နွေသရုပ်ကိုပေါ်လွင်တဲ့ ဇာတ်ကား ရိုက်ချင်တဲ့ သရုပ်ဆောင် အေးမြတ်သူ

နွေသရုပ်ကိုပေါ်လွင်တဲ့ ဇာတ်ကား ရိုက်ချင်တဲ့ သရုပ်ဆောင် အေးမြတ်သူ

နွေရာသီကာလရဲ့ သဘာ၀ သရုပ်ကိုပေါ်လွင်စေတဲ့ပြကွက်တွေနဲ့ ဇာတ်ကားမျိုးကို ရိုက်ကူးဖို့ ဆန္ဒရှိ နေတယ်လို့ သရုပ်ဆောင် အေးမြတ်သူက ဆိုပါတယ်။ ယခုအခါ မြန်မာနိုင်ငံရဲ့ နွေရာသီ ကာလကို ရောက်ရှိလာတာနဲ့အတူ ရာသီကာလအလိုက် ပန်းမာန်များဖူးပွင့်ဝေဆာနေပြီး ခြောက်သွေ့ တဲ့ သဘာဝပတ်ဝန်းကျင်ဟာ မြင်ရသူတွေအဖို့ စွဲဆောင်မှုရှိစေတဲ့ အခြေအနေမျိုး ဖြစ်နိုင်တယ်လို့ သိရပါတယ်။

“နွေသဘာဝကိုလည်း ပေါ်လွင်အောင်၊ တောသဘာဝလေးနဲ့ နွှယ်ပြီး ရိုက်ဖို့စိတ်ကူးမိတယ်၊ ဘာလို့လဲ ဆိုတော့ ပရိသတ်ကို နွေရာသီရဲ့ ပတ်ဝန်းကျင်အခြေအနေလေးလည်း ကြည့်ရင်းနဲ့ ခံစားမိအောင် ကျေးလက်လူနေမှု စနစ်ကို အခြေခံပြီးတော့ ရိုက်ဖို့ပေါ့လေ၊ အဲ့ဒါလည်း အေးမြတ်သူ က ခရီးသွားရင်းနဲ့တွေ့ခဲ့မြင်ခဲ့ ခံစားမိခဲ့တာပါ၊ ဒါကို ပရိသတ်ကို တင်ဆက်ရင် ကောင်းမှာပဲလို့ စိတ်ကူးမိတယ်လေ၊ ကျေးလက်ဒေသတွေမှာ သွားပြီး ရိုက်ကူးနိုင်ဖို့ အတွက် လည်း ကြိုးပမ်းသွားမယ်”လို့ သရုပ်ဆောင် အေးမြတ်သူက ပြောပါတယ်။

သူမဟာ အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေ ပုံမှန်ရိုက်ကူးနေရတဲ့ သရုပ်ဆောင်တစ်ဦးလည်း ဖြစ်သလို ဇာတ်လမ်းတွဲ တွေမှာလည်း သရုပ်ဆောင်ခဲ့တာတွေရှိပါတယ်။ မကြာသေးခင်က မကွေးတိုင်းဒေသကြီး ဘက်သို့ ခရီးသွားရောက်ရင်း ယင်းကဲ့သို့ စိတ်ကူးမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ထိုခရီးစဉ်မှာ နှစ်ပေါင်း ၃၀ ကျော် လောက် မရောက်ဖြစ်ခဲ့တဲ့ ရွှေစက်တော်သို့ သွားရောက်ကာ ဖူးမြော်ရင်း မန်းချောင်းမှာ ရေဆင်းချိုးခဲ့တဲ့အပေါ် လူမှုကွန်ရက်တွေမှာလည်း ဝေဖန် ခံခဲ့ရတာတွေလည်းရှိခဲ့ပါတယ်။

