ပရိသတ်ကို အသိပညာပေးမယ့် ဇာတ်ကားမျိုး ဖန်တီးသွားမယ့် သရုပ်ဆောင် စမိုင်းလ်

ပရိသတ်ကို အသိပညာပေးမယ့် ဇာတ်ကားမျိုး ဖန်တီးသွားမယ့် သရုပ်ဆောင် စမိုင်းလ်

သရုပ်ဆောင် စမိုင်းလ် ဟာ အခုဆိုရင် ရုပ်ရှင်ထုတ်လုပ်သူအဖြစ် လုပ်ကိုင်နေသလို ပရိသတ်အတွက် အသိပညာရစေမယ့် ဇာတ်ကားမျိုးကိုသာ ဖန်တီးပေးသွားဖို့ ရှိနေတယ်လို့ ပြောပါတယ်။

“အခု အစ်မတို့ထုတ်လုပ်ထားတဲ့ ရုပ်ရှင်ကားနှစ်ကား ရုံတင်ဖို့ရှိပါတယ်၊ ရုံတင်မယ့်ရက်ကို စောင့်နေကြရတာ ဖြစ်ပါတယ်၊ ကိုယ်လုပ်ချင်တဲ့ဟာကို အကောင်းဆုံးဖန်တီးပြီး ချပြသွားဖို့ရှိပါတယ်၊ ပရိသတ်ကို မက်ဆေ့ပေးတဲ့ ကားမျိုးကိုပဲ လုပ်သွားမှာပါ၊ ပရိသတ်အနေနဲ့ ရုပ်ရှင်ကြည့်ပြီး အဲ့ဒီရုပ်ရှင်ကနေ မက်ဆေ့တစ်ခုခုရသွားမယ်ဆို ဖန်တီးရကျိုးနပ်ပါတယ်” လို့ သရုပ်ဆောင် စမိုင်းလ် က ရုပ်ရှင်အထူးပြပွဲတစ်ခုမှာ တွေ့ဆုံစဉ်ပြောကြားခဲ့တာ ဖြစ်ပါတယ်။

လတ်တလောကာလမှာ သူမကိုယ်တိုင်ရေးသားထားတဲ့ “Sharing is Caring” လို့ နာမည်ရတဲ့ စာအုပ်ကို ဖြန့်ချီတဲ့အနေနဲ့ အမှတ်တရ လက်မှတ်ရေးထိုးပွဲကိုလည်း ဖေဖော်ဝါရီ ၁၀ ရက်မှာ ရန်ကုန်မြို့က Junciton City နဲ့ ဖေဖော်ဝါရီ ၁၂ ရက်မှာ မန္တလေးမြို့က မင်္ဂလာမန္တလေးမှာ ကျင်းပဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

“လောလောဆယ်တော့ စာအုပ် လက်မှတ်ထိုး မိတ်ဆက်ပွဲ လုပ်ဖို့ရှိပါတယ်၊ ရုပ်ရှင်ကားအနေနဲ့က ရုံတင်မယ့် ရက်ကိုစောင့်နေတာဖြစ်လို့ လာမယ့် မေလမှာ တစ်ကား၊ ဇူလိုင်လလောက်မှာ တစ်ကား ရုံတင်နိုင်လိမ့်မယ်လို့ မှန်းထားပါတယ်” လို့လည်း သူက ပြောပါတယ်။

ပြည်တွင်းမှာ ရုပ်ရှင်ကားထွက်ရှိမှုဟာ အခုနောက်ပိုင်း များပြား လာပြီး ရုပ်ရှင်ရုံတွေ နည်းပါးတဲ့ အခြေအနေတွေကြောင့် ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သူ လုပ်ငန်းအသစ်တွေအနေနဲ့ ရုံတင်ရမယ့်ရက်ကို အကြာကြီးစောင့််နေရတာ ဖြစ်တယ်လို့ သိရပါတယ်။

မေလမှာရုံတင်ဖို့မှန်းထားတဲ့ ရုပ်ရှင်ကားကြီးဟာ Body Sharing အသိပညာပေးထားတဲ့ ဇာတ်ကားမျိုးဖြစ်ပြီး ဇူလိုင်လလောက်မှာ ရုံတင်ဖို့ မှန်းထားတဲ့ဇာတ်ကားကတော့ သံသယတွေများလွန်းလှတဲ့ အိမ်ထောင်ရှင်မ တွေကိုအကြောင်းကို ပညာပေးထားတဲ့ ဇာတ်ကားမျိုးဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အသက် ၁၄ နှစ် အရွယ်သာ ရှိသေးတဲ့ သူမရဲ့သမီးကိုလည်း အနုပညာအတွက် လိုအပ်တဲ့ ပံ့ပိုးမှုတွေလုပ်ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။

