ပြည်ပအပန်းဖြေထွက်ရင်း ဇာတ်ကားရိုက်ကူးဖို့ စီစဉ်နေတဲ့ မော်ဒယ်လ် ပတ်ထရစ်ရှာ

ပြည်ပအပန်းဖြေထွက်ရင်း ဇာတ်ကားရိုက်ကူးဖို့ စီစဉ်နေတဲ့ မော်ဒယ်လ် ပတ်ထရစ်ရှာ

ပရိသတ်အားပေးမှုများပြားတဲ့ မော်ဒယ်လ် တစ်ဦးဖြစ်တဲ့ အပြင် သရုပ်ဆောင်လောကကို ဝင်ရောက်လာတဲ့ ပတ်ထရစ်ရှာ ကတော့ မကြာခင်မှာ ပြည်ပအပန်းဖြေခရီး ထွက်ခွာရင်း ဇာတ်ကားရိုက်ကူးဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။ဆွဲဆောင်မှုရှိကာ ညှို့အားပြင်းတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ သူမဟာ ရေကူးဝတ်စုံနဲ့ ရိုက်ကူးထားသော ဓာတ်ပုံကို သူမရဲ့ လူမှုကွန်ရက်ပေါ်ကနေ တင်ခဲ့တာ ကြောင့် ဝေဖန်ခံခဲ့ရတဲ့အပြင် ယခုအချိန်အထိလည်း စိတ်ညစ် စိတ်ပျက်စရာ ကောင်းလောက်အောင် ဝေဖန်ခံနေရတယ်လို့ သိရပါတယ်။

 "ရှာ က Oversea Trip တစ်ခုအတွက် bickani လေး ဝယ်ထားတာပါ၊ အဲ့ဒါမသွားဖြစ်သေးတာ လည်းပါတယ်၊ ငပလီကို သွားဖြစ်တော့ အဲ့ဒါလေးကို ဝတ်ခဲ့တာပါ၊ ဒီလိုပို့စ်တင်လို့ ရှာက ဘယ်သူ့ကိုမှ စော်ကား နေတာ မဟုတ်ပါဘူး၊ အခု ကိုယ်ကောင်းတာလုပ်ရင် ကောင်းတာ ဖြစ်လာမှာပဲ ဆိုတဲ့စိတ်နဲ့ နေပါတယ်၊ အခုလည်း အပြစ်ကြီး တစ်ခုကို ကျူးလွန်ထားသလိုမျိုး ဝေဖန်ခံနေရတာ၊ ကြာလာတော့ တော်တော်လေး စိတ်တွေလည်း ပျက်လာ တယ်"လို့ မော်ဒယ်လ်/သရုပ်ဆောင် ပတ်ထရစ်ရှာက ရှင်းပြ ပါတယ်။

အခုဆိုရင် သူမဟာ မဂ္ဂဇင်းမျက်နှာဖုံးအလှပုံများ၊ ကြော်ငြာ များကို ရိုက်ကူးလာရသလို ဇာတ်လမ်းတွဲတစ်ချို့မှာလည်း ရိုက်ကူးလာ ရပါတယ်။ ယောကျ်ားလေး ပရိသတ်တွေအပြင် မိန်းကလေးပရိသတ်တွေကပါ အချစ်ပိုနေကြတဲ့ သူမကို MTV တွေရိုက်ဖို့ ကမ်းလှမ်း ထားတာတွေ ရှိကြောင်း၊ ရုပ်ရှင် ကားကြီးတစ်ကား အတွက်ကိုလည်း သူမအနေနဲ့ပြင်ဆင် နေပြီး ပြည်ပအပန်းဖြေခရီးလည်း စီစဉ်နေ တာကြောင့် အလုပ်တွေရှုပ်နေတဲ့ကာလတစ်ခုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

 "အားပေးတဲ့ပရိသတ်တွေဟာ ရှာ့ အတွက်တော့ အင်အားတစ်ခုပါပဲ၊ ဝေဖန်တဲ့သူတွေလည်း ဝေဖန်တာ လျှော့ပါ၊ ရှာ လည်း ကြိုးစား နေပါတယ်လို့ ပြောချင်ပါတယ်"လို့ မော်ဒယ်လ်/သရုပ်ဆောင် ပတ်ထရစ်ရှာက ဆက်လက် ရှင်းပြခဲ့ပါတယ်။

မင်းခေတ်လင်း
(ဓာတ်ပုံ-ကိုနိုင် NG)
ရန်ကုန်၊ မတ်၄

(  Zawgyi   )