ထိုခရီးစဉ်နဲ့ပတ်သက်ပြီး သူမက “အဲ့ဒီခရီးစဉ်က နှစ် ၃၀လောက်ကြာနေပြီ ရွှေစက်တော်ကို ဒုတိယအကြိမ် ရောက်ခဲ့တာပေါ့၊ ပထမဆုံးအခေါက်က အသက် ၄ နှစ်အရွယ်ပေါ့၊ မရောက်တာ ကြာတာလည်းပါတယ်လေ၊ အခု အသက် ၃၄ နှစ်အရွယ်မှာ သွားရောက်ခဲ့တာပါ၊ တစ်နှစ်မှာ သုံးလသာအချိန်ရတဲ့ မန်းရွှေစက်တော်မှာက မန်းချောင်းပေါ်က တဲလေးတွေ၊ အညာလက်ရာ မျိုးစုံနဲ့ အရမ်းကိုပျော်ရွှင်ကြည်နူးဖွယ်ကောင်းပါတယ်၊ မန်းချောင်းထဲ ရေချိုးရတာ တကယ့်ကို ပျော်ဖို့ကောင်းတာ၊ ထဘီရင်လျားနဲ့ ရေချိုးကြတယ်လေ၊ ဒါကလည်း မြန်မာမိန်းကလေးတိုင်း ရေချိုးရင်ဒီလိုချိုးကြတာပါပဲ၊ ဒါကအပြစ်မှ မဟုတ်တာ၊ အေးမြတ်သူ ကိုယ်တိုင်က ချောင်းထဲ မှာ ရေချိုးရတာ အရမ်းကြိုက်တယ်၊ ငယ်ငယ်ကလည်း ရပ်ကွက်ထဲမှာနေလာခဲ့ရတော့ ရေချိုး ရင် ရင်လျားနဲ့ပဲချိုးဖြစ်တာလေ၊ အဲ့ဒီဖီလင်ကိုကြိုက်တာပေါ့၊ ကိုယ်က ဘာမှမဟုတ်တာ မလုပ် တော့ ပြန်ဖြေရှင်း စရာလည်း မလိုဘူးလို့ထင်ပါတယ်”လို့ ပြောပါတယ်။

သူမဟာ လက်ရှိမှာ ဝတ်စားဆင်ယင်မှုကို အချိန်အခါနဲ့လိုက်ပြီး ဆင်ယင်နေထိုင်လေ့ရှိသလို သရုပ်ဆောင်တဲ့ အပိုင်းမှာလည်း အကောင်းမွန်ဆုံးဖြစ်အောင် ကြိုးစားနေတယ်လို့ သိရပါတယ်။ “အေးမြတ်သူက အရမ်းကြီး မလိမ်မာချင်ဘူး၊ ဘာလို့လဲဆိုတော့ လိမ်မာရတာပင်ပန်းတယ်၊ မိုက်ရဆိုးရတာ မပင်ပန်းဘူး၊ ကိုယ့်ဟာကိုယ်တော့ အကောင်းဆုံးဖြစ်အောင်ကြိုးစားနေပါတယ်၊ လိမ်မာတယ်လို့ ဆိုပြီးရင် ခေါက်ရိုးကျိုး တာမျိုး မဖြစ်စေချင်ဘူး၊ ကိုယ့်ရဲ့ Life မှာ တစ်ယောက် ယောက် ရဲ့ လွှမ်းမိုးမှုကြောင့် ကြိုးစားရမယ်ဆိုရင် ကြိုးစားရတာခက်ခဲပါတယ်၊ အကောင်းဆုံး ကြိုးစားနေတယ်လို့ပဲ ပြောချင်ပါတယ်”လို့ သူမက ဆက်လက်ပြောကြားခဲ့ပါတယ်။

မင်းခေတ်လင်း

(  Zawgyi  )

