နာကျင်တတ်လို့ အကယ်ဒမီမျှော်လင့်ချက်ကို ပေါ့ပေါ့ပဲထားတဲ့ ရွှေသမီး

နာကျင်တတ်လို့ အကယ်ဒမီမျှော်လင့်ချက်ကို ပေါ့ပေါ့ပဲထားတဲ့  ရွှေသမီး

လတ်တလောကာလတွင် အကယ်ဒမီဆုနဲ့ပတ်သက်ပြီး ပရိသတ်တွေကြားမှာ သတင်းတွေထွက်ပေါ်နေတဲ့ သရုပ်ဆောင် ရွှေသမီး ဟာ သူမအနေနဲ့ နာကျင်ရမှာစိုးတာကြောင့် စိတ်ထဲပေါ့ပေါ့ပဲထားတယ်လို့ ရုပ်ရှင်အခမ်း အနားပွဲ တစ်ခုမှာ တွေ့ဆုံစဉ်မေးမြန်းရာမှာ ပြောကြားခဲ့ပါတယ်။

“မျှော်လင့်ချက်များရင် များများနာကျင်ရပါတယ်၊ ဒါကြောင့်လည်း နေနေတဲ့ပုံစံလေးအတိုင်းပဲ နေပါတယ်၊ စိတ်ထဲလည်း ပေါ့ပေါ့ပါးပါးပဲ ထားတယ်၊ စားတယ်၊ သောက်တယ်၊ သွားတယ်၊ လာတယ်၊ အခုအချိန်မှာ အေးဆေးပဲ၊ ပျော်တယ်ဆိုတာမျိုးလည်း မရှိပါဘူး၊ စိတ်ထဲမှာ အရမ်းကြီး Serious ကြီး ဖြစ်မနေဘူး၊ ပုံမှန်အတိုင်း အေးဆေးပဲ”လို့ သရုပ်ဆောင် ရွှေသမီးက ဆိုပါတယ်။

သူမပါဝင်သရုပ်ဆောင်ထားတဲ့ “ချည်”လို့နာမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး သူမကို ထင်ကြေးပေးနေကြသလို သူမကိုအားပေးဝန်းရံကြတဲ့ ပရိသတ်တွေအနေနဲ့လည်း ပိုမိုဝန်းရံ လာတာတွေရှိသလို ရုပ်ရှင်ကြည့်ပရိသတ်အများစုရဲ့ ခန့်မှန်း ဝေဖန်ပြောဆိုသံတွေ ထွက်ပေါ်နေတယ်လို့ သိရပါတယ်။

“တကယ်တမ်း ပွင့်ပွင့်လင်းလင်းပြောရင် အကယ်ဒမီဆိုတာကတော့ ရချင်တာပေါ့နော်၊ ဒီနှစ်မှာ ကြားမိတာက အရမ်းကောင်းတဲ့ Actor တွေလည်းများသလို ဇာတ်ကားကောင်းတွေလည်း များပါတယ်၊ လောလောဆယ်မှာ အခုက ကိုယ်က ပရိသတ်ပြန်ဖြစ်နေပြီလေ၊ စောင့်ကြည့်နေတုန်းပေ့ါနော်၊ အကယ်ဒမီထဲ ကိုယ်ပါတဲ့ ရုပ်ရှင်ကားလေး ရရင်လည်း ကျေနပ်ရမှာပဲလေ၊ ဒါပေမဲ့ အခုလောလောဆယ်တော့ ပရိသတ်တွေက ကြိုက်ကြတယ်၊ အားပေးကြတယ် ဆိုတာ ကြားလို့ ပျော်မိတယ်၊ နဂိုကတည်းက ကိုယ်က ပေါ့ပေါ့ပါးပါးနဲ့ ပျော်ပျော်ရွှင်ရွှင်နေတတ်တာပါ၊ တော်တော် များများကိုလည်း အကောင်းမြင်တဲ့စိတ်နဲ့ပဲ ကြည့်တယ်၊ အဲ့ဒါကြောင့်လားတော့မသိဘူး ကိုယ့်ကို ဘယ်လိုခေါ်မလဲ၊ ဝေဖန်ရှုံ့ချတာမျိုး မရှိဘူးလေ၊ ရိုက်တဲ့ကားတွေမှာလည်း ဟာသကားတွေပဲများပါတယ်”လို့ သူမက ရှင်းပြပါတယ်။

