ပေါ်ပင်ဖြစ်ချင်လို့ အနုပညာလုပ်နေတာ မဟုတ်တဲ့ ဆောင်းအိန္ဒြေထွန်း

ပေါ်ပင်ဖြစ်ချင်လို့ အနုပညာလုပ်နေတာ မဟုတ်တဲ့ ဆောင်းအိန္ဒြေထွန်း

ထင်ပေါ်ကျော်ကြားဖို့အတွက် အနုပညာကို ပေါ်ပင်အနေနဲ့ လုပ်နေတာမဟုတ်ဘဲ မိမိရဲ့ဝါသနာအရ ကြိုးစားနေတာ ဖြစ်တယ်လို့ ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် ဆောင်းအိန္ဒြေထွန်း က ပြောပါတယ်။

“အစ်မက ပေါ်ပင်လုပ်ချင်လို့ ဒါကိုလုပ်တာ မဟုတ်ဘူးနော်၊ ဘယ်သူ့ကိုမှလည်း အစ်မ မဝေဖန်ဘူး၊ အစ်မကြောင့်လည်း တစ်ဖက်သား စိတ်ထိခိုက်တာမျိုးလည်း မလိုလားပါဘူး၊ အစ်မရဲ့ဝါသနာအရ အစ်မလုပ်နေတာပါ၊ ပရိသတ်တွေအတွက်ပဲ အစ်မကြိုးစားနေပါတယ်၊ လောလောဆယ်တော့ ဇာတ်လမ်းတစ်ခုတော့ တွဲရိုက်ပြီးသွားပြီ၊ ဆက်ပြီးတော့လည်း ရိုက်ဖို့ရှိနေသေးတယ်” လို့ သရုပ်ဆောင် ဆောင်းအိန္ဒြေထွန်း က ဆိုပါတယ်။

ယခုလတ်တလောမှာတော့ ကြော်ငြာတွေကို ရိုက်ကူးနေရသလို ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးမှုမရှိသေးဘဲ ဇာတ်လမ်းတွဲတွေ၊ MTV တွေ ရိုက်ကူးဖို့လည်း စီစဉ်နေတယ်လို့ သိရပါတယ်။

“အနုပညာအလုပ်ကို အစ်မအသက်ရှင်နေသရွေ့တော့ လုပ်သွားဦးမှာပါ၊ ပရိသတ်ရဲ့ အားပေးမှုလည်း လိုတာပေါ့၊ ပရိသတ်အတွက်ကိုပဲ အကောင်းဆုံးစီစဉ် ကြိုးစားသွားမှာပါ” လို့လည်း သူက ရှင်းပြပါတယ်။

သူမဟာ ဇာတ်ရုပ်မျိုးစုံကို သရုပ်ဆောင်နေသလို ဟာသဇာတ်ကားတွေထက် ဒရမ်မာဇာတ်ကားတွေမှာ အများဆုံးရိုက်ကူးနေပြီး ယခင်က ဗီဒီယိုလောက ခေတ်ကောင်းချိန်မှာ ဗီဒီယိုကားတွေ အများအပြားရိုက်ကူးခဲ့ကြောင်း၊ ယခုနောက်ပိုင်းမှာတော့ ဗီဒီယိုလောက ကျဆင်းနေပေမယ့် Free To Air ရုပ်သံလိုင်းတွေမှာ ထုတ်လွှင့်ပြသမယ့် ဇာတ်လမ်းတွဲတွေအတွက် ရိုက်ကူးလာရပြီး မကြာသေးခင်ကလည်း ချောင်းသာဘက်ကို သွားပြီးတော့ ဇာတ်လမ်းတွဲတစ်ခု ရိုက်ကူးခဲ့ပါတယ်။