“အစ်မ သမီးက ငယ်သေးတော့ လောလောဆယ်မှာ သရုပ်ဆောင် မလုပ်ခိုင်းသေးဘူး၊ Photo ရိုက်တာတွေ၊ ကြော်ငြာတွေ လောက်ကိုပဲ၊ သမီးက Cover Photo သွားရိုက်ရင် အမေက အထုပ်ထမ်းရင်း နောက်ကလိုက်ရတာပေါ့၊ သူ့ကိုယ်သူ confident ရှိတဲ့ အရွယ်လောက်မှ သရုပ်ဆောင်အပိုင်းကို လုပ်ခိုင်းမှာပါ၊ သူ့အဖေကတော့ မလုပ်စေချင်ဘူးလေ” လို့လည်း သရုပ်ဆောင် စမိုင်းလ်က ပြောပါတယ်။

အခုဆိုရင် သူကိုယ်တိုင် ခန္ဓာကိုယ်အလှအပအတွက် ထိန်းကျောင်းနေထိုင်နေသလို အနာဂတ်ကာလမှာ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ ရည်ရွယ်ထားတဲ့ သမီးဖြစ်သူကိုလည်း လိုအပ်တဲ့ လေ့ကျင့်မှုတွေ၊ နေထိုင်စားသောက်မှုတွေကအစ စနစ်တကျဖြစ်အောင် သွန်သင်ကာ ဖန်တီးလုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဖေဖော်ဝါရီ - ၆

( Zawgyi )

သ႐ုပ္ေဆာင္ စမိုင္းလ္ ဟာ အခုဆိုရင္ ႐ုပ္ရွင္ထုတ္လုပ္သူအျဖစ္ လုပ္ကိုင္ေနသလို ပရိသတ္အတြက္ အသိပညာရေစမယ့္ ဇာတ္ကားမ်ိဳးကိုသာ ဖန္တီးေပးသြားဖို႔ ရွိေနတယ္လို႔ ေျပာပါတယ္။

“အခု အစ္မတို႔ထုတ္လုပ္ထားတဲ့ ႐ုပ္ရွင္ကားႏွစ္ကား ႐ုံတင္ဖို႔ရွိပါတယ္၊ ႐ုံတင္မယ့္ရက္ကို ေစာင့္ေနၾကရတာ ျဖစ္ပါတယ္၊ ကိုယ္လုပ္ခ်င္တဲ့ဟာကို အေကာင္းဆုံးဖန္တီးၿပီး ခ်ျပသြားဖို႔ရွိပါတယ္၊ ပရိသတ္ကို မက္ေဆ့ေပးတဲ့ ကားမ်ိဳးကိုပဲ လုပ္သြားမွာပါ၊ ပရိသတ္အေနနဲ႔ ႐ုပ္ရွင္ၾကည့္ၿပီး အဲ့ဒီ႐ုပ္ရွင္ကေန မက္ေဆ့တစ္ခုခုရသြားမယ္ဆို ဖန္တီးရက်ိဳးနပ္ပါတယ္” လို႔ သ႐ုပ္ေဆာင္ စမိုင္းလ္ က ႐ုပ္ရွင္အထူးျပပြဲတစ္ခုမွာ ေတြ႕ဆုံစဥ္ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

လတ္တေလာကာလမွာ သူမကိုယ္တိုင္ေရးသားထားတဲ့ “Sharing is Caring” လို႔ နာမည္ရတဲ့ စာအုပ္ကို ျဖန႔္ခ်ီတဲ့အေနနဲ႔ အမွတ္တရ လက္မွတ္ေရးထိုးပြဲကိုလည္း ေဖေဖာ္ဝါရီ ၁၀ ရက္မွာ ရန္ကုန္ၿမိဳ႕က Junciton City နဲ႔ ေဖေဖာ္ဝါရီ ၁၂ ရက္မွာ မႏၲေလးၿမိဳ႕က မဂၤလာမႏၲေလးမွာ က်င္းပဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။