 ေႏြရာသီကာလရဲ႕ သဘာ၀ သ႐ုပ္ကိုေပၚလြင္ေစတဲ့ျပကြက္ေတြနဲ႔ ဇာတ္ကားမ်ိဳးကို ႐ိုက္ကူးဖို႔ ဆႏၵရွိ ေနတယ္လို႔ သ႐ုပ္ေဆာင္ ေအးျမတ္သူက ဆိုပါတယ္။ ယခုအခါ ျမန္မာႏိုင္ငံရဲ႕ ေႏြရာသီ ကာလကို ေရာက္ရွိလာတာနဲ႔အတူ ရာသီကာလအလိုက္ ပန္းမာန္မ်ားဖူးပြင့္ေဝဆာေနၿပီး ေျခာက္ေသြ႕ တဲ့ သဘာဝပတ္ဝန္းက်င္ဟာ ျမင္ရသူေတြအဖို႔ စြဲေဆာင္မႈရွိေစတဲ့ အေျခအေနမ်ိဳး ျဖစ္ႏိုင္တယ္လို႔ သိရပါတယ္။

“ေႏြသဘာဝကိုလည္း ေပၚလြင္ေအာင္၊ ေတာသဘာဝေလးနဲ႔ ႏႊယ္ၿပီး ႐ိုက္ဖို႔စိတ္ကူးမိတယ္၊ ဘာလို႔လဲ ဆိုေတာ့ ပရိသတ္ကို ေႏြရာသီရဲ႕ ပတ္ဝန္းက်င္အေျခအေနေလးလည္း ၾကည့္ရင္းနဲ႔ ခံစားမိေအာင္ ေက်းလက္လူေနမႈ စနစ္ကို အေျခခံၿပီးေတာ့ ႐ိုက္ဖို႔ေပါ့ေလ၊ အဲ့ဒါလည္း ေအးျမတ္သူ က ခရီးသြားရင္းနဲ႔ေတြ႕ခဲ့ျမင္ခဲ့ ခံစားမိခဲ့တာပါ၊ ဒါကို ပရိသတ္ကို တင္ဆက္ရင္ ေကာင္းမွာပဲလို႔ စိတ္ကူးမိတယ္ေလ၊ ေက်းလက္ေဒသေတြမွာ သြားၿပီး ႐ိုက္ကူးႏိုင္ဖို႔ အတြက္ လည္း ႀကိဳးပမ္းသြားမယ္”လို႔ သ႐ုပ္ေဆာင္ ေအးျမတ္သူက ေျပာပါတယ္။

သူမဟာ အခုဆိုရင္ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြ ပုံမွန္႐ိုက္ကူးေနရတဲ့ သ႐ုပ္ေဆာင္တစ္ဦးလည္း ျဖစ္သလို ဇာတ္လမ္းတြဲ ေတြမွာလည္း သ႐ုပ္ေဆာင္ခဲ့တာေတြရွိပါတယ္။ မၾကာေသးခင္က မေကြးတိုင္းေဒသႀကီး ဘက္သို႔ ခရီးသြားေရာက္ရင္း ယင္းကဲ့သို႔ စိတ္ကူးမိခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ ထိုခရီးစဥ္မွာ ႏွစ္ေပါင္း ၃၀ ေက်ာ္ ေလာက္ မေရာက္ျဖစ္ခဲ့တဲ့ ေ႐ႊစက္ေတာ္သို႔ သြားေရာက္ကာ ဖူးေျမာ္ရင္း မန္းေခ်ာင္းမွာ ေရဆင္းခ်ိဳးခဲ့တဲ့အေပၚ လူမႈကြန္ရက္ေတြမွာလည္း ေဝဖန္ ခံခဲ့ရတာေတြလည္းရွိခဲ့ပါတယ္။

