နိုင်ငံပေါင်း ၄၈ နိုင်ငံမှ ကလေးများပြိုင်သော Mini Miss Southeast Asia ပြိုင်ပွဲ မြန်မာနိုင်ငံက ဆုရရှိခဲ့

နိုင်ငံပေါင်း ၄၈ နိုင်ငံမှ ကလေးများပြိုင်သော Mini Miss Southeast Asia ပြိုင်ပွဲ မြန်မာနိုင်ငံက ဆုရရှိခဲ့

ထိုင်းနိုင်ငံ၊ ဖူးခက်မြို့မှာ ကျင်းပတဲ့ (၁၈) ကြိမ်မြောက် Prince & Princess International 2018 ပွဲကြီးထဲက ပြိုင်ပွဲတစ်ရပ်ဖြစ်တဲ့ Mini Miss Southeast Asia ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့တဲ့ သမီးငယ်လေး ဖြူစင်ဟိန်းထက် က ဆုရရှိခဲ့တယ်လို့ မိခင်ဖြစ်သူ ဒေါ်ထက်သီရိလွင် က စာနယ်ဇင်းတွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။

“အဲ့ဒီပြိုင်ပွဲက ခေါင်းစဉ်လေးခုနဲ့ ယှဉ်ပြိုင်ရတဲ့ ပွဲလေးဖြစ်ပါတယ်၊ အဲဒီထဲကနေ နိုင်ငံတကာကနေ အများဆုံး ပြိုင်ကြတာက Mini Miss Southeast Asia ပွဲကို အများဆုံးပြိုင်ကြတာ ဖြစ်ပါတယ်၊ သူတို့ သတ်မှတ်ထား တာက နိုင်ငံပေါင်း ၄၂ နိုင်ငံပါ၊ ဒါပေမဲ့ ဒီနှစ်မှာ ၄၈နိုင်ငံကျော်ပါဝင်ယှဉ်ပြိုင်ကြပါတယ်၊ အဲ့ဒီ ပြိုင်တဲ့အထဲ ကနေ သမီးလေးက အခုလိုဆုရရှိခဲ့တာ ဖြစ်ပါတယ်” လို့ သမီးငယ်လေး ဖြူစင်ဟိန်းထက် ရဲ့ မိခင်က ပြောပါတယ်။

သမီးငယ်လေးဟာ ငယ်စဉ်ကတည်းက အနုပညာကိုလည်း ဝါသနာပါသူတစ်ဦးဖြစ်ပြီး အနုပညာရှင်တစ်ယောက်ဖြစ်ဖို့ ဆန္ဒရှိသူလည်းဖြစ်ပါတယ်။

“အခုလို ဆုရရှိတဲ့အတွက် ဝမ်းသာမိပါတယ်၊ ဓာတ်ပုံလှလှလေးတွေ ရိုက်ပေးကြတဲ့ ကိုကို၊ မမတွေလည်း ကျေးဇူးတင်ပါတယ်ရှင့်၊ ကြီးလာရင် အောင်မြင်တဲ့ Miss ဖြစ်အောင် ကြိုးစားသွားပါမယ်”လို့ Mini Miss Southeast Asia ဆုရှင် သမီးငယ်လေး ဖြူစင်ဟိန်းထက်က ပြောပါတယ်။

အဲ့ဒီပြိုင်ပွဲဟာ နိုင်ငံပေါင်း ၄၈ နိုင်ငံမှာရှိတဲ့ အသက်လေးနှစ်ကနေ ငါးနှစ်အတွင်းရှိသော ကလေးများ ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲဖြစ်ပြီး မြန်မာနိုင်ငံ ကိုယ်စားပြုယှဉ်ပြိုင်ရင်း ဆုရရှိတာနဲ့ပတ်သက်လို့ ရန်ကုန်မြို့၊ ဗိုလ်တထောင်ဘုရားလမ်းက Orchid Hotel မှာ ဇန်နဝါရီ ၂၉ ရက် ညနေပိုင်းက စာနယ်ဇင်းတွေထံ မိတ်ဆက်အပ်နှံပွဲကျင်းပခဲ့တာ ဖြစ်ပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဇန်နဝါရီ - ၃၀

( Zawgyi )