“ေလာေလာဆယ္ေတာ့ စာအုပ္ လက္မွတ္ထိုး မိတ္ဆက္ပြဲ လုပ္ဖို႔ရွိပါတယ္၊ ႐ုပ္ရွင္ကားအေနနဲ႔က ႐ုံတင္မယ့္ ရက္ကိုေစာင့္ေနတာျဖစ္လို႔ လာမယ့္ ေမလမွာ တစ္ကား၊ ဇူလိုင္လေလာက္မွာ တစ္ကား ႐ုံတင္ႏိုင္လိမ့္မယ္လို႔ မွန္းထားပါတယ္” လို႔လည္း သူက ေျပာပါတယ္။

ျပည္တြင္းမွာ ႐ုပ္ရွင္ကားထြက္ရွိမႈဟာ အခုေနာက္ပိုင္း မ်ားျပား လာၿပီး ႐ုပ္ရွင္႐ုံေတြ နည္းပါးတဲ့ အေျခအေနေတြေၾကာင့္ ႐ုပ္ရွင္ထုတ္လုပ္ေရးလုပ္ငန္းလုပ္ကိုင္သူ လုပ္ငန္းအသစ္ေတြအေနနဲ႔ ႐ုံတင္ရမယ့္ရက္ကို အၾကာႀကီးေစာင့္္ေနရတာ ျဖစ္တယ္လို႔ သိရပါတယ္။

ေမလမွာ႐ုံတင္ဖို႔မွန္းထားတဲ့ ႐ုပ္ရွင္ကားႀကီးဟာ Body Sharing အသိပညာေပးထားတဲ့ ဇာတ္ကားမ်ိဳးျဖစ္ၿပီး ဇူလိုင္လေလာက္မွာ ႐ုံတင္ဖို႔ မွန္းထားတဲ့ဇာတ္ကားကေတာ့ သံသယေတြမ်ားလြန္းလွတဲ့ အိမ္ေထာင္ရွင္မ ေတြကိုအေၾကာင္းကို ပညာေပးထားတဲ့ ဇာတ္ကားမ်ိဳးျဖစ္တယ္လို႔ သိရပါတယ္။ ဒါ့အျပင္ အသက္ ၁၄ ႏွစ္ အ႐ြယ္သာ ရွိေသးတဲ့ သူမရဲ႕သမီးကိုလည္း အႏုပညာအတြက္ လိုအပ္တဲ့ ပံ့ပိုးမႈေတြလုပ္ေဆာင္ေပးေနတယ္လို႔ ဆိုပါတယ္။

“အစ္မ သမီးက ငယ္ေသးေတာ့ ေလာေလာဆယ္မွာ သ႐ုပ္ေဆာင္ မလုပ္ခိုင္းေသးဘူး၊ Photo ႐ိုက္တာေတြ၊ ေၾကာ္ျငာေတြ ေလာက္ကိုပဲ၊ သမီးက Cover Photo သြား႐ိုက္ရင္ အေမက အထုပ္ထမ္းရင္း ေနာက္ကလိုက္ရတာေပါ့၊ သူ႔ကိုယ္သူ confident ရွိတဲ့ အ႐ြယ္ေလာက္မွ သ႐ုပ္ေဆာင္အပိုင္းကို လုပ္ခိုင္းမွာပါ၊ သူ႔အေဖကေတာ့ မလုပ္ေစခ်င္ဘူးေလ” လို႔လည္း သ႐ုပ္ေဆာင္ စမိုင္းလ္က ေျပာပါတယ္။

အခုဆိုရင္ သူကိုယ္တိုင္ ခႏၶာကိုယ္အလွအပအတြက္ ထိန္းေက်ာင္းေနထိုင္ေနသလို အနာဂတ္ကာလမွာ သ႐ုပ္ေဆာင္ေကာင္းတစ္ေယာက္ျဖစ္ဖို႔ ရည္႐ြယ္ထားတဲ့ သမီးျဖစ္သူကိုလည္း လိုအပ္တဲ့ ေလ့က်င့္မႈေတြ၊ ေနထိုင္စားေသာက္မႈေတြကအစ စနစ္တက်ျဖစ္ေအာင္ သြန္သင္ကာ ဖန္တီးလုပ္ေဆာင္ေပးေနတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ေဖေဖာ္ဝါရီ - ၆