အကယ်ဒမီဆုရွေးချယ်တဲ့အခါ ဟာသဇာတ်ကား တွေကိုလည်း ရွေးချယ်ပေးသင့်ကြောင်း၊ ပရိသတ်တွေအတွက် စိတ်ပျော်ရွှင်မှုလည်းရကာ ယုတ္တိလည်းရှိပြီး ကြည့်ရတာတန်စေမယ့် အရည်အသွေးကောင်း ဟာသကား တွေလည်း အများကြီးရှိကြောင်း၊ ဒါ့ကြောင့် ဟာသကားတွေကိုလည်း ဆုပေးရွေးချယ်တာမျိုးလုပ်ဆောင်သင့်တယ်လို့ သူမရဲ့ ခံစားချက်ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

လတ်တလောမှာ ကားရိုက်တာတွေ သိပ်မရှိပေမယ့် လာမယ့်လထဲတော့ ရှိနိုင်ကြောင်း၊ အကယ်ဒမီပွဲရက်မသိရသေးတာကြောင့် ကားရိုက်ရက်နဲ့ ချိန်ပြီး သွားရောက်အားပေးနိုင်ဖို့ ပြင်ဆင် ထားတာတွေရှိတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဖေဖော်ဝါရီ - ၂၉

( Zawgyi )

လတ္တေလာကာလတြင္ အကယ္ဒမီဆုနဲ႔ပတ္သက္ၿပီး ပရိသတ္ေတြၾကားမွာ သတင္းေတြထြက္ေပၚေနတဲ့ သ႐ုပ္ေဆာင္ ေ႐ႊသမီး ဟာ သူမအေနနဲ႔ နာက်င္ရမွာစိုးတာေၾကာင့္ စိတ္ထဲေပါ့ေပါ့ပဲထားတယ္လို႔ ႐ုပ္ရွင္အခမ္း အနားပြဲ တစ္ခုမွာ ေတြ႕ဆုံစဥ္ေမးျမန္းရာမွာ ေျပာၾကားခဲ့ပါတယ္။

“ေမွ်ာ္လင့္ခ်က္မ်ားရင္ မ်ားမ်ားနာက်င္ရပါတယ္၊ ဒါေၾကာင့္လည္း ေနေနတဲ့ပုံစံေလးအတိုင္းပဲ ေနပါတယ္၊ စိတ္ထဲလည္း ေပါ့ေပါ့ပါးပါးပဲ ထားတယ္၊ စားတယ္၊ ေသာက္တယ္၊ သြားတယ္၊ လာတယ္၊ အခုအခ်ိန္မွာ ေအးေဆးပဲ၊ ေပ်ာ္တယ္ဆိုတာမ်ိဳးလည္း မရွိပါဘူး၊ စိတ္ထဲမွာ အရမ္းႀကီး Serious ႀကီး ျဖစ္မေနဘူး၊ ပုံမွန္အတိုင္း ေအးေဆးပဲ”လို႔ သ႐ုပ္ေဆာင္ ေ႐ႊသမီးက ဆိုပါတယ္။

