ပရိသတ်ပေးတဲ့ နာမည်မျိုး ပြောင်းလဲဖို့ရှိနေတဲ့ သရုပ်ဆောင် ဆောင်းအိန္ဒြေထွန်း

ပရိသတ်ပေးတဲ့ နာမည်မျိုး ပြောင်းလဲဖို့ရှိနေတဲ့ သရုပ်ဆောင် ဆောင်းအိန္ဒြေထွန်း

အနုပညာလောကမှာ မှတ်တမ်းမျိုးကျန်ရှိအောင် ဖန်တီးလုပ်ဆောင်နေတဲ့ သရုပ်ဆောင် ဆောင်းအိန္ဒြေထွန်းဟာ သူမအနေနဲ့ ပရိသတ်ကပေးတဲ့ နာမည်မျိုးပြောင်းဖို့ အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်။

“ပရိသတ်တွေက ချစ်ကြလို့ နယ်တွေကို ကားရိုက်ရင်းရောက်ရင် မမဆောင်းလို့ ခေါ်တယ်၊ အဲ့ဒီလို မမဆောင်းလို့ ခေါ်တာတွေများလာပြီး ဆောင်းအိန္ဒြေထွန်းဆိုတဲ့ နာမည်ပျောက်သွားတယ်၊ နောက်ကျရင် မမဆောင်းလို့ပဲ နာမည်ပြောင်းချင်ပြောင်းမယ်၊ အဲ့ဒါက ပရိသတ်ကပေးထားတဲ့ နာမည်ဖြစ်တော့လေ” လို့ သရုပ်ဆောင် ဆောင်းအိန္ဒြေထွန်း က ဆိုပါတယ်။

လတ်တလောမှာ မျိုးဆက်သစ်တေးသံရှင်တွေရဲ့ တေးသီချင်းတွေကို စုပေါင်းကာ ၎င်းရဲ့သရုပ်ဆောင်မှုတွေနဲ့အတူ ဖန်တီးထုတ်လုပ်နေသလို သီချင်းအပုဒ် ၄၀ လောက်ကို ပြန်လည်ဖန်တီး သရုပ်ဆောင်ထားကြောင်း၊ ဆက်လက်ပြီးလည်း နောက်ထပ် သီချင်းအပုဒ် ၂၀ လောက်ကို ရွေးချယ်ကာ သရုပ်ဆောင်သွားဖို့လည်း စီစဉ်နေတယ်လို့ သိရပါတယ်။

“သူတို့ခွင့်ပြုရင် မမဆောင်းရဲ့ မှတ်တမ်းလေးနဲ့ ထွက်သွားဖို့ရှိတယ်၊ အပုဒ် ၂၀ လောက် လျာထားတာတော့ရှိတယ်၊ သီချင်းအပုဒ် ၄၀ ကျော် လုပ်တုန်းက သီချင်းကောင်းတွေအများကြီး ကျန်ခဲ့တာတွေလည်းရှိတယ်၊ အဲ့ဒါကို အခုထပ်လုပ်လို့ အစ်မတို့က စီစဉ်ထားတာပေါ့၊ MTV တစ်ပုဒ်က မင်းသားမပါရင် ၁၀ သိန်းလောက် ရှိတယ်၊ အခွေမထုတ်နိုင်တဲ့ အဆိုတော်လေးတွေကို သူတို့ရဲ့ခွင့်ပြုချက်နဲ့ မမဆောင်းကနေ အခွေထုတ်မယ်၊ ကိုယ့်ဘက်က အကောင်းဆုံးဖြစ်အောင်လို့ ဖန်တီးပြီးတော့လုပ်ဖို့ မှန်းထားတယ်” လို့လည်း သရုပ်ဆောင် ဆောင်းအိန္ဒြေထွန်း က ရှင်းပြပါတယ်။