ယခုလတ်တလောမှာလည်း နောက်ထပ် ဇာတ်လမ်းတွဲတစ်ခုမှာ ရိုက်ကူးဖို့ စီစဉ်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဇွန် - ၁၄
( Zawgyi )
ထင္ေပၚေက်ာ္ၾကားဖို႔အတြက္ အႏုပညာကို ေပၚပင္အေနနဲ႔ လုပ္ေနတာမဟုတ္ဘဲ မိမိရဲ႕ဝါသနာအရ ႀကိဳးစားေနတာ ျဖစ္တယ္လို႔ ႐ုပ္ရွင္နဲ႔ ဗီဒီယို သ႐ုပ္ေဆာင္ ေဆာင္းအိေျႏၵထြန္း က ေျပာပါတယ္။

“အစ္မက ေပၚပင္လုပ္ခ်င္လို႔ ဒါကိုလုပ္တာ မဟုတ္ဘူးေနာ္၊ ဘယ္သူ႔ကိုမွလည္း အစ္မ မေဝဖန္ဘူး၊ အစ္မေၾကာင့္လည္း တစ္ဖက္သား စိတ္ထိခိုက္တာမ်ိဳးလည္း မလိုလားပါဘူး၊ အစ္မရဲ႕ဝါသနာအရ အစ္မလုပ္ေနတာပါ၊ ပရိသတ္ေတြအတြက္ပဲ အစ္မႀကိဳးစားေနပါတယ္၊ ေလာေလာဆယ္ေတာ့ ဇာတ္လမ္းတစ္ခုေတာ့ တြဲ႐ိုက္ၿပီးသြားၿပီ၊ ဆက္ၿပီးေတာ့လည္း ႐ိုက္ဖို႔ရွိေနေသးတယ္” လို႔ သ႐ုပ္ေဆာင္ ေဆာင္းအိေျႏၵထြန္း က ဆိုပါတယ္။

ယခုလတ္တေလာမွာေတာ့ ေၾကာ္ျငာေတြကို ႐ိုက္ကူးေနရသလို ႐ုပ္ရွင္ဇာတ္ကားႀကီး ႐ိုက္ကူးမႈမရွိေသးဘဲ ဇာတ္လမ္းတြဲေတြ၊ MTV ေတြ ႐ိုက္ကူးဖို႔လည္း စီစဥ္ေနတယ္လို႔ သိရပါတယ္။

“အႏုပညာအလုပ္ကို အစ္မအသက္ရွင္ေနသေ႐ြ႕ေတာ့ လုပ္သြားဦးမွာပါ၊ ပရိသတ္ရဲ႕ အားေပးမႈလည္း လိုတာေပါ့၊ ပရိသတ္အတြက္ကိုပဲ အေကာင္းဆုံးစီစဥ္ ႀကိဳးစားသြားမွာပါ” လို႔လည္း သူက ရွင္းျပပါတယ္။

သူမဟာ ဇာတ္႐ုပ္မ်ိဳးစုံကို သ႐ုပ္ေဆာင္ေနသလို ဟာသဇာတ္ကားေတြထက္ ဒရမ္မာဇာတ္ကားေတြမွာ အမ်ားဆုံး႐ိုက္ကူးေနၿပီး ယခင္က ဗီဒီယိုေလာက ေခတ္ေကာင္းခ်ိန္မွာ ဗီဒီယိုကားေတြ အမ်ားအျပား႐ိုက္ကူးခဲ့ေၾကာင္း၊ ယခုေနာက္ပိုင္းမွာေတာ့ ဗီဒီယိုေလာက က်ဆင္းေနေပမယ့္ Free To Air ႐ုပ္သံလိုင္းေတြမွာ ထုတ္လႊင့္ျပသမယ့္ ဇာတ္လမ္းတြဲေတြအတြက္ ႐ိုက္ကူးလာရၿပီး မၾကာေသးခင္ကလည္း ေခ်ာင္းသာဘက္ကို သြားၿပီးေတာ့ ဇာတ္လမ္းတြဲတစ္ခု ႐ိုက္ကူးခဲ့ပါတယ္။

ယခုလတ္တေလာမွာလည္း ေနာက္ထပ္ ဇာတ္လမ္းတြဲတစ္ခုမွာ ႐ိုက္ကူးဖို႔ စီစဥ္လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဇြန္ - ၁၄