သူမပါဝင္သ႐ုပ္ေဆာင္ထားတဲ့ “ခ်ည္”လို႔နာမည္ရတဲ့ ႐ုပ္ရွင္ဇာတ္ကားနဲ႔ ပတ္သက္ၿပီး သူမကို ထင္ေၾကးေပးေနၾကသလို သူမကိုအားေပးဝန္းရံၾကတဲ့ ပရိသတ္ေတြအေနနဲ႔လည္း ပိုမိုဝန္းရံ လာတာေတြရွိသလို ႐ုပ္ရွင္ၾကည့္ပရိသတ္အမ်ားစုရဲ႕ ခန႔္မွန္း ေဝဖန္ေျပာဆိုသံေတြ ထြက္ေပၚေနတယ္လို႔ သိရပါတယ္။

“တကယ္တမ္း ပြင့္ပြင့္လင္းလင္းေျပာရင္ အကယ္ဒမီဆိုတာကေတာ့ ရခ်င္တာေပါ့ေနာ္၊ ဒီႏွစ္မွာ ၾကားမိတာက အရမ္းေကာင္းတဲ့ Actor ေတြလည္းမ်ားသလို ဇာတ္ကားေကာင္းေတြလည္း မ်ားပါတယ္၊ ေလာေလာဆယ္မွာ အခုက ကိုယ္က ပရိသတ္ျပန္ျဖစ္ေနၿပီေလ၊ ေစာင့္ၾကည့္ေနတုန္းေပ့ါေနာ္၊ အကယ္ဒမီထဲ ကိုယ္ပါတဲ့ ႐ုပ္ရွင္ကားေလး ရရင္လည္း ေက်နပ္ရမွာပဲေလ၊ ဒါေပမဲ့ အခုေလာေလာဆယ္ေတာ့ ပရိသတ္ေတြက ႀကိဳက္ၾကတယ္၊ အားေပးၾကတယ္ ဆိုတာ ၾကားလို႔ ေပ်ာ္မိတယ္၊ နဂိုကတည္းက ကိုယ္က ေပါ့ေပါ့ပါးပါးနဲ႔ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနတတ္တာပါ၊ ေတာ္ေတာ္ မ်ားမ်ားကိုလည္း အေကာင္းျမင္တဲ့စိတ္နဲ႔ပဲ ၾကည့္တယ္၊ အဲ့ဒါေၾကာင့္လားေတာ့မသိဘူး ကိုယ့္ကို ဘယ္လိုေခၚမလဲ၊ ေဝဖန္ရႈံ႕ခ်တာမ်ိဳး မရွိဘူးေလ၊ ႐ိုက္တဲ့ကားေတြမွာလည္း ဟာသကားေတြပဲမ်ားပါတယ္”လို႔ သူမက ရွင္းျပပါတယ္။

အကယ္ဒမီဆုေ႐ြးခ်ယ္တဲ့အခါ ဟာသဇာတ္ကား ေတြကိုလည္း ေ႐ြးခ်ယ္ေပးသင့္ေၾကာင္း၊ ပရိသတ္ေတြအတြက္ စိတ္ေပ်ာ္႐ႊင္မႈလည္းရကာ ယုတၱိလည္းရွိၿပီး ၾကည့္ရတာတန္ေစမယ့္ အရည္အေသြးေကာင္း ဟာသကား ေတြလည္း အမ်ားႀကီးရွိေၾကာင္း၊ ဒါ့ေၾကာင့္ ဟာသကားေတြကိုလည္း ဆုေပးေ႐ြးခ်ယ္တာမ်ိဳးလုပ္ေဆာင္သင့္တယ္လို႔ သူမရဲ႕ ခံစားခ်က္ကို ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

လတ္တေလာမွာ ကား႐ိုက္တာေတြ သိပ္မရွိေပမယ့္ လာမယ့္လထဲေတာ့ ရွိႏိုင္ေၾကာင္း၊ အကယ္ဒမီပြဲရက္မသိရေသးတာေၾကာင့္ ကား႐ိုက္ရက္နဲ႔ ခ်ိန္ၿပီး သြားေရာက္အားေပးႏိုင္ဖို႔ ျပင္ဆင္ ထားတာေတြရွိတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ေဖေဖာ္ဝါရီ - ၂၉