထဲမှာ ဖျော်ဖြေပွဲတစ်ခုအတွက်လည်း လက်ခံထားတာရှိပါတယ်၊ နယ်ပွဲတွေလည်း ရှိနေသေးတဲ့အခါကျတော့ လုပ်လက်စကလေးတွေက မပြီးပြတ်သေးဘူးဖြစ်နေတယ်၊ Music အယ်လ်ဘမ်တစ်ခုတော့ ဘာပဲဖြစ်ဖြစ် စီစဉ်ပေးသွားမှာပါ” လို့ သူက ဆက်လက်ရှင်းပြပါတယ်။

သူဟာ တစ်ချိန်က Remix သီချင်းတွေနဲ့ သင်္ကြန်ကာလကို လွှမ်းမိုးနိုင်ခဲ့သလို လက်ရှိမှာလည်း သူ့ရဲ့သီချင်းတွေကို ကထိန်အလှူပွဲတွေ အပါအဝင် ပွဲလမ်းသဘင်တွေမှာ ဖွင့်တာတွေလည်းရှိနေတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ နိုဝင်ဘာ - ၄

( Zawgyi )

ပရိသတ္ေတြအေနနဲ႔ ဘဝအေမာေတြေျပေပ်ာက္ကာ ရယ္ေမာေပ်ာ္႐ႊင္ဖြယ္ရာေလး ျဖစ္ေစႏိုင္မယ့္ ဇာတ္ကားတစ္ကားကို မၾကာခင္႐ိုက္ကူးဖို႔ ျပင္ဆင္ထားတယ္လို႔ သားစိုး က ေျပာပါတယ္။

သူဟာ ယခုဆိုရင္ ေတးဂီတေတြသာမကဘဲ သ႐ုပ္ေဆာင္ေလာကကို ဝင္ေရာက္လာခဲ့တာျဖစ္သလို မတူတဲ့ရသမ်ိဳးနဲ႔ ခံစားရမယ့္ အေျခအေနမ်ိဳးကို ပုံေဖာ္ဖန္တီးသြားမယ္လို႔ ေျပာပါတယ္။

“ဒီဇာတ္ကားနာမည္က ေရာသမေမႊလို႔ ေပးထားေပမယ့္ အမ်ားထင္သလို ဟိုေရာသမေမႊလိုမ်ိဳး မဟုတ္ပါဘူး၊ တကယ့္ကို ေပ်ာ္႐ႊင္စရာေကာင္းမယ့္ ဇာတ္ကားတစ္ကားျဖစ္မယ္လို႔ ယုံပါတယ္၊ အႏုပညာဖန္တီးမႈ အသစ္ေတြအတြက္ ဒီကားထဲမွာ အမ်ားႀကီးျပင္ဆင္ထားတာေတြ ရွိပါတယ္၊ ကြၽန္ေတာ္တို႔ရဲ႕ ဖန္တီးမႈကို ပရိသတ္ေတြအေနနဲ႔ ႏွစ္သက္စြာအားေပးႏိုင္ဖို႔ ကြၽန္ေတာ္တို႔ ႀကိဳးစားသြားမွာပါ၊ ေရာသမႏွပ္ လက္ဖက္ထုတ္လိုက္ေတာ့ ႐ုပ္ရွင္ဘက္ေရာ ဂီတဘက္ေရာ ေႏွးသြားတယ္၊ လက္ဖက္ကို အခုေတာ့ ခဏနားထားတယ္၊ ဒါေၾကာင့္လည္း ဒီဘက္ကိုလွည့္ျဖစ္တာပါ၊ ဒီကားက ကြၽန္ေတာ္တို႔ Culture ေတြ၊ ဟာသအလြဲေတြျဖစ္တာကို ေဖာ္ျပတာပါ၊ ကားထြက္လာရင္ၾကည့္ပါ၊ ကြၽန္ေတာ့္ကားေတြက ထုံးစံအတိုင္း ေကာင္းရမယ္၊ ေပးရတဲ့ပိုက္ဆံနဲ႔ တန္တဲ့ကားမ်ိဳးျဖစ္ရမယ္၊ မိသားစုေတြ၊ ကေလးေတြကအစ ၾကည့္လို႔ရမယ္၊ ေအာက္လုံးေတြ ညစ္ညမ္းတဲ့ျပက္လုံးေတြ မပါဘူး” လို႔ သူက ရွင္းျပပါတယ္။