 ပရိသတ္အားေပးမႈမ်ားျပားတဲ့ ေမာ္ဒယ္လ္ တစ္ဦးျဖစ္တဲ့ အျပင္ သ႐ုပ္ေဆာင္ေလာကကို ဝင္ေရာက္လာတဲ့ ပတ္ထရစ္ရွာ ကေတာ့ မၾကာခင္မွာ ျပည္ပအပန္းေျဖခရီး ထြက္ခြာရင္း ဇာတ္ကား႐ိုက္ကူးဖို႔ စီစဥ္ထားတယ္လို႔ ေျပာပါတယ္။ဆြဲေဆာင္မႈရွိကာ ညႇိဳ႕အားျပင္းတဲ့ အလွတရားေတြကို ပိုင္ဆိုင္ထားတဲ့ သူမဟာ ေရကူးဝတ္စုံနဲ႔ ႐ိုက္ကူးထားေသာ ဓာတ္ပုံကို သူမရဲ႕ လူမႈကြန္ရက္ေပၚကေန တင္ခဲ့တာ ေၾကာင့္ ေဝဖန္ခံခဲ့ရတဲ့အျပင္ ယခုအခ်ိန္အထိလည္း စိတ္ညစ္ စိတ္ပ်က္စရာ ေကာင္းေလာက္ေအာင္ ေဝဖန္ခံေနရတယ္လို႔ သိရပါတယ္။

 "ရွာ က Oversea Trip တစ္ခုအတြက္ bickani ေလး ဝယ္ထားတာပါ၊ အဲ့ဒါမသြားျဖစ္ေသးတာ လည္းပါတယ္၊ ငပလီကို သြားျဖစ္ေတာ့ အဲ့ဒါေလးကို ဝတ္ခဲ့တာပါ၊ ဒီလိုပို႔စ္တင္လို႔ ရွာက ဘယ္သူ႔ကိုမွ ေစာ္ကား ေနတာ မဟုတ္ပါဘူး၊ အခု ကိုယ္ေကာင္းတာလုပ္ရင္ ေကာင္းတာ ျဖစ္လာမွာပဲ ဆိုတဲ့စိတ္နဲ႔ ေနပါတယ္၊ အခုလည္း အျပစ္ႀကီး တစ္ခုကို က်ဴးလြန္ထားသလိုမ်ိဳး ေဝဖန္ခံေနရတာ၊ ၾကာလာေတာ့ ေတာ္ေတာ္ေလး စိတ္ေတြလည္း ပ်က္လာ တယ္"လို႔ ေမာ္ဒယ္လ္/သ႐ုပ္ေဆာင္ ပတ္ထရစ္ရွာက ရွင္းျပ ပါတယ္။

အခုဆိုရင္ သူမဟာ မဂၢဇင္းမ်က္ႏွာဖုံးအလွပုံမ်ား၊ ေၾကာ္ျငာ မ်ားကို ႐ိုက္ကူးလာရသလို ဇာတ္လမ္းတြဲတစ္ခ်ိဳ႕မွာလည္း ႐ိုက္ကူးလာ ရပါတယ္။ ေယာက်္ားေလး ပရိသတ္ေတြအျပင္ မိန္းကေလးပရိသတ္ေတြကပါ အခ်စ္ပိုေနၾကတဲ့ သူမကို MTV ေတြ႐ိုက္ဖို႔ ကမ္းလွမ္း ထားတာေတြ ရွိေၾကာင္း၊ ႐ုပ္ရွင္ ကားႀကီးတစ္ကား အတြက္ကိုလည္း သူမအေနနဲ႔ျပင္ဆင္ ေနၿပီး ျပည္ပအပန္းေျဖခရီးလည္း စီစဥ္ေန တာေၾကာင့္ အလုပ္ေတြရႈပ္ေနတဲ့ကာလတစ္ခုလည္း ျဖစ္တယ္လို႔ ဆိုပါတယ္။

 "အားေပးတဲ့ပရိသတ္ေတြဟာ ရွာ့ အတြက္ေတာ့ အင္အားတစ္ခုပါပဲ၊ ေဝဖန္တဲ့သူေတြလည္း ေဝဖန္တာ ေလွ်ာ့ပါ၊ ရွာ လည္း ႀကိဳးစား ေနပါတယ္လို႔ ေျပာခ်င္ပါတယ္"လို႔ ေမာ္ဒယ္လ္/သ႐ုပ္ေဆာင္ ပတ္ထရစ္ရွာက ဆက္လက္ ရွင္းျပခဲ့ပါတယ္။

မင္းေခတ္လင္း
(ဓာတ္ပုံ-ကိုႏိုင္ NG)
ရန္ကုန္၊ မတ္၄