ထိုင္းႏိုင္ငံ၊ ဖူးခက္ၿမိဳ႕မွာ က်င္းပတဲ့ (၁၈) ႀကိမ္ေျမာက္ Prince & Princess International 2018 ပြဲႀကီးထဲက ၿပိဳင္ပြဲတစ္ရပ္ျဖစ္တဲ့ Mini Miss Southeast Asia ၿပိဳင္ပြဲမွာ ျမန္မာႏိုင္ငံ ကိုယ္စားျပဳ ယွဥ္ၿပိဳင္ခဲ့တဲ့ သမီးငယ္ေလး ျဖဴစင္ဟိန္းထက္ က ဆုရရွိခဲ့တယ္လို႔ မိခင္ျဖစ္သူ ေဒၚထက္သီရိလြင္ က စာနယ္ဇင္းေတြ႕ဆုံပြဲမွာ ေျပာၾကားခဲ့ပါတယ္။

“အဲ့ဒီၿပိဳင္ပြဲက ေခါင္းစဥ္ေလးခုနဲ႔ ယွဥ္ၿပိဳင္ရတဲ့ ပြဲေလးျဖစ္ပါတယ္၊ အဲဒီထဲကေန ႏိုင္ငံတကာကေန အမ်ားဆုံး ၿပိဳင္ၾကတာက Mini Miss Southeast Asia ပြဲကို အမ်ားဆုံးၿပိဳင္ၾကတာ ျဖစ္ပါတယ္၊ သူတို႔ သတ္မွတ္ထား တာက ႏိုင္ငံေပါင္း ၄၂ ႏိုင္ငံပါ၊ ဒါေပမဲ့ ဒီႏွစ္မွာ ၄၈ႏိုင္ငံေက်ာ္ပါဝင္ယွဥ္ၿပိဳင္ၾကပါတယ္၊ အဲ့ဒီ ၿပိဳင္တဲ့အထဲ ကေန သမီးေလးက အခုလိုဆုရရွိခဲ့တာ ျဖစ္ပါတယ္” လို႔ သမီးငယ္ေလး ျဖဴစင္ဟိန္းထက္ ရဲ႕ မိခင္က ေျပာပါတယ္။

သမီးငယ္ေလးဟာ ငယ္စဥ္ကတည္းက အႏုပညာကိုလည္း ဝါသနာပါသူတစ္ဦးျဖစ္ၿပီး အႏုပညာရွင္တစ္ေယာက္ျဖစ္ဖို႔ ဆႏၵရွိသူလည္းျဖစ္ပါတယ္။

“အခုလို ဆုရရွိတဲ့အတြက္ ဝမ္းသာမိပါတယ္၊ ဓာတ္ပုံလွလွေလးေတြ ႐ိုက္ေပးၾကတဲ့ ကိုကို၊ မမေတြလည္း ေက်းဇူးတင္ပါတယ္ရွင့္၊ ႀကီးလာရင္ ေအာင္ျမင္တဲ့ Miss ျဖစ္ေအာင္ ႀကိဳးစားသြားပါမယ္”လို႔ Mini Miss Southeast Asia ဆုရွင္ သမီးငယ္ေလး ျဖဴစင္ဟိန္းထက္က ေျပာပါတယ္။

အဲ့ဒီၿပိဳင္ပြဲဟာ ႏိုင္ငံေပါင္း ၄၈ ႏိုင္ငံမွာရွိတဲ့ အသက္ေလးႏွစ္ကေန ငါးႏွစ္အတြင္းရွိေသာ ကေလးမ်ား ယွဥ္ၿပိဳင္ရတဲ့ ၿပိဳင္ပြဲျဖစ္ၿပီး ျမန္မာႏိုင္ငံ ကိုယ္စားျပဳယွဥ္ၿပိဳင္ရင္း ဆုရရွိတာနဲ႔ပတ္သက္လို႔ ရန္ကုန္ၿမိဳ႕၊ ဗိုလ္တေထာင္ဘုရားလမ္းက Orchid Hotel မွာ ဇန္နဝါရီ ၂၉ ရက္ ညေနပိုင္းက စာနယ္ဇင္းေတြထံ မိတ္ဆက္အပ္ႏွံပြဲက်င္းပခဲ့တာ ျဖစ္ပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဇန္နဝါရီ - ၃၀