ထိုခရီးစဥ္နဲ႔ပတ္သက္ၿပီး သူမက “အဲ့ဒီခရီးစဥ္က ႏွစ္ ၃၀ေလာက္ၾကာေနၿပီ ေ႐ႊစက္ေတာ္ကို ဒုတိယအႀကိမ္ ေရာက္ခဲ့တာေပါ့၊ ပထမဆုံးအေခါက္က အသက္ ၄ ႏွစ္အ႐ြယ္ေပါ့၊ မေရာက္တာ ၾကာတာလည္းပါတယ္ေလ၊ အခု အသက္ ၃၄ ႏွစ္အ႐ြယ္မွာ သြားေရာက္ခဲ့တာပါ၊ တစ္ႏွစ္မွာ သုံးလသာအခ်ိန္ရတဲ့ မန္းေ႐ႊစက္ေတာ္မွာက မန္းေခ်ာင္းေပၚက တဲေလးေတြ၊ အညာလက္ရာ မ်ိဳးစုံနဲ႔ အရမ္းကိုေပ်ာ္႐ႊင္ၾကည္ႏူးဖြယ္ေကာင္းပါတယ္၊ မန္းေခ်ာင္းထဲ ေရခ်ိဳးရတာ တကယ့္ကို ေပ်ာ္ဖို႔ေကာင္းတာ၊ ထဘီရင္လ်ားနဲ႔ ေရခ်ိဳးၾကတယ္ေလ၊ ဒါကလည္း ျမန္မာမိန္းကေလးတိုင္း ေရခ်ိဳးရင္ဒီလိုခ်ိဳးၾကတာပါပဲ၊ ဒါကအျပစ္မွ မဟုတ္တာ၊ ေအးျမတ္သူ ကိုယ္တိုင္က ေခ်ာင္းထဲ မွာ ေရခ်ိဳးရတာ အရမ္းႀကိဳက္တယ္၊ ငယ္ငယ္ကလည္း ရပ္ကြက္ထဲမွာေနလာခဲ့ရေတာ့ ေရခ်ိဳး ရင္ ရင္လ်ားနဲ႔ပဲခ်ိဳးျဖစ္တာေလ၊ အဲ့ဒီဖီလင္ကိုႀကိဳက္တာေပါ့၊ ကိုယ္က ဘာမွမဟုတ္တာ မလုပ္ ေတာ့ ျပန္ေျဖရွင္း စရာလည္း မလိုဘူးလို႔ထင္ပါတယ္”လို႔ ေျပာပါတယ္။

သူမဟာ လက္ရွိမွာ ဝတ္စားဆင္ယင္မႈကို အခ်ိန္အခါနဲ႔လိုက္ၿပီး ဆင္ယင္ေနထိုင္ေလ့ရွိသလို သ႐ုပ္ေဆာင္တဲ့ အပိုင္းမွာလည္း အေကာင္းမြန္ဆုံးျဖစ္ေအာင္ ႀကိဳးစားေနတယ္လို႔ သိရပါတယ္။ “ေအးျမတ္သူက အရမ္းႀကီး မလိမ္မာခ်င္ဘူး၊ ဘာလို႔လဲဆိုေတာ့ လိမ္မာရတာပင္ပန္းတယ္၊ မိုက္ရဆိုးရတာ မပင္ပန္းဘူး၊ ကိုယ့္ဟာကိုယ္ေတာ့ အေကာင္းဆုံးျဖစ္ေအာင္ႀကိဳးစားေနပါတယ္၊ လိမ္မာတယ္လို႔ ဆိုၿပီးရင္ ေခါက္႐ိုးက်ိဳး တာမ်ိဳး မျဖစ္ေစခ်င္ဘူး၊ ကိုယ့္ရဲ႕ Life မွာ တစ္ေယာက္ ေယာက္ ရဲ႕ လႊမ္းမိုးမႈေၾကာင့္ ႀကိဳးစားရမယ္ဆိုရင္ ႀကိဳးစားရတာခက္ခဲပါတယ္၊ အေကာင္းဆုံး ႀကိဳးစားေနတယ္လို႔ပဲ ေျပာခ်င္ပါတယ္”လို႔ သူမက ဆက္လက္ေျပာၾကားခဲ့ပါတယ္။

မင္းေခတ္လင္း