မၾကာခင္မွာ ႐ိုက္ကူးဖို႔စီစဥ္ထားတဲ့ “ေရာသမေမႊ” လို႔ နာမည္ရတဲ့ ႐ုပ္ရွင္ဇာတ္ကားကို ဒါ႐ိုက္တာ ကိုေဇာ္ (အ႐ုဏ္ဦး) ရဲ႕ ဖန္တီးမႈနဲ႔အတူ သားစိုး က ပူးတြဲဒါ႐ိုက္တာအျဖစ္ လုပ္ေဆာင္ကာ သ႐ုပ္ေဆာင္ေတြအျဖစ္ လႊမ္းပိုင္၊ ရဲရင့္ေအာင္၊ သားစိုး၊ မိုးမိုး၊ ရဲေလး၊ ခင္လႈိင္၊ ဂ်ိဳကာ၊ ေဖြးေဖြး၊ ျဖဴျဖဴေထြး၊ Project K နဲ႔ အႏုပညာရွင္ေပါင္းမ်ားစြာတို႔က ပါဝင္ဖန္တီးၾကဖို႔ စီစဥ္ထားၿပီး ယင္းဇာတ္ကားနဲ႔ ပတ္သက္တဲ့ စာနယ္ဇင္းရွင္းလင္းပြဲတစ္ရပ္ကိုေတာ့ ယေန႔ (ႏိုဝင္ဘာ ၄ ရက္) မနက္က ရန္ကုန္ၿမိဳ႕၊ ဗဟန္းၿမိဳ႕နယ္က M3 စားေသာက္ဆိုင္မွာ က်င္းပခဲ့ပါတယ္။

ယခုလို ႐ုပ္ရွင္ဇာတ္ကားအတြက္ ႀကိဳတင္ျပင္ဆင္တာေတြရွိသလို Music အယ္လ္ဘမ္တစ္ခုအတြက္လည္း ဖန္တီးေနတာေတြရွိေၾကာင္း၊ ယခုႏွစ္ထဲ နယ္ပြဲေတြအတြက္လည္း သီဆိုေဖ်ာ္ေျဖဖို႔ လက္ခံထားတာေတြ ရွိတယ္လို႔ ဆိုပါတယ္။

“အေခြအတြက္ စီစဥ္ထားတာေလးရွိသလို ဒီ႐ုပ္ရွင္ကားေလးအတြက္လည္း ႐ိုက္ကူးဖို႔ ျပင္ဆင္ေနပါတယ္၊ ဒီလထဲမွာ ေဖ်ာ္ေျဖပြဲတစ္ခုအတြက္လည္း လက္ခံထားတာရွိပါတယ္၊ နယ္ပြဲေတြလည္း ရွိေနေသးတဲ့အခါက်ေတာ့ လုပ္လက္စကေလးေတြက မၿပီးျပတ္ေသးဘူးျဖစ္ေနတယ္၊ Music အယ္လ္ဘမ္တစ္ခုေတာ့ ဘာပဲျဖစ္ျဖစ္ စီစဥ္ေပးသြားမွာပါ” လို႔ သူက ဆက္လက္ရွင္းျပပါတယ္။

သူဟာ တစ္ခ်ိန္က Remix သီခ်င္းေတြနဲ႔ သၾကၤန္ကာလကို လႊမ္းမိုးႏိုင္ခဲ့သလို လက္ရွိမွာလည္း သူ႔ရဲ႕သီခ်င္းေတြကို ကထိန္အလႉပြဲေတြ အပါအဝင္ ပြဲလမ္းသဘင္ေတြမွာ ဖြင့္တာေတြလည္းရွိေနတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ႏိုဝင္ဘာ - ၄