နောက်ထပ်စီစဉ်နေတဲ့ သီချင်းခွေတွေမှာ အရုပ်ဆိုးဆိုး မိန်းမကြီးတစ်ယောက်အဖြစ် သရုပ်ဆောင်ထားတာရှိသလို လတ်တလောကာရိုက်တာနဲ့ ကိုက်ညီကာ အံဝင်ခွင်ကျဖြစ်နေတဲ့ ပုံစံမျိုးကိုလည်း ဆယ်လီမမဆိုတဲ့ သီချင်းလေးမှာ သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

“မန္တလေးက အဆိုတော်တစ်ယောက် ဆိုထားတဲ့ သီချင်းပါ၊ ကာရိုက်တာက မမဆောင်းရဲ့ အပြင်ကာရိုက်တာမျိုး သရုပ်ဆောင်ရတာပေါ့၊ စပ်စပ်စုစုလုပ်တာတွေရော အတင်းတုပ်တာတွေရော အကုန်လုံးပါတယ်၊ လောလောဆယ် အနုပညာလှုပ်ရှားမှုအနေနဲ့က အဲ့ဒီအခွေတွေကို မမဆောင်းရဲ့ အနုပညာနဲ့ ပေါင်းစပ်ဖို့ လုပ်ဆောင်နေတာပါ၊ ရိုက်ထားတဲ့ ရုပ်ရှင်ကား မထွက်သေးတာရှိတယ်၊ ဇာတ်လမ်းတွဲလေး ရိုက်ထားတာရှိတယ်၊ မမဆောင်း ကို အားပေးတဲ့ ပရိသတ်ကိုလည်း ကျေးဇူးတင်ပါတယ်၊ အနုပညာအလုပ်တွေကို မမဆောင်း အများကြီးလုပ်ဆောင်နေဦးမှာပါ” လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဒီဇင်ဘာ - ၃၀

( Zawgyi )

အႏုပညာေလာကမွာ မွတ္တမ္းမ်ိဳးက်န္ရွိေအာင္ ဖန္တီးလုပ္ေဆာင္ေနတဲ့ သ႐ုပ္ေဆာင္ ေဆာင္းအိေျႏၵထြန္းဟာ သူမအေနနဲ႔ ပရိသတ္ကေပးတဲ့ နာမည္မ်ိဳးေျပာင္းဖို႔ အစီအစဥ္ရွိတယ္လို႔ ဆိုပါတယ္။

“ပရိသတ္ေတြက ခ်စ္ၾကလို႔ နယ္ေတြကို ကား႐ိုက္ရင္းေရာက္ရင္ မမေဆာင္းလို႔ ေခၚတယ္၊ အဲ့ဒီလို မမေဆာင္းလို႔ ေခၚတာေတြမ်ားလာၿပီး ေဆာင္းအိေျႏၵထြန္းဆိုတဲ့ နာမည္ေပ်ာက္သြားတယ္၊ ေနာက္က်ရင္ မမေဆာင္းလို႔ပဲ နာမည္ေျပာင္းခ်င္ေျပာင္းမယ္၊ အဲ့ဒါက ပရိသတ္ကေပးထားတဲ့ နာမည္ျဖစ္ေတာ့ေလ” လို႔ သ႐ုပ္ေဆာင္ ေဆာင္းအိေျႏၵထြန္း က ဆိုပါတယ္။

လတ္တေလာမွာ မ်ိဳးဆက္သစ္ေတးသံရွင္ေတြရဲ႕ ေတးသီခ်င္းေတြကို စုေပါင္းကာ ၎ရဲ႕သ႐ုပ္ေဆာင္မႈေတြနဲ႔အတူ ဖန္တီးထုတ္လုပ္ေနသလို သီခ်င္းအပုဒ္ ၄၀ ေလာက္ကို ျပန္လည္ဖန္တီး သ႐ုပ္ေဆာင္ထားေၾကာင္း၊ ဆက္လက္ၿပီးလည္း ေနာက္ထပ္ သီခ်င္းအပုဒ္ ၂၀ ေလာက္ကို ေ႐ြးခ်ယ္ကာ သ႐ုပ္ေဆာင္သြားဖို႔လည္း စီစဥ္ေနတယ္လို႔ သိရပါတယ္။

“သူတို႔ခြင့္ျပဳရင္ မမေဆာင္းရဲ႕ မွတ္တမ္းေလးနဲ႔ ထြက္သြားဖို႔ရွိတယ္၊ အပုဒ္ ၂၀ ေလာက္ လ်ာထားတာေတာ့ရွိတယ္၊ သီခ်င္းအပုဒ္ ၄၀ ေက်ာ္ လုပ္တုန္းက သီခ်င္းေကာင္းေတြအမ်ားႀကီး က်န္ခဲ့တာေတြလည္းရွိတယ္၊ အဲ့ဒါကို အခုထပ္လုပ္လို႔ အစ္မတို႔က စီစဥ္ထားတာေပါ့၊ MTV တစ္ပုဒ္က မင္းသားမပါရင္ ၁၀ သိန္းေလာက္ ရွိတယ္၊ အေခြမထုတ္ႏိုင္တဲ့ အဆိုေတာ္ေလးေတြကို သူတို႔ရဲ႕ခြင့္ျပဳခ်က္နဲ႔ မမေဆာင္းကေန အေခြထုတ္မယ္၊ ကိုယ့္ဘက္က အေကာင္းဆုံးျဖစ္ေအာင္လို႔ ဖန္တီးၿပီးေတာ့လုပ္ဖို႔ မွန္းထားတယ္” လို႔လည္း သ႐ုပ္ေဆာင္ ေဆာင္းအိေျႏၵထြန္း က ရွင္းျပပါတယ္။

ေနာက္ထပ္စီစဥ္ေနတဲ့ သီခ်င္းေခြေတြမွာ အ႐ုပ္ဆိုးဆိုး မိန္းမႀကီးတစ္ေယာက္အျဖစ္ သ႐ုပ္ေဆာင္ထားတာရွိသလို လတ္တေလာကာ႐ိုက္တာနဲ႔ ကိုက္ညီကာ အံဝင္ခြင္က်ျဖစ္ေနတဲ့ ပုံစံမ်ိဳးကိုလည္း ဆယ္လီမမဆိုတဲ့ သီခ်င္းေလးမွာ သ႐ုပ္ေဆာင္ထားတယ္လို႔ သိရပါတယ္။

“မႏၲေလးက အဆိုေတာ္တစ္ေယာက္ ဆိုထားတဲ့ သီခ်င္းပါ၊ ကာ႐ိုက္တာက မမေဆာင္းရဲ႕ အျပင္ကာ႐ိုက္တာမ်ိဳး သ႐ုပ္ေဆာင္ရတာေပါ့၊ စပ္စပ္စုစုလုပ္တာေတြေရာ အတင္းတုပ္တာေတြေရာ အကုန္လုံးပါတယ္၊ ေလာေလာဆယ္ အႏုပညာလႈပ္ရွားမႈအေနနဲ႔က အဲ့ဒီအေခြေတြကို မမေဆာင္းရဲ႕ အႏုပညာနဲ႔ ေပါင္းစပ္ဖို႔ လုပ္ေဆာင္ေနတာပါ၊ ႐ိုက္ထားတဲ့ ႐ုပ္ရွင္ကား မထြက္ေသးတာရွိတယ္၊ ဇာတ္လမ္းတြဲေလး ႐ိုက္ထားတာရွိတယ္၊ မမေဆာင္း ကို အားေပးတဲ့ ပရိသတ္ကိုလည္း ေက်းဇူးတင္ပါတယ္၊ အႏုပညာအလုပ္ေတြကို မမေဆာင္း အမ်ားႀကီးလုပ္ေဆာင္ေနဦးမွာပါ” လို႔ ၎က ဆက္လက္ေျပာၾကားခဲ့ပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဒီဇင္ဘာ